ကွန်ဒုံးအကျိုးကျေးဇူးများ
– ထိရောက်မှု။ သေချာစွာ အသုံးပြုသည့်အခါ၊ လူ ၁၀၀ တွင် ၉၈ ယောက်ဟာ ကိုယ်ဝန်ဆောင်မှုကို ကာကွယ်နိုင်ပါတယ်။ သို့သော်လည်း လူအများစုဟာ ကွန်ဒုံးကို သေချာစွာ အသုံးမပြုကြပါဘူး – ဒီလိုသုံးစွဲကြသူ ၁၀၀ တွင် ၈၂ ယောက်သာ ကိုယ်ဝန်ကို ကာကွယ်နိုင်မှာပါ။
– STI ကာကွယ်ပေးမှု။ ပြင်ပကွန်ဒုံးအများစုဟာ HIV အပါအဝင် STI ကူးစက်မှုများကို ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ကွန်ဒုံးမှ မဖုံးအုပ်ပေးနိုင်သည့် လိင်အင်္ဂါတဝိုက်တွင် အရေပြားအချင်းချင်း ဘက်တီးရီးယား ကူးစက်မှုဖြစ်နိုင်ပါတယ်။
– ၎င်းတို့ဟာ သုက်လွှတ်စောခြင်းအတွက် ကူညီပေးနိုင်ပါတယ်။
– ၎င််းတို့ဟာ ထိုးသွင်းဆက်ဆံမှုမပြုခင်မှာ လိင်စိတ်တက်ကြွစေနိုင်ပြီး စိတ်အားထက်သန်စေနိုင်ပါတယ်။ သင့်လက်တွဲဖော်နှင့် လိင်ဆက်ဆံခြင်းအကြောင်းပြောဆိုရန် သက်တောင့်သက်သာဖြစ်ပါက၊ သင့်တို့ရဲ့ လိင်မှုရေးရာခံစားမှုကို တိုးမြှင့်နိုင်ရန် ကွန်ဒုံးကို မည်ကဲ့သို့ အသုံးပြုမလဲဆိုတာ ဆွေးနွေးရန် အရေးကြီးပါတယ်။
– ၎င်းဟာ လိင်ဆက်ဆံမှုကို ပိုကြာရှည်စေနိုင်ပါတယ်။ ပြင်ပအမျိုးသားကွန်ဒုံးများဟာ ခံစားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ အချို့ကိစ္စများမှာ ဒီလိုလုပ်ဆောင်ပေးခြင်းက ကောင်းပါတယ်။ (သင်ဟာ အချိန်မတိုင်မှီ သုက်လွှတ်စောခြင်းကို ခံစားနေရတယ်ဆိုရင်၊ ကွန်ဒုံးတွေက ပိုပြီးကြာရှည်ခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။)
– ဆရာဝန်ညွှန်ကြားမှုမလိုအပ်ပါ။
– စျေးနှုန်းသက်သာပြီး ဝယ်ယူရလွယ်ကူပါတယ်။ ရာဘာစေးကွန်ဒုံးများဟာ စျေးနှုန်းသက်သာပြီးတော့ ရံဖန်ရံခါမှာ အခမဲ့တောင် ရရှိနိုင်ပါတယ်။ မည်သည့်နေရာမှာမဆို ကွန်ဒုံးများကို ဝယ်ယူနိုင်ပြီး မတူညီတဲ့ အမျိုးအစားများစွာလည်း ရရှိနိုင်ပါတယ်။
– ၎င်းတို့ (ရာဘာစေးကွန်ဒုံးများ) ဟာ ခန္ဓာကိုယ်အပူပိုထွက်စေပြီး လိင်ဆက်ဆံနေစဥ်အတွင်း ခံစားမှုပိုရစေနိုင်ပါတယ်။ Polyurethane (ရာဘာစေးမဟုတ်သည့်) ကွန်ဒုံးများဟာ ပိုမို ပါးလွှာပြီး အံဝင်ခွင်ကျ ပိုဖြစ်လွယ်ပါတယ်။ ရာဘာစေးကွန်ဒုံးများနဲ့ မတူပဲ ၎င်းတို့ဟာ ပျက်စီးခြင်းကို ပိုခံနိုင်ရည်ရှိပြီး ဆီ-အခြေခံ ချောဆီများနှင့် တွဲဖက်သုံးနိုင်ပါတယ်။
– ၎င်းတို့ကို သွားအကာ အဖြစ်လည်း သုံးနိုင်ပါသေးတယ်။ သွားအကာ ဟာ ရာဘာစေး သို့မဟုတ် polyurethane အလွှာပါးဖြစ်ပြီး ပါးစပ်ဖြင့်လိင်ဆက်ဆံနေစဥ်အတွင်း STI ကူးစက်နိုင်ခြင်းကို လျှော့ချရန် သုံးပါတယ်။ ၎င်းဟာ ပါးစပ် နှင့် သင့်လက်တွဲဖော်၏ လိင်အင်္ဂါ သို့မဟုတ် စအိုအကြား အကာအကွယ်အဖြစ် လုပ်ဆောင်ပေးပါတယ်။