မအင်္ဂါဖြင့်လိင်ဆက်ဆံပြီးတဲ့နောက် ခြောက်နာရီအကြာမှာ သင်ဟာ ၎င်းကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းများအတိုင်းဖယ်ရှားနိုင်ပါတယ် :
– သင့်လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့်ဆေးပါ။ လေဖြင့်အခြောက်ခံပါ။
– ငုတ်တုတ်ထိုင်ပါ။ သင့်မအင်္ဂါအတွင်းသို့ လက်ချောင်းတချောင်းထည့်ပါ။ ဖယ်ရှားရေးအကွင်းကိုရှာကိုင်ပြီး အစွပ်ကိုလှည့်ပါ။
– စုပ်အားကိုဖျက်ပစ်ရန် အဖုံးကို သင့်လက်ချောင်းနှင့် အနည်းငယ်ဖိပါ။
– အကွင်းအတွင်း သင့်လက်ချောင်းထည့်ပြီး အစွပ်ကို ထုတ်ယူပါ။
– သင်ထုတ်ယူပြီးနောက်မှာ၊ ၎င်းကို အားပျော့သော ဆပ်ပြာ၊ ရေနွေးတို့ဖြင့်ဆေးပါ၊ ပြီးနောက် လေဖြင့် အခြောက်ခံပါ။
– သင့်အစွပ်ပေါ်မှာ ပေါင်ဒါများမဖြူးပါနှင့် – ၎င်းတို့ဟာ ပိုးဝင်ခြင်းဖြစ်စေနိုင်ပါတယ်။
– ၎င်းဟာ အရောင်ပျောက်သွားရင်လည်း စိတ်မပူပါနှင့်။ ဆက်ပြီးအလုပ်လုပ်ဦးမှာဖြစ်ပါတယ်။
ဒီနည်းလမ်းအသုံးပြုခြင်းကြောင့် သင်ဟာ မအီမသာခံစားရရင်၊ အခြားနည်းလမ်းပြောင်းလဲသုံးစွဲဖို့ စဥ်းစားနိုင်ပါတယ်။
လူတိုင်းက မတူကြပါဘူး။ သင်ကြုံတွေ့ရတဲ့ အရာဟာ အခြားသူတစ်ဦးနဲ့ မတူနိုင်ပါဘူး (၅)။
သားအိမ်ခေါင်းအစွပ်ဟာ ဘယ်လောက်ကြာကြာခံသလဲ?
သင့်ရဲ့အစွပ်ကို ကောင်းမွန်စွာ ဂရုစိုက်ပါက၊ ၎င်းဟာ နှစ်နှစ်အထိ ခံနိုင်ပါတယ်။ အစွပ်မှာ အပေါက်များ သို့မဟုတ် အပြဲများတွေ့ပါက အစွပ်ကို လဲလှယ်ပါ။