သားအိမ်ခေါင််းအစွပ်မှာ ပြင်းထန်သော ခန္ဓာကိုယ်ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ သုံးစွဲမှုရပ်တန့်လိုက်တာနဲ့ ပျောက်သွားသော အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါတယ်
– မအင်္ဂါ သို့မဟုတ် အသားအရေ ယားယံခြင်း၊
– ပိုအဖြစ်များလာသော ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊
– သုက်သတ်ဆေး သို့မဟုတ် အစွပ်ပြုလုပ်ထားသော ဆီလီကွန်အသားများနှင့် ဓာတ်မတည့်ခြင်း၊
– ပုံမှန်မဟုတ်သည့် မအင်္ဂါပစ္စည်းဆင်းခြင်း (မအင်္ဂါအတွင်း အလွန်ကြာမြင့်စွာရှိနေသည့်အခါဖြစ်ပါတယ်)၊
– မအင်္ဂါ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် မှိုဖြစ်ခြင်း (အဖြစ်နည်းသည်)၊ နှင့်
– အဆိပ်တက်ခြင်းရောဂါ (အလွန်ရှားပါးသည့်အခြေအနေများတွင်) (၇)။
သားအိမ်ခေါင်းအစွပ်၏ဆိုးကျိုးများ
– ၎င်းဟာ အားစိုက်ထုတ်မှုအများအပြားလိုအပ်ပါတယ်။ သင်လိင်ဆက်ဆံသည့်အခါအတိုင်း မအင်္ဂါအတွင်းရှိနေရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းအစွပ်ထည့်သွင်းခြင်းဟာ အချိန်ယူနိုင်ပြီး အချို့အမျိုးသမီးများဟာ ထည့်သွင်းရာမှာ အခက်တွေ့ကြပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ ကြိမ်ဖန်များစွာလိင်ဆက်ဆံတယ်ဆိုရင် ကောင်းမွန်တဲ့ ရွေးချယ်မှုမဟုတ်ပါဘူး။
– သင့်အနေနဲ့ ကလေးမီးမဖွားဖူးဘူးဆိုရင် သားအိမ်ခေါင်းအစွပ်များဟာ ပိုပြီး ထိရောက်ပါတယ်။
– အချို့နေရာများမှာ၊ သင်ဟာ အစွပ်ကို ရယူနိုင်ဖို့ ဆရာဝန်ဆေးစာလိုအပ်ပါတယ်။
– ၎င်းဟာ ကြီးမားတဲ့လိင်တံများ၊ ပြင်းထန်တဲ့ထိုးသွင်းမှု သို့မဟုတ် အချို့သောလိင်ဆက်ဆံခြင်းအနေအထားများကြောင့် နေရာရွေ့နိုင်ပါတယ်။
-ဤနည်းလမ်းကိုအသုံးပြုရန်အတွက်သင်ဟာ ပထမဆုံး သင့်ခန္ဓာကိုယ်နှင့် သက်တောင့်သက်သာဖြစ်ရန်လိုအပ်ပါတယ်။ အကယ်၍ သင့်ရဲ့ မအင်္ဂါအတွင်း လက်ချောင်းများထည့်သွင်းရန် အဆင်မပြေဘူးဆိုရင်တော့၊ အခြားနည်းလမ်းအသုံးပြုရန် စဥ်းစားပါ။
– ၎င်းဟာ တကိုယ်ရည်စည်းကမ်း နှင့် ပြင်ဆင်မှု အနည်းငယ်လိုအပ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံသည့်အခါတိုင်း သင့်ရဲ့ သားအိမ်ခေါင်းအစွပ်ကို ထည့်သွင်းဖို့ သတိရရန်လိုအပ်ပါတယ်။
– သင့်အနေနဲ့ အရက်မူးနေတယ်ဆိုရင် သုံးစွဲဖို့ သတိရရန် ခက်ခဲပါတယ်။
သားအိမ်ခေါင်းအစွပ်ဟာ လိင်မှတဆင့်ကူးစက်သောရောဂါများ (STI)မှ ကာကွယ်ပေးပါသလား?
သားအိမ်ခေါင်းအစွပ်ဟာ STI များမှ မကာကွယ်ပေးပါဘူး၊ သို့သော်လည်း Diaphragm သန္ဓေတားနည်းလမ်းနှင့် နှိုင်းယှဥ်ပါက၊ သားအိမ်ခေါင်းအစွပ်များဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။
တစ်ရက်အတွင်း သုက်သတ်ဆေးများကို ကြိမ်ဖန်များစွာ သုံးစွဲခြင်းဟာ HIV အပါအဝင် STI ကူးစက်မှု ပိုလွယ်စေနိုင်သည့် ယားယံနာကျင်ခြင်းဖြစ်စေနိုင်ပါတယ်။ ၎င်းအား အမျိုးသမီးအတွင်း သို့မဟုတ် အမျိုးသားပြင်ပကွန်ဒုံးများနှင့် တွဲဖက်သုံဂစွဲပြီး ပိုးဝင်နိုင်သည့် အန္တရာယ်ကို လျှော့ချပါ။