ကျန်းမာရေးအကျိုးကျေးဇူးများ
– ဟော်မုန်းမပါဝင်ခြင်း။
– ကလေးနို့တိုက်နေချိန်မှာလည်း ၎င်းကို သင်အသုံးပြုနိုင်ပါတယ်။
– ၎င်းဟာ chlamydia နှင့် ဆီးပူညောင်းကျကဲ့သို့ STI များကို ကူညီကာကွယ်ပေးပါတယ်။
– Diaphragm တခုကဲ့သို့ပဲ၊ ၎င်းဟာ သားအိမ်ခေါင်းကင်ဆာ နှင့် ပုံမှန်မဟုတ်သည့်ဆဲလ်များမှ ကာကွယ်ပေးပါတယ်။
– သင်ဟာ သားအိမ်ခေါင်းအစွပ်သုံးစွဲမှုရပ်တန့်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ရန် အဆင်သင့်မဖြစ်သေးပါက သင့်ကိုယ်သင်အခြားနည်းလမ်းတခုနှင့်ချက်ချင်းကာကွယ်ပါ။
လူမှုဘဝအကျိုးကျေးဇူးများ
– လိင်မှုဆိုင်ရာစိတ်မြန်ခြင်းဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံမှုမှာ အနှောင့်အယှက်မဖြစ်စေရန်အတွက် သင်ဟာ သင့်ရဲ့ သားအိမ်ခေါင်းအစွပ်ကို နာရီပေါင်းများစွာ ကြိုတင်ပြီး ထည့်ထားနိုင်ပါတယ်။
– သားအိမ်ခေါင်းအစွပ်ထည့်ထားတဲ့အချိန်အတွင်းမှာ သင်ဟာ သုက်သတ်ဆေးထည့်နေသမျှ လိင်ဆက်ဆံမှုကို စိတ်ကြိုက်အကြိမ်ရေပြုလုပ်နိုင်ပါတယ်။
– ၎င််းဟာ အမျိုးသမီးမှ ထိန်းချုပ်နိုင်တဲ့ သန္ဓေတားနည်းလမ်းဖြစ်ပါတယ်။
– ၎င်းကို သင်နဲ့အတူဆောင်သွားလို့ရပါတယ်၊ မှတ်မိဖို့လည်း လွယ်ကူနိုင်ပါတယ်။
– သင််ဟာ လိင်ဆက်ဆံမှုပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် ၎င်းဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကယ်၍သင်ဟာ တပတ်လျှ၍် တကြိမ် သို့မဟုတ် နှစ်ကြိမ်သာ လိင်ဆက်ဆံတယ်ဆိုရင်၊ ဒီဟာက ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ်။ သင်ဟာ ထည့်သွင်းပြီး ၄၈ နာရီအထိ ထားရှိနိုင်ပါတယ် (၆)။