သားအိိမ်ခေါင်းအစွပ်ကိုထည့်သွင်းခြင်းဟာ မအင်္ဂါထည့်အကာအကွယ်ပစ္စည်း diaphragm ထည့်သွင်းတာနဲ့ ဆင်တူပါတယ်။ သင်ဟာ သားအိမ်ခေါင်းအစွပ်ကို လိင်မဆက်ဆံခင် ၄၂ နာရီအတွင်း မည်သည့်အချိန်မှာမဆို ထည့်သွင်းနိုင်ပါတယ်။
– ပထမဆုံးအနေနှင့်၊ သင့်လက်များကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာဆေးပါ။ လေဖြင့်အခြောက်ခံပါ။
– သင့်ရဲ့ သားအိမ််ခေါင်းအစွပ်ကို အပေါက်များ နှင့် အားနည်းသော နေရာများရှိ၊ မရှိ စစ်ဆေးပါ။ သန့်ရှင်းသော ရေထည့်ခြင်းက စစ်ဆေးဖို့ နည်းလမ်းကောင်းဖြစ်ပါတယ် – ရေစိမ့်နေရင်တော့၊ အပေါက်ရှိနေပါပြီ။
– သုက်သတ်ဆေး ၁ မီလီလီတာမှ ၂ မီလီလီတာကို အစွပ်၏ အခုံးလေးထဲထည့်ပါ။ အဝအနားတဝိုက်မှာ ဆေးအချို့ကို သုတ်လိမ်းပါ။
– ၎င်းကို ဖယ်ရှားရေးအကွင်းရှိသည့် အခြမ်းသို့ လှန်ပါ၊ ပြီးနောက် အဝ နှင့် အခုံးကြား နေရာအတွင်းသို့ နောက်ထပ် ၂-၃ မီလီလီတာကို ထပ်ထည့်ပါ။
– ထိုင်ပါ သို့မဟုတ် မတ်တပ်ရပ်ပါ၊ သို့သော် သင့်ခြေထောက်များကို ကားထားပါ။ သင့်ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို မအင်္ဂါအတွင်းထည့်ပါ။ သင့်ရဲ့ သားအိမ်ခေါင်းကိုရှာပါ၊ သို့မှသာ အစွပ်ထည့်သွင်းရမည့်နေရာကို သိရှိမှာဖြစ်ပါတယ်။ သင့်မအင်္ဂါရဲ့ ပြင်ပနှုတ်ခမ်းများကို လက်တဖက်ဖြင့် ဟထားပါ။ အခြားလက်အား အစွပ်၏အဝကို အတူတကွညှစ်ရန်အသုံးပြုပါ။ အစွပ်ကို ထည့်ပါ၊ အခုံးဖက်ဟာ အောက်ဖက်မှာဖြစ်ရပါမယ်၊ အဝဖက်နဲ့ အရင်သွင်းရပါမယ်။
– သင့် စအိုဖက်သို့ တွန်းထည့်ပါ၊ ပြီးအောက် သင့်ရဲ့ သားအိမ်ခေါင်းဆီသို့ အပေါ်ဖက်ကို ထည့်ပါ။ သင့်ရဲ့ သားအိမ်ခေါင်းကို လုံးဝဖုံးအုပ်ထားကြောင်းသေချာပါစေ။ အခုံးကို ညင်သာစွာဖိပြီး စုပ်အားဖြစ်ပေါ်ကာ အစွပ်ကို အလုံပိတ်စေပါ (၃)။
အစွပ်ထိရောက်စေရန်အတွက်၊ သင်ဟာ လိင်ဆက်ဆံပြီးနောက် ခြောက်နာရီအထိ နဂိုနေရာမှာ ထားရှိရမှာဖြစ်ပါတယ်။ သင်ဟာ တစ်ကြိမ်ထက်ပိုပြီး လိင်ဆက်ဆံမယ်ဆိုရင်၊ အစွပ်ရဲ့ တည်နေရာကို စစ်ကြည့်ပါ၊ ပြီးနောက် လိင်မဆက်ဆံခင်မှာ သုက်သတ်ဆေးများကို ပိုသုံးပါ။ သုတ်သက်ဆေးများပိုထည့်တဲ့အချိန်မှာ အစွပ်ကို ဖယ်ရှားစရာမလိုပါဘူး။
သင့်ရဲ့အစွပ်ကို ၄၈ နာရီထက်ပိုပြီးတော့ မအင်္ဂါအတွင်းမှာ မထားပါနှင့်။ ၄၈ နာရီထက်ပိုပြီးထားခြင်းဟာ အဆိပ်တက်ခြင်းရောဂါ (toxic shock syndrome) ဖြစ်စေနိုင်ပါတယ်။ ၎င်းဟာ မအင်္ဂါပစ္စည်းဆင်းခြင်း နှင့် အနံ့တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
သင့်ရဲ့ဓမ္မတာလာနေစဥ်အတွင်း သားအိမ်ခေါင်းအစွပ်သုံးစွဲခြင်းကို ရှောင်ရှားပါ။ အဆိပ်တက်ခြင်းရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရှိလို့ဖြစ်ပါတယ်။
သင်ဟာ လိင်မဆက်ဆံခင် နှစ်နာရီအတွင်းမှာ အစွပ်ကို မထည့်သွင်းခဲ့ရင်၊ လိင်ဆက်ဆံပြီးနောက် အနည်းဆုံး ခြောက်နာရီအထိ နဂိုနေရာမှာမထားခဲ့ရင်၊ မှန်ကန်စွာမထည့်သွင်းခဲ့ရင်၊ သုက်သတ်ဆေးနဲ့ တွဲပြီးမသုံးခဲ့ရင်၊ ပြန်ထုတ်ချိန်မှာ အစွပ်မှာ အပေါက်များ သို့မဟုတ် ပြဲနေတာရှိကြောင်းတွေ့ခဲ့ရင် ကိုယ်ဝန်ဆောင်ရနိုင်ချေ ပိုများပါတယ်။ ဒီလိုဖြစ်ပေါ်ပါက၊ ပြီးတော့ သင့်အနေနဲ့ ကိုယ်ဝန်မဆောင်ချင်ပါက၊ သင်ဟာ အရေးပေါ်သန္ဓေတားဆေးကို ချက်ချင်းသောက်ရပါမယ် (၄)။