သားအိမ်ခေါင်းအစွပ်ဆိုတာဘာလဲ?
သားအိမ််ခေါင်းအစွပ်ဆိုတာ သားအိမ်ခေါင်းကို တင်းတင်းကျပ်ကျပ်ဖုံးအုပ်ထားသော ပျော့ပျောင်းပြီးအပေါက်ဖြစ်သည့် ရာဘာစေး သို့မဟုတ် ပလတ်စတစ်အစွပ်ဖြစ်ပါတယ်။
– Small အရွယ်အစားကို ကိုယ်ဝန်လုံးဝမဆောင်ဖူးသည့် အမျိုးသမီးများအတွက် အကြံပေးထားပါတယ်။
– Medium အရွယ်အစားကို ကိုယ်ဝန်ဖျက်ချဖူးသူ၊ ကိုယ်ဝန်ပျက်ကျဖူးသူ သို့မဟုတ် ဗိုက်ခွဲမီးဖွားဖူးသူ အမျိုးသမီးများအတွက် အကြံပေးထားပါတယ်။
– Large အရွယ်အစားကို မအင်္ဂါမှ တဆင့် ကလေးမီးဖွားဖူးသည့် အမျိုးသမီးများအတွက် အကြံပေးပါတယ်။
သင့်အတွက် မှန်ကန်တဲ့အရွယ်အစားဖြစ်ကြောင်းသေချာစေရန်၊ သင်ဟာ အထူးလေ့ကျင့်ထားသည့်ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တပ်ဆင်ရန်လိုအပ်နိုင်ပါတယ်။ ဗီဒီယိုညွှန်ကြားချက်များကဲ့သို့ အခြားအရင်းအမြစ်များကလည်း အစွပ်မည်ကဲ့သို့ထည့်သွင်းရမည်ကို သင့်အား ကူညီသင်ကြားပေးနိုင်ပါတယ်။
သားအိမ်ခေါင််းအစွပ်ထိရောက်ရန်အတွက်၊ သင်ဟာ လိင်ဆက်ဆံသည့်အခါတိုင်း ထည့်သွင်းရန်လိုအပ်ပါတယ်။
သားအိမ််ခေါင်းအစွပ်ဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ?
သားအိမ်ခေါင်းအစွပ်ဟာ သုက်ကောင်များ နှင့် သားအိမ်ခေါင်း (စုပ်အားဖြင့် ၎င်းအားတပ်ဆင်ထားသောနေရာ) အကြား အကာအကွယ်အဖြစ်လုပ်ဆောင်ပေးပါတယ်။ သားအိမ်ခေါင်းကို ဖြတ်သန်းရန် ကြိုးစားသည့် မည်သည့်သုက်ကောင်မဆိုအား မဖြတ်ခင် ဖျက်ဆီးပေးခြင်း သို့မဟုတ် ရပ်တန့်စေခြင်း ဖြစ်စေရန် သုက်သတ်ဆေးနှင့်တွဲဖက်သုံးစွဲသည့်အခါ သားအိမ်ခေါင်းဟာ အကောင်းဆုံးအလုပ်လုပ်ပါတယ်။
သားအိမ်ခေါင်းအစွပ်ဟာ ဘယ်လောက်ထိရောက်ပါသလဲ?
သားအိမ်ခေါင်းအစွပ်ဟာ ထည့်သွင်းပြီးပြီးချင်း သန္ဓေတားရာမှာထိရောက်ပါတယ်။ သို့သော်လည်း ၎င်းဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းများမှ တခုမဟုတ်ပါဘူး။ သုက်သတ်ဆေးနှင့်တွဲဖက်သုံးစွဲသည့်အခါ ၎င်းဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ ၎င်းရဲ့ ထိရောက်မှုဟာ ကလေးမီးဖွားပြီးခြင်း ရှိ၊ မရှိအပေါ်လည်း မူတည်ပါတယ်။ ကလေးမီးမဖွားဖူးသည့်အမျိုးသမီးများမှာ သားအိမ််ခေါင်းအစွပ်ရဲ့ ထိရောက်မှုဟာ ပိုများပါတယ်။
သင်ဟာ ကလေးမီးဖွားဖူးတယ်ဆိုရင်၊ သားအိမ်ခေါင်းအစွပ်ဟာ ထိရောက်မှုအနည်းဆုံးသန္ဓေတားနည်းလမ်းများထဲမှ တခုဖြစ်ပါတယ်။ ဒီလိုအမျိုးသမီးအမျိုးအစားများမှ ပုံမှန်အတိုင်းသုံးစွဲသည့်အခါ၊ ၎င်းဟာ ၆၈% ထိရောက်ပါတယ်။ ဆိုလိုသည်မှာ ဤနည်းလမ်းကိုသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၃၂ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရကြပါတယ်။ ပြီးပြည့်စုံသည့် သုံးစွဲမှုနှင့်အတူ ၎င်းဟာ ကိုယ်ဝန်တားဆီးပေးရာမှာ ၇၄% ထိရောက်ပါတယ်၊ ဤနည်းလမ်းကို မှန်ကန်စွာ သုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၂၆ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
သင်ဟာ ကလေးမီးမဖွားဖူးဘူးဆိုရင် အစွပ်ဟာ ပုံမှန်သုံးစွဲမှုအတွက် ၈၄% ထိရောက်ပါတယ်။ဆိုလိုသည်မှာ ဒီနည်းလမ်းသုံးစွဲသူ အမျိုးသမီး ၁၀၀ မှာ ၁၆ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ မှန်ကန်တဲ့သုံးစွဲမှုနဲ့အတူ၊ ၎င်းဟာ ၉၁% ထိရောက်ပါတယ်။ ဒီနည်းလမ်းကို သုံးစွဲကြတဲ့ အမျိုးသမီး ၁၀၀ မှာ ၉ ယောက်ဟာ သုံးစွဲသည့် ပထမနှစ်အတွင်း ကိုယ်ဝန်ရနိုင်တယ်လို့ဆိုလိုပါတယ်။
အစွပ်ကိုဖယ်ရှားပြီးနောက်မှာ ချက်ချင်းပြန်လည်မျိုးအောင်နိုင်မှာဖြစ်ပါတယ် (၂)။
သားအိမ်ခေါင်းအစွပ်ကို မည်သူတွေအသုံးပြုနိုင်မလဲ?
– ၎င်းဟာ ကျန်းမာရေးအကြောင်းပြချက်များ သို့မဟုတ် နှစ်သက်မှုများကြောင့် ဟော်မုန်းသန္ဓေတားနည်းလမ်းအသုံးမပြုနိုင်တဲ့ အမျိုးသမီးများအတွက် ကောင်းမွန်တဲ့ ရွေးချယ်နိုင်စရာဖြစ်ပါတယ်။
– ကိုယ်ဝန်ရနိုင်ချေကို စိတ်မရှိတဲ့ အတွဲများ။
– လိင်ဆက်ဆံမှုပုံမှန်ပြုလုပ်ခြင်းပဲ ရံဖန်ရံခါ အကာအကွယ်သာ လိုအပ်သူအမျိုးသမီးများ။
– ဆေးလုံးသောက်ရန်မေ့သွားသော၊ အခြားသန္ဓေတားနည်းလမ်းထိရောက်လာသည့်အချိန်ကို စောင့်ဆိုင်းနေသော၊ သို့မဟုတ် ပုံမှန်သန္ဓေတားနည်းလမ်းကို ထိခိုက်စေသည့် ဆေးများသောက်နေရသော အရံသန္ဓေတားနည်းလမ်းလိုအပ်သည့်အမျိုးသမီးများ။
– ကလေးမီးဖွားပြီးနောက် ၆ ပတ်ထက်ပိုနေပြီဖြစ်သည့် အမျိုးသမီးများ။ ကလေးမီးဖွားပြီး သိပ်မကြာသေးမှီမှာ သားအိမ်ခေါင်းအစွပ်ဟာ ထိရောက်မှုနည်းပါမယ်။ ကလေးမီးဖွားပြီးနောက် ၆ ပတ်အကြာမှာတော့ သားအိမ်ခေါင်းဟာ ပုံမှန်အရွယ်အစားကို ပြန်လည်ရောက်ရှိမှာဖြစ်ပြီး အစွပ်ကို သုံးစွဲဖို့ အန္တရာယ်ကင်းပါမယ်။ ၎င်းဟာ မိခင်နို့ထွက်ခြင်း သို့မဟုတ် ကလေးဖွံ့ဖြိုးခြင်းတို့အတွက် မထိခိုက်စေပါဘူး။ ကလေးမီးဖွားပြီးနောက် အခြားအစွပ်တခုနှင့် အရွယ်အစားချိန်ညှိမှုပြုလုပ်ရပါလိမ့်မယ်။
– ရာဘာစေးဓာတ်မတည့်မှု သို့မဟုတ် အဆင်မပြေမှုရှိသော နို့တိုက်နေသည့်မိခင်များ။