ဆေးသောက်ပြီး ဝမ်းလျှောဖြစ်ရင် ဘာလုပ်ရမလဲ။

တစ်ခါတစ်ရံဝမ်းလျှောခြင်းသည်သင်၏ဆေးလုံးအလုပ်လုပ်သည်ကို သက်ရောက်လိမ့်မည်မဟုတ်ပါ။
(တစ်နေ့လျှင်အကြိမ်များစွာ)အပြင်းအထန်ဝမ်းလျှောပါက ဆေးလုံး၏အလုပ်ကို အကျိုးသက်ရောက်နိုင်သည်။
အပြင်းအထန်ဝမ်းလျှောပါက (ကွန်ဒုံးကဲ့သို့) ဒုတိယနည်းလမ်းကိုအသုံးပြုသင့်ပါတယ်။ သင် နေမကောင်းဖြစ်စဉ်နှင့်ပြန်လည်ကျန်းမာလာပြီး ၇ ရက်အထိ အရံနည်းလမ်းကို လိင်ဆက်ဆံတိုင်းသုံးပါ။
အလုပ်မဖြစ်သေးဘူးလား။ ဆေးသောက်ရန်မေ့ခြင်း၊ ဆေးသောက်ပြီးပြီးချင်းအန်ပစ်ခြင်း သို့မဟုတ် ၀မ်းပျက်ဝမ်းလျှောခြင်းများသည် ဆေးလုံး၏ ၉% အလုပ်မဖြစ်သည့် အကြောင်းရင်းများဖြစ်သည်။ အလွန်အမင်းစိုးရိမ်ရပါက အရန်နည်းလမ်းကိုအသုံးပြုပါ။ နောက်ရွေးချယ်ခွင့်တစ်ခုမှာ သိပ်အားထုတ်စရာမလိုသော နည်းလမ်းသို့ပြောင်းရန်ဖြစ်သည်။
အခြားနည်းလမ်းသုံးမယ်- ကွန်ဒုံး၊, implant, IUD, အဝိုင်းကွင်း.