နှစ်ပေါင်းများစွာ မပျက်မကွက် ဆေးသောက်သုံးခြင်းသည် အန္တရာယ်ကင်းပါလား?

သင်ကိုယ်ဝန်ရလိုလျှင်, သောက်ဆေးကိုသာ ရပ်တန့်ပါ။ နှစ်ပေါင်းများစွာ သန္ဓေတားသောက်ဆေးများနှင့် ပတ်သက်၍ သုတေသနပြုချက်အရ ဆေးလုံးကိုနှစ်ပေါင်းများစွာသုံးခြင်းသည် ဆေးရပ်သည်နှင့်တပြိုင်နက်ကိုယ်ဝန်ရနိုင်စွမ်းကို ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။
သင်သည် သွေးစက်ကျဆင်းခြင်း ကြုံတွေ့ရပါက ဆေးခဏနားခြင်းဖြင့် တစ်ခါတစ်ရံအဆင်ပြေနိုင်သည်။ ခဏနားမည်ဆိုပါက ဆေးကို ၃ရက်မှ -၇ ရက်ထိ မသောက်ပဲနေပါ။ ဆေးနားထားစဉ် နှင့် စတင်ဆေးပြန်သောက်ပြီးနောက် ခုနစ်ရက်ထိ ကွန်ဒုံးကဲ့သို့သော နောက်ထပ်နည်းလမ်းတခုကို လိင်ဆက်ဆံတိုင်းသုံးပါ ။
အလုပ်မဖြစ်သေးဘူးလား။ သင်သည် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးသောက်ရန်အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေရှိပါက ပရိုဂျက်စတင်သီးသန့် နည်းလမ်းကို အသုံးပြုရန်စဉ်းစားပါ။
အခြားနည်းလမ်းသုံးမယ်- implant, IUD, ထိုးဆေး.


ကိုးကား:

  1. World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1