ယောက်ျားက အတွင်းကကွင်းကို ခံစားမိတယ်ဆိုပါက မိန်းမကိုယ်ထဲ (သို့) စအိုထဲ လုံလုံလောက်လောက် မသွင်းထားလို့ ဖြစ်နိုင်ပါတယ်။ နည်းနည်းဝေးသွားအောင် တွန်းပြီးစမ်းပါ။
အလုပ်မဖြစ်သေးဘူးလား။ နှစ်ဦးသဘောတူပါက အမျိုးသားသုံးကွန်ဒုံးကိုပြောင်းသုံးပါ။ ၎င်းတို့က STIs လိင်မှတဆင့်ကူးစက်သောရောဂါများ မှလည်း ကာကွယ်ပေးပါမည်။
ကိုယ့်အဖော်နဲ့ STIs လိင်မှတဆင့်ကူးစက်သောရောဂါများလည်း ပူစရာမလိုဘူးဆိုရင် ခြားခံမလိုတဲ့နည်းကို ပြောင်းလိုကပြောင်းပါ။ ထိုးဆေးနဲ့ implant ကလဲ နှစ်ခုလုံး အလွန်ထိရောက်ပါတယ်။
အခြားနည်းလမ်းသုံးမယ်- အမျိုးသားသုံးကွန်ဒုံး, implant, ထိုးဆေး.
References:
- Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 5: Barrier Methods. JOGC Journal of Obstetrics and Gynaecology Canada , 37. Retrieved from https://www.jogc.com/article/S1701-2163(16)39376-8/pdf