lang Burmese

  • English
  • French
  • Burmese
  • ကျွန်ုပ်တို့အကြောင်း
  • ငါ့နည်းလမ်းကို ရှာပါ
  • နည်းလမ်းများကို နှိုင်းယှဉ်ပါ
  • SRHR အရင်းအမြစ်များ
  • FAQs
  • ဖိုရမ်

အကယ်၍ အခြားအချိန်မတူသော‌ဒေသသို့ ခရီးသွားလျှင် ဘာလုပ်ရမည်နည်း။ ဆေးသောက်ချိန်ညှိဖို့ လိုပါသလား။

မကြာခဏမေးသောမေးခွန်းများ » ဆေးလုံး » အကယ်၍ အခြားအချိန်မတူသော‌ဒေသသို့ ခရီးသွားလျှင် ဘာလုပ်ရမည်နည်း။ ဆေးသောက်ချိန်ညှိဖို့ လိုပါသလား။

အကယ်၍ အခြားအချိန်မတူသော‌ဒေသသို့ ခရီးသွားလျှင် ဘာလုပ်ရမည်နည်း။ ဆေးသောက်ချိန်ညှိဖို့ လိုပါသလား။

ရွေးချယ်ခွင့်များရှိပါတယ်။[1]:

ရွေးချယ်ခွင့် ၁- မိမိနေရင်းနိုင်ငံ၏အချိန်အတိုင်းပဲထားရန်

သင်နေရင်းနိုင်ငံ၏အချိန်တွင် မည်သည့်အချိန်ရောက်သည်ကိုခန့်မှန်းပြီး ထိုအချိန်တွင်သောက်ပါ။ ဥပမာအားဖြင့်၊ အကယ်၍ သင်သည်မက္ကဆီကိုစီးတီးတွင် နေထိုင်ပြီး ၆ နာရီရှေ့ရောက်နေသောမော်ရိုကိုသို့သွားလျှင်၊ သင့်ဆေးကို ပုံမှန်ထက် ၆ နာရီနောက်ကျမှသာ သောက်သင့်သည်။ ထို့ကြောင့်မက္ကဆီကိုရှိ မနက် ၉ နာရီတွင် သင်ဆေးသောက်လျှင် မော်ရိုကိုတွင် ညနေ ၃ နာရီတွင် သောက်သင့်သည်။
သင်၏ဖုန်းတွင်အချက်ပြခြင်းဖြင့် သင်ဆေးသောက်ရန်မှတ်ထားပါက သင်လမ်းခရီးတွင်ရှိစဉ် လိုအပ်သလိုချိန်ညှိပါ။

ရွေးချယ်ခွင့် ၂- အချိန်ဇုန်အသစ်အတိုင်း ညှိယူခြင်း

ပိုမိုလွယ်ကူလျှင် (သို့) နေရာအသစ်သို့အချိန်ကြာမြင့်စွာ သွားနေပါက ဆေးမသောက်ပဲ ၂၄ နာရီကျော်မသွားပါက သင်၏အချိန်ဇယားကိုပြောင်းနိုင်သည်။ ဒါ့ကြောင့်သင်ဟာမက္ကဆီကိုစီးတီးမှာနေထိုင်ပြီး မော်ရိုကိုသို့သွားရောက်ရာ မနက် ၉ နာရီအချိန်တိုင်း နေထိုင်လိုပါက သင့်နောက်ဆေးလုံးကိုမော်ရိုကိုမနက် ၉ နာရီတွင် (မက္ကဆီကိုနောက်ဆုံးဆေးလုံးပြီး ၁၈ နာရီ) သောက်သုံးခြင်းဟာ လုံးဝအဆင်ပြေပါတယ်။

သင်၏ခရီးဝေးကို နောက်ဆေးထုပ်အသစ်တခု စ သောက်သည်ထိ ကြာမည်ဆိုလျှင် သင်ဆေးလုံးသစ်တစ်ထုပ် သင်အိတ်ထဲတွင်ထဲ့သွားရန် မမေ့ပါနှင့်။ အကယ်၍ သင်၏ဆေးလုံးထုပ် မပါရှိပဲ ရုတ်တရက်ခရီးသွားရလျှင်၊ (ဥပမာ၊ သင်သည် ဘေးအန္တရာယ်ကျရောက်သောနေရာ၌ရှိနေသည်) ဆိုလျှင် သင့်ဒေသအသစ်ရှိဒေသခံကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ရပ်ရွာကျန်းမာရေးပံ့ပိုးသူကို အမြန်ဆုံးရှာဖွေရန်ကြိုးစားပါ။ ကွန်ဒုံးကဲ့သို့သောအခြားရွေးချယ်ခွင့်များကိုသင်မရရှိနိုင်ပါက ထိုအချိန်တွင်သဘာဝနည်းလမ်းများအသုံးပြုပါ။

အလုပ်မဖြစ်သေးဘူးလား။ အကယ်၍ သင်သည် မကြာခဏ ခရီးသွားရပြီး ဟော်မုန်းပါသောနည်းလမ်းကို နှစ်သက်ပါက အဝိုင်းကွင်း (သို့) ကပ်ခွာပြား သို့ ပြောင်းရန်စဉ်းစားဖို့လိုလိမ့်မည်။ သို့မှသာ အချိန်ဇုန်အတိုင်းထားရှိဖို့နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်စရာမလိုပါ။ အကယ်၍ သင်သည်အချိန်ဇုန်တွက်ချက်ဖို့ လုံးဝမေ့ထားလိုလျှင် implant သို့မဟုတ် IUD ကို စစ်ဆေးပါ။

အခြားနည်းလမ်းသုံးမယ်-implant; IUD; ကပ်ခွာပြား; အဝိုင်းကွင်း


ကိုးကားချက်များ:

  1. World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. မှရယူရန် https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1

FAQ's

  • ကျွန်ုပ်တို့၏ အကြောင်း
  • ခန္ဓာကိုယ်
  • ဘေးကင်းလုံခြုံမှု
  • သားအိမ်ခေါင်းအဖုံး
  • အမြှေးပြား
  • အရေးပေါ်သန္ဓေတားဆေးများ
  • အမျိုးသားသုံးကွန်ဒုံး
  • မျိုးပွားမှုအသိအမြင်
  • ဟော်မုန်းမပါသော IUD (သားအိမ်တွင်းထဲ့ကရိယာ)
  • Implant
  • အတွင်းသုံးကွန်ဒုံး (အမျိုးသမီးကွန်ဒုံး)
  • ဟော်မုန်းမဟုတ်သော IUD
  • အခုမရသေးဘူး
  • သုက်ပိုးသေဆေး
  • ရေမြှုပ်
  • သားကြောဖြတ်ခြင်း
  • ထိုးဆေး
  • ကပ်ခွာပြား
  • ဆေးလုံး
  • အဝိုင်းကွင်း
  • သုတ်ရည်အပြင်ထုတ်နည်း

info@findmymethod.org

Find My Method သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်နွယ်သည်။

Find My Method တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန် အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနှင့် မသက်ဆိုင်ပါ။

  • စည်းကမ်းသတ်မှတ်ချက်များ
  • ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒ
lang Burmese
  • English
  • French
  • Burmese
ဤ၀ဘ်ဆိုဒ် ပုံမှန်လည်ပတ်ရန် အမျိုးအမည်မသိ cookies ကွတ်ကီးများနှင့ အခြား၀န်ဆောင်မှုအမျိုးမျိုး လိုအပ်နိုင်သည်။ ကျွန်ုပ်တို့၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒများကို သင် ဖတ်ရှုနိုင်ပါသည်။ ဤဆိုဒ်ကိုဆက်လက်အသုံးပြုခြင်းအားဖြင့် သင်သည် ထိုသို့ပြုလုပ်ရန် ကျွန်ုပ်တို့ကို ခွင့်ပြုချက်ပေးနေသည်။