သန္ဓေတား(ကိုယ်ဝန်တား)ကပ်ခွာပြား

သန္ဓေတား(ကိုယ်ဝန်တား)ကပ်ခွာပြား
သန္ဓေတား(ကိုယ်ဝန်တား)ကပ်ခွာပြား

သန္ဓေတားကပ်ခွာပြားဆိုတာဘာလဲ?

ကိုယ်ဝန်တားကပ်ခွာပြားလို့ခေါ်ကြတဲ့ သန္ဓေတားကပ်ခွာပြားဟာ သေးငယ်ပြီးပါးလွှာတဲ့ စတုရန်းပုံစံ ပလတ်စတစ်ပစ္စည်းဖြစ်ပါတယ်။ ဒီပစ္စည်းကို ခန္ဓာကိုယ်မှာသန္ဓေတားဆီးရန် ကပ်ရပါတယ်။ အော်သိုအီဗရာ သို့မဟုတ် အီဗရာလို့လည်းလူသိများကြတဲ့ သန္ဓေတားကပ်ခွာပြားဟာ ၅ စင်တီမီတာအကျယ်လောက်သာရှိတဲ့ စတုရန်းဆေးပလာစတာနဲ့တူပါတယ်။

သန္ဓေတားကပ်ခွာပြားဘယ်လိုအလုပ်လုပ်သလဲ?

ကပ်ခွာပြားကို သင့်ရဲ့ အရေပြားပေါ်ကပ်ထားရမှာဖြစ်ပြီး ၎င်းဟာ လူလုပ်ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ဟော်မုန်းများကို အသားထဲမှ တဆင့် သွေးကြောဆီထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းများဟာ အမျိုးသမီးခန္ဓာကိုယ်အတွင်း သဘာဝအတိုင်းတွေ့ရှိရတဲ့ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ဟော်မုန်းများနဲ့ ပုံစံတူပါတယ်။ ဒီဟော်မုန်းနှစ်မျိုးဟာ သင့်ရဲ့ သားဥအိမ်များကို သားဥများထုတ်လွှတ်ခြင်း (မျိုးဥထွက်ခြင်း) မှ ကာကွယ်ပေးပါတယ်။ ၎င်းတို့ဟာ သားအိမ်ခေါင်းအချွဲများကို ပိုမိုထူထပ်စေပြီး သုက်ကောင်ကို မျိုးဥဆီရောက်ရှိခြင်းမှ တားဆီးပေးပါတယ်။

သန္ဓေတားကပ်ခွာပြားဟာဘယ်လောက်ထိရောက်သလဲ?

ပုံမှန်အမျိုးသမီးတဦးအတွက်၊ ကပ်ခွာပြားသုံးစွဲခြင်းဟာ ၉၃% ထိရောက်ပါတယ်(ကပ်ခွာပြားကို တစ်နှစ်စာအသုံးပြုကြတဲ့အမျိုးသမီး ၁၀၀ တွင် ၇ ဦးဟာ ကိုယ်ဝန်ရမှာဖြစ်ပါတယ်)။ အမှားအယွင်းများမပြုလုပ်ခဲ့ရင် ကပ်ခွာပြားဟာ ကိုယ်ဝန်ကာကွယ်ဖို့ ၉၉% အထိ ထိရောက်နိုင်ပါတယ်။
[1]။

သန္ဓေတားကပ်ခွာပြားဟာဘယ််လိုပုံစံမျိုးရှိသလဲ?

 

သန္ဓေတားကပ်ခွာပြားကိုဘယ်လိုအသုံးပြုသလဲ?

ဒီသန္ဓေတားနည်းလမ်းကိုအသုံးမပြုခင်မှာ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပြီး ဆေးစစ်ရပါမယ်။ ပြီးနောက် ဒီ နည်းလမ်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းဟုတ်၊မဟုတ် ဆုံးဖြတ်ရပါမယ်။ အချို့နိုင်ငံများမှာ သင်ဟာ ဒီသန္ဓေတားနည်းလမ်းကိုဝယ်ယူနိုင်ဖို့ ဆေးစာလိုအပ်ပါတယ်။

ဒီီကပ်ခွာပြားဟာ သုံးစွဲရလွယ်ကူပြီး သန္ဓေတားသောက်ဆေးလို လုပ်ဆောင်တာဖြစ်ပါတယ်။ တပြားချင်းစီဟာ တပတ်ခံပါတယ်။ အပတ်စဥ်သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပြားသစ်တပြားကို သုံးပတ်ဆက်တိုက်ကပ်ထားရပါမယ်။ လေးပတ်မြောက်မှာတော့ သင်ဟာ ကပ်ခွာပြားကပ်စရာမလိုပါဘူး။

သင် ကပ်ခွာပြားကပ်လိုတဲ့နေရာကို သေချာစဥ်းစားပါ – ၎င်းဟာ တပတ်လုံးအဲ့ဒီ့နေရာမှာရှိနေမှာပါ။ ပျော့တွဲတဲ့အရေပြားရှိတဲ့နေရာ သို့မဟုတ် ခေါက်မိနိုင်တဲ့နေရာမျိုးတွေကို ရှောင်သင့်ပါတယ်။ သန္ဓေတားကပ်ခွာပြားကပ်မဲ့နေရာဟာ သန့်ရှင်း၊ ခြောက်သွေ့ပြီး နာကျင်တာ၊ ကျိန်းစပ်တာ၊ သို့မဟုတ် အမွှေးအရမ်းထူတာမျိုးမဖြစ်အောင် သေချာစေပါ။ ကျပ်တဲ့အဝတ်အစားတွေကြောင့် ကပ်ခွာပြားကွာသွားနိုင်တဲ့ နေရာတွေမှာလည်း မကပ်သင့်ပါဘူး။​
အရင်ဆုံး ကြည်လင်တဲ့ပလတ်စတစ်ပြားကိုတဝက်သာခွာပါ၊ ဒါမှ မကပ်တဲ့ အပိုင်းကို သင်ကိုင်ထားနိုင်မှာဖြစ်ပါတယ်။ ကပ်ခွာပြားရဲ့ ကပ်တဲ့အပိုင်းကို သင့်လက်ချောင်းများနဲ့ မထိပါနှင့်။
သင််ရွေးချယ်ထားတဲ့ ခန္ဓာကိုယ်နေရာမှာ ကပ်ခွာပြားကိုဖိကပ်ပါ။ ခိုင်ခံ့စွာ ကပ်နေအောင် ၁၀ စက္ကန့်ခန့် ဖိထားပေးပါ။
အရေးအကြီးဆုံးအချက်ကတော့ အပတ်တိုင်း ကပ်ခွာပြားအသစ်အသုံးပြုဖို့ မှတ်မိရန်ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သန္ဓေတားခြင်းအတွက် ထိရောက်မှုကို ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။

သန္ဓေတားကပ််ခွာပြားကို သင်ဘယ်နေရာမှာကပ်သလဲ?

ကပ်ခွာပြားကို သင့်ရဲ့တင်ပါး၊ ပခုံး၊ ခါးစောင်း၊ ဝမ်းဗိုက်၊ လက်မောင်းအပြင်ဖက် သို့မဟုတ် ရင်ညွန့်အထက်ပိုင်းတို့မှာကပ်နိုင်ပါတယ်။ သင့်ရဲ့ ရင်သားများ၊ လိင်အင်္ဂါများ၊ သင့်ခြေဖဝါးများ သို့မဟုတ် သင့်လက်ဝါးများမှာ မကပ်ပါနှင့်။ ကပ်ခွာပြားဟာ သင့်ခန္ဓာကိုယ်အတွင်း နေ့ဖက်ရော၊ ညဖက်ပါ အချိန်တိုင်းရှိနေရမှာဖြစ်ပါတယ် [2]။

သန္ဓေတားကပ်ခွာပြားဟာ ဓမ္မတာလာခြင်းကို ရပ်စေပါသလား?

ကပ််ခွာပြားမကပ်ရတဲ့ တပတ်အတွင်း သင့်ရဲ့ ဓမ္မတာလာနိုင်ပါတယ်။ အချို့သူများဟာ ဓမ္မတာလာခြင်းကို လုံးဝမခံစားရပါဘူး။ လေးပတ်မြောက်ပြီးဆုံးတာနဲ့ သင့်အရေပြားပေါ်ကို ကပ်ခွာပြားသစ်ကပ်ပြီး နောက်ထပ်ကပ်ခွာပြားစက်ဝန်းစတင်လိုက်ပါ။ သင့်ကပ်ခွာပြားကို ပြန်ကပ်ရမဲ့အချိန်မှာ သင်ဟာ သွေးဆင်းနေတုန်းပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာပုံမှန်ဖြစ်ပြီး ကပ်ခွာပြားအသစ်ကိုကပ်ပါ။

သန္ဓေတားကပ်ခွာပြားသုံးစွဲမှုပိုမိုလွယ်ကူအောင် အောက်ပါ အကြံပြုချက်များကို လေ့လာပါ။

အကြံပြုချက် ၁ : အကယ်၍ သင့်ရဲ့ဓမ္မတာပထမငါးရက်အတွင်း ကပ်ပြားကို စကပ်ခဲ့ရင်၊ ကိုယ်ဝန်ဆောင်ခြင်းမှ သင့်ကို ချက်ချင်းကာကွယ်ပေးမှာဖြစ်ပါတယ်။ သင်ဟာ နောက်ပိုင်းမှ စကပ်ရင်တော့၊ ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ခြင်းမပြုမှီ ခုနှစ်ရက်စောင့်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီအချိန်အတွင်း အရန်နည်းလမ်းကို အသုံးပြုသင့်ပါတယ်။
အကြံံပြုချက် ၂ : အကယ်၍သင့်အနေနဲ့ ၂၃ ရက်တိုင်း သို့မဟုတ် ပိုနည်းသောအချိန်တွင် ဖြစ်ပေါ်လေ့ရှိသည့် တိုတောင်းသော ဓမ္မတာကာလရှိပါက၊ သင့်အနေနဲ့ ဓမ္မတာပထမရက် ၅ ရက် သို့မဟုတ် နောက်ရက်များတွင် သန္ဓေတားကပ်ခွာပြားကိုအသုံးပြုပါက ကိုယ်ဝန်ဆောင်ခြင်းမှ ချက်ချင်းကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ သို့ဖြစ်၍ သင့်အနေနဲ့ ပထမ ၇ ရက်အတွင်း အရန်သန္ဓေတားနည်းလမ်းကို လိုအပ်ပါတယ် [3]။
အကြံပြုချက်် ၃ : သင့်ကပ်ခွာပြားကပ်ထားသောနေရာတွင် ခန္ဓာကိုယ်လိုးရှင်း၊ ဆီ၊ ပေါင်ဒါ၊ ဆပ်ပြာများ သို့မဟုတ် မိတ််ကပ်များ မသုံးပါနှင့်။ ၎င်းတို့ဟာ ကပ်ခွာပြား ကပ်ခြင်းမှ တားဆီးနိုင်ပါတယ်။
အကြံပြုချက် ၄ : သင့်ရဲ့ကပ်ခွာပြားကို နေ့စဥ်စစ်ဆေးပြီး မှန်ကန်စွာ ကပ်နေကြောင်းသေချာပါစေ။ ကပ်ခွာပြားရဲ့ အစွန်းများမှာ အစအနထွက်နေခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။
အကြံပြုချက် ၅ : သင့်ရဲ့ ကပ်ခွာပြားကိုခွာတဲ့အခါ၊ မလွှင့်ပစ်ခင်မှာ တဝက်စီခေါက်ပါ။ ဒီလိုဆောင်ရွက်ခြင်းဟာ ဟော်မုန်းများ မြေဆီလွှာအတွင်းဝင်ရောက်ခြင်းကို တားဆီးမှာပါ။ ၎င်းကို အိမ်သာအတွင်းရေဆွဲမချပါနှင့်။

ကျွန်ုပ်ရဲ့ သန္ဓေတားကပ်ခွာပြားများကို ခွာရန်မေ့သွားပါက ဘာဖြစ်မလဲ?

သင့်ရဲ့ကပ်ခွာပြားကိုခွာရန်မေ့သွားပါက၊ သင့်အနေနဲ့ အဟောင်းကိုခွာပြီး အသစ်ထပ်ကပ်လိုက်ပါ။ ပြီးနောက်၊ နောက်ထပ်အသစ်ကပ်ရမဲ့နေ့မှာ ခွာပြီးအသစ်ထပ်ကပ်ဖို့သေချာပါစေ။ သင်ခွာဖို့မေ့တဲ့အချိန်အထိ မှန်ကန်စွာအသုံးပြုပါက သန္ဓေတားခြင်းမှ ကာကွယ်ထားမှာဖြစ်ပါတယ်။
သင့်ရဲ့ကပ််ခွာပြားအသစ်ထပ်ကပ်ရမဲ့အချိန်ထက် ၄၈ နာရီကျော်သွားပါက၊ အဟောင်းကိုခွာပြီး အသစ်ထပ်ကပ်လိုက်ပါ။ ဒါ့အပြင်၊ နောက်ထပ် ခုနှစ်ရက်အတွက် အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။ အရင်ရက်များအတွင်း သင့်အနေနဲ့ လိင်ဆက်ဆံခဲ့ပါက အရေးပေါ်သန္ဓေတားဆေးများကို အသုံးပြုပါ။
သုံးပတ်ပြီးနောက် သန္ဓေတားကပ်ခွာပြားကို ခွာရန်မေ့သွားပါက၊ ကပ်ခွာပြားအဟောင်းကို မြန်နိုင်သမျှ မြန်မြန်ခွာပြီး လေးပတ်မြောက်အဖြစ်မကပ်ပဲနေပါ။ ပြီးနောက် ပုံမှန်စတင်ရမဲ့ရက်မှာ ကပ်ခွာပြားအသစ်ကိုကပ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် သင့်မှာ ကပ်ခွာပြားမကပ်ပဲနေရမဲ့ရက် ပိုနည်းသွားပါမယ်။ သင့်ကို သန္ဓေတားခြင်းမှ ကာကွယ်ပေးသွားမှာဖြစ်ပြီး အရန်သန္ဓေတားနည်းလမ်းသုံးစွဲရန် မလိုအပ်ပါ [4]။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles