သန္ဓေတားကပ်ခွာပြားရဲ့အကျိုးကျေးဇူးများကဘာလဲ?

သန္ဓေတားကပ်ခွာပြားရဲ့အကျိုးကျေးဇူးများကဘာလဲ?
သန္ဓေတားကပ်ခွာပြားရဲ့အကျိုးကျေးဇူးများကဘာလဲ?

ကျန်းမာရေးအကျိုးကျေးဇူးများ [5]

၎င်းဟာ ကိုယ်ဝန်ဆောင်ခြင်းကိုတားဆီးရာမှာအလွန်ထိရောက်ပါတယ်။ ပုံမှန်အသုံးပြုခြင်း သို့မဟုတ် လူအများစုအသုံးပြုကြတဲ့နည်းလမ်းနှင့်အတူ၊ ကပ်ခွာပြားဟာ သုံးစွဲသူ အမျိုးသမီး ၁၀၀ မှာ ၉၃ ယောက်အတွက် သန္ဓေတားပေးပါတယ်။ ချို့ယွင်းချက်မရှိပဲသုံးစွဲလျှင် ၎င်းဟာ အမျိုးသမီး ၁၀၀ မှာ ၉၉ ယောက်ကို ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၎င််းဟာ ဓမ္မတာဆိုင်ရာပြဿနာအချို့ကို စီမံခန့်ခွဲရန် ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့်၊ ၎င်းဟာ ဓမ္မတာကာလများကို တိုစေနိုင်ပြီး ကြွက်တက်ခြင်း နှင့် ဓမ္မတာမတိုင်မှီရောဂါလက္ခဏများကို အနည်းဆုံးဖြစ်အောင်လျော့ချပေးပါတယ်။
၎င်းဟာ ဓမ္မတာထိန်းချုပ်ခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်​ – သင့်ရဲ့ ဓမ္မတာများကို ပုံမှန်ဖြစ်စေခြင်း၊ ပိုမိုပေါ့ပါးပြီး နာကျင်မှုနည်းပါးခြင်းတို့ဖြစ်စေနိုင်ပါတယ်။
၎င်းဟာ သားအိမ်နံရံ တစ်သျှူးနေရာလွဲခြင်း ရောဂါလက္ခဏာများကို လျော့ကျစေနိုင်ပါတယ်။
၎င်းဟာ သားအိိမ်နံရံကင်ဆာ နှင့် သားဥအိမ်ကင်ဆာတို့မှ ကာကွယ်ပေးပါတယ်။
၎င်းဟာ သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းအန္တရာယ်ကို လျှော့ချေပေးနိုင်ပါတယ်။
၎င်းဟာ သားဥအိမ်အလုံးများ၊ အမျှင်အလုံးရင်သားရောဂါ နှင့် ရင်သားအသားပိုများဖြစ်ပေါ်ခြင်းအန္တရာယ်ကို လျော့ချပေးပါတယ်။
၎င်းဟာ ဝက်ခြံကိုရှင်းလင်းစေနိုင်ပါတယ်။
သင် အော့အန်သည့်အခါ သို့မဟုတ် ဝမ်းလျှောသည့်အခါမှာလည်း ဆက်လက်ထိရောက်ပါတယ်။

လူမှုဘဝအကျိုးကျေးဇူးများ

၎င်းအတွက် သာမန်အားစိုက်မှုသာလိုအပ်ပါတယ်။ ၎င်းဟာ နေ့စဥ်ဆေးသောက်ရသည့် စိတ်ဖိစီးမှုမရှိပဲ သန္ဓေတားသောက်ဆေးနှင့်သဏ္ဍာန်တူ သန္ဓေတားနည်းလမ်းသုံးစွဲချင်သူအမျိုးသမီးများအတွက် ကောင်းမွန်သောရွေးချယ်စရာဖြစ်ပါတယ် [6]။
၎င်းဟာ သုံးစွဲရလွယ်ကူပါတယ် – ကပ်ခွာပလာစတာကပ်ရသလိုပါပဲ (ပြီးတော့ တပတ်တခါပဲ အသစ်ထပ်ကပ်ဖို့လိုပါတယ်။)
၎င်းဟာ လိင်ဆက်ဆံခြင်းကို အနှောင့်အယှက်မဖြစ်စေပါဘူး။
၎င်းဟာ ခန့်မှန်းနိုင်သောဓမ္မတာကာလများကို ပေးစွမ်းပါတယ်။ သွေးစိမ့်မှုမရှိပဲ လစဥ်ဓမ္မတာလာခြင်းကို နှစ်သက်ရင် ကပ်ခွာပြားဟာ သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်နိုင်ပါတယ်။
၎င်းဟာ မျိုးပွားနိုင်ခြင်းကို မနှောင့်နှေးစေပါဘူး။ ကပ်ခွာပြားခွာလိုက်ပြီးတာနဲ့ ချက်ချင်းကိုယ်ဝန်ရနိုင်ပါတယ်။ ကပ်ခွာပြားမသုံးတော့ဘူး၊ သို့သော်လည်း ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့ အခြား သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles