အောက်ပါအခြေအနေများရှိသောအမျိုးသမီးများဟာ သန္ဓေတားကပ်ခွာပြားကို အသုံးပြုလို့မရပါဘူး :
– ပြင်းထန်သည့် အသည်းရောဂါ၊ အသည်းခြောက်ခြင်း သို့မဟုတ် အသည်းကင်ဆာရှိသူများ၊
– ရင်သားကင်ဆာလက်ရှိရှိသူများ သို့မဟုတ် ရှိခဲ့ဖူးသူများ၊
– အမြင်အာရုံပြောင်းလဲသည့် ပြင်းထန်သော ခေါင်းတခြမ်းကိုက်ခြင်းရှိသူများ (အလွန်ဆိုးသော ခေါင်းကိုက်ခြင်းမတိုင်မှီ မျက်စိအတွင်း လင်းထိန်ပြီးဝါးသွားခြင်း)၊
– လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါရှိဖူးသူများ၊
– မကြာသေးမှီက ကလေးမွေးပြီးသူများ (သုံးပတ် မှ ခြောက်ပတ်အတွင်း) – ခြောက်လကြာပြီးနောက် သို့မဟုတ် မိခင်နို့သည် သင့်ကလေးအတွက် ပင်မအစားအသောက်မဟုတ်တော့သည့်အခါတွင် ကပ်ခွာပြားကို သုံးစွဲနိုင်ပါတယ်၊
– သွေးကြောပိတ်ခြင်းရှိခဲ့ဖူးခြင်း (သွေးပြန်ကြောသွေးကြောပိတ်ခြင်း သို့မဟုတ် အဆုတ်သွေးကြောပိတ်ခြင်း) သို့မဟုတ် သင် သို့မဟုတ် သင့်မိသားစုဝင်တဦးဦးတွင် သွေးကြောပိတ်မှုဖြစ်နိုင်သည့်အန္တရာယ်များစေသော သွေးပုံမှန်မဟုတ်ခြင်းရှိလျှင်၊
– ဆေးလိပ်သောက်ပြီး အသက် ၃၅ နှစ် သို့မဟုတ် အထက်ဖြစ်လျှင် (သင်ဟာ အသက် ၃၅ နှစ်အထက်ဖြစ်ပြီး ကပ်ခွာပြားသုံးနေစဥ် ဆေးလိပ်သောက်မယ်ဆိုရင် အချို့သောဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ချေကို မြင့်စေနိုင်ပါတယ် – သင့်ရဲ့ ကျန်းမာရေးထောက်ပံ့ပေးသူနှင့် ဆွေးနွေးတိုင်ပင်ပါ [9])၊
– ၁၉၈ ပေါင် သို့မဟုတ် ၉၀ ကီလိုဂရမ်ထက် ကိုယ်အလေးချိန်ပိုခြင်း (သင်ဟာ ၉၀ ကီလိုထက်ကိုယ်အလေးချိန်ပိုမယ်ဆိုင် ကပ်ခွာပြားဟာ ထိရောက်မှုနည်းပါမယ် [10])၊
– စစ်ဆေးခြင်းမရှိသေးသည့် ပုံမှန်မဟုတ်သော မအင်္ဂါသွေးဆင်းခြင်းကိုခံစားနေရခြင်း၊
– မြင့်မားသောသွေးပေါင်ချိန်ရှိခြင်း (သွေးတိုး)၊ နှင့်
– နှစ် ၂၀ နှင့်အထက် ဆီးချိုရောဂါရှိပြီး နောက်ဆက်တွဲ မျက်လုံး၊ အာရုံကြော သို့မဟုတ် အသည်းပြဿနာများရှိခြင်း။
သင့်မှာ အထက်ပါအခြေအနေများမှ တခုခုရှိခဲ့လျှင်၊ ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်တိုင်ပင်ပြီး သင့်အတွက် အသင့်လျော်ဆုံးသန္ဓေတားနည်းလမ်းကို အဖြေရှာပါ။
ကိုယ်ဝန်တားကပ်ခွာပြားမှာ ကိုယ်အလေးချိန်ကန့်သတ်ချက်ရှိပါသလား?
ကပ်ခွာပြားဟာ ကိုယ်အလေးချိန် ၁၉၈ ပေါင် သို့မဟုတ် ကီလို ၉၀ ထက်ပိုသော အမျိုးသမီးများအတွက် သန္ဓေတားရာမှ ထိရောက်မှုပိုနည်းပါတယ်။ သင်ဟာ ကိုယ်အလေးချိန် ၉၀ ကီလိုဂရမ်ထက်ပိုတယ်ဆိုရင် မတူညီသော သန္ဓေတားနည်းလမ်းကို စဥ်းစားသင့်ပါတယ်။