အခုမရသေးဘူး | Find My Method
 
abstinance-not-right-now
  • လိင်မဆက်ဆံပါက ကိုယ်ဝန်မရနိုင်ပါ
  • ထိရောက်မှု- “အခုမရသေးဘူး”ဟာ သင် လိင်မဆက်ဆံပါက ၁၀၀% ထိရောက်သည်
  • ဘေးထွက်ဆိုးကျိုး – မရှိ
  • အားထုတ်ရမှု- မြင့်မားသော။ ချုပ်ထိန်းမှုအလွန်လိုပြီး ယောနိတွင် လိင်မဆက်ဆံမှသာ အလုပ်ဖြစ်ပါမည်

အကျဉ်းချုပ်

ရှောင်ရှားခြင်း

“အခုမရသေးဘူး” အကျဉ်းချုပ်

“အခုမရသေးဘူး” ဟာ ရှောင်နေဖို့ပြောခြင်းတနည်းဖြစ်ပြီး “လိင်တံ-ယောနိ မဆက်ဆံ” ဖို့ဖြစ်သည် အလွန်ထိရောက်သည့်နည်းဖြစ်သော်လည်း အချို့လူများအတွက် သုံးဖို့အတော့်ကိုခက်ခဲပါလိမ့်မည်, ဒါကိုအမြဲသုံးပါက ကိုယ်ဝန်မရစေဖို့ အာမခံနိုင်ပါသည် လိင်မှုကိစ္စကိုလုံးဝရှောင်ရှားပါက၊ လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများ (STIs) မှလည်း လုံခြုံစိတ်ချနိုင်ပါလိမ့်မည်။

အသေးစိတ်များ

ဒါဟာ စည်းကမ်းနဲ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ “အခုမရသေးဘူး”လို့ပြောတာဟာ တသမတ်တည်းလုပ်နိုင်မှသာ သန္ဓေတားဖို့အလုပ်ဖြစ်ပါမည်။
ဆက်သွယ်ရေးစွမ်းရည်ကောင်း သင့်မှာ ချိန်းတွေ့တာ ဒါမှမဟုတ် လူမှုဆက်ဆံရေးအရ ရှိလာပါက သင့်အဖော်ကို ဘယ်အချိန်အဆင်ပြေပြီး ဘယ်အချိန်အဆင်မပြေကြောင်း ပြောဖို့လိုပါလိမ့်မယ်။ ဆိုလိုတာက သင်တွေးမိတာတွေပြောပြဖို့နဲ့ သင့်အဖော်နဲ့ ပြောဆိုရာမှာ အဆင်ပြေချောမွေ့မှုရှိဖို့ လိုပါတယ်။
သင့်မှာ ထောက်ခံမှုရှိပါတယ်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ယောနိမှ လိင်မဆက်ဆံဖို့ နှစ်ဦး စလုံး အဆင်ပြေဖို့လိုပါတယ်။ ဒါပေမဲ့ “အခုမရသေးဘူး”လို့ ပြောတာဟာ သင့်ကို ပျော်ခွင့်မပြုလို့ ဆိုလိုတာမဟုတ်ကြောင်း သတိပြုပါ။ သင့်လိင်မှုဘဝကို ဖန်တီးမှုအသစ်ရနိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ခုပါ။

အသုံးပြုနည်း

ယောနိမှ လိင်မဆက်ဆံဖို့ ဒီနည်းလမ်းဟာ သတိတရားနဲ့ ယောနိမှာလိင်မဆက်ဆံဖို့ တမင်ဆုံးဖြတ်ရတာဖြစ်ပါတယ်။ သင်နေ့စဉ်မှတ်မိဖို့လိုတဲ့ ရွေးချယ်ခွင့်တစ်ခုဖြစ်ပါတယ်။ မပြောင်းလဲဖို့အတွက် ယောနိမှာလိင်မဆက်ဆံဖို့ သင် ဘာလို့ရွေးရကြောင်းကို ကိုယ့်ကိုယ်ကိုပြန်သတိပေးပါ။ ဒါဟာ စိတ်ပြောင်းလဲသွားလို့ အကျိုးဆက်တွေဖြစ်လာနိုင်တာကို စဉ်းစားဖို့လည်းကူညီပါမယ်။ လိင်ဆက်ဆံဖို့ဆုံးဖြတ်ရင်တော့ တခြားထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုခုကိုသုံးဖို့ သေချာပါစေ။
အခြားအထောက်အကူပြုအရိပ်အမြွက်များ: [3]
သင့်ဆုံးဖြတ်ချက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားဖို့ခက်တဲ့အခြေအနေမျိုး ရှောင်ပါ။
အရက်နဲ့မူးယစ်ဆေးဝါးကိုရှောင်ဖို့လည်း စဉ်းစားပါ။ ၎င်းတို့က သင့်ဆုံးဖြတ်ချက်ကို ရှုပ်ထွေးနိုင်သည်။
သင့်ဆုံးဖြတ်ချက်အကြောင်း ပြောပြနိုင်တဲ့သူကိုရှာပြီး သူတို့ရဲ့ ထောက်ခံမှုကို အားကိုးပါ။
သင့်ဆုံးဖြတ်ချက်အကြောင်း သင့်အဖော်ကိုလည်း အရှိန်တက်မလာခင် ပြောပြပါ။
သင့်အကန့်အသတ်များနဲ့ပတ်သက်ပြီး အဖော်ဖြစ်သူကို ရိုးရိုးနဲ့ ရှင်းရှင်းဖြစ်နေပါစေ။
ကြိုက်နှစ်သက်နိုင်မယ့် အခြားလိင်ပိုင်းဆိုင်ရာ ရွေးချယ်ခွင့်တွေကိုလည်း စူးစမ်းပါ။

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။
ကောင်းတဲ့အချက်များ:[2]
ဘာမှအကုန်အကျမရှိပါ။
ဘေးထွက်ဆိုးကျိုးမဖြစ်စေပါ
မကောင်းတဲ့အချက်များ:[2]
ထိန်းထားဖို့ ခက်ခဲနိုင်ပါတယ်
သင် အရက်မူးနေပါက အစီအစဥ်တကျ လိုက်နာဖို့ ခက်ခဲနိုင်ပါတယ်

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

သင့်ကိုကူညီဖို့ ကျွန်ုပ်တို့ ဒီမှာရှိပါတယ်။ အကယ်၍ ဒါကို မကြိုက်သေးဘူးလို့ခံစားရရင်၊ ကျွန်တော်တို့မှာအခြားနည်းလမ်းတွေအတွက် အကြံဥာဏ်တွေရှိပါတယ်။ သတိရပါ၊ ‌‌ရှောင်ချိန်ပြီးနောက် လိင်ဆက်ဆံဖို့စဥ်းစားတဲ့အခါမှာ မစခင် ထိရောက်တဲ့နည်းလမ်းတစ်ခုရှိနေပါစေ။ ငါ့အဖော်ကို ငါအခု လိင်ဆက်ဆံလို့မဖြစ်သေးဘူးဆိုတာ ဘယ်လိုပြောရမလဲ။
ပထမဆုံး လိင်ဆက်ဆံဖို့မစတင်ခင် သင့်အ‌ဖော်ကို ‌ပြောပြရန်သေချာပါစေ။ ဒုတိယအနေနဲ့ သင့်ရွေးချယ်ခွင့်ကို ဘယ်လို သေသေချာချာရှင်းပြမယ် ဆိုတာကို သင့်အဖော်နဲ့မပြောခင် စဉ်းစားနိုင်ပါတယ်။ သင့်အကြောင်းပြချက်များအပေါ် ရိုးသားပါ။ ဘာကိုလုပ်ဖို့ အဆင်ပြေပြီး ဘာကလုပ်လို့မဖြစ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိပါစေ။ သူဟာ သင်နဲ့လိုက်ဖက်ညီသူဖြစ်ရင် သင့်ရွေးချယ်ခွင့်ကိုလေးစားပါလိမ့်မယ်။
ငါ့ကို လိင်ဆက်ဆံဖို့ သွေးဆောင်လာရင် ဘာလုပ်မလဲ ?[5]
တစ်စုံတစ်ဦးကိုဆွဲဆောင်တာဟာ သဘာဝပါ။ ‌‌ရှောင်ချိန်ပြီးနောက် လိင်ဆက်ဆံဖို့စဥ်းစားတဲ့အခါမှာ စောင့်ဆိုင်းရတဲ့အကြောင်းရင်းတွေကို အချိန်ယူစဉ်းစား ဖို့အရေးကြီးပါတယ်။
အခုလိင်မဆက်ဆံသေးဘူးလို့ဆုံးဖြတ်ရင် ဘာလို့ဆက်ဆံလို့မဖြစ်သေးဘူးဆိုတာ သင့်အဖော်ကို ပြောပြသင့်ပါတယ်။ သင့်အဖော်နဲ့ ဘာလုပ်ဖို့ အဆင်ပြေတယ်ဆိုတာကိုပါ ပြောပြနိုင်ပါတယ်။
လိင်ဆက်ဆံတော့မယ်လို့ဆုံးဖြတ်ရင် သင်နဲ့သင့်လျော်မည့် သန္ဓေတားနည်းလမ်းကို စတင် ကြည့်ထားသင့်ပါတယ်။ ဒါကို လိင်မဆက်မံခင် လုပ်ဖို့ သေချာပါစေ။
ဘယ်နည်းနဲ့မဆို သင်ဟာ အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး နဲ့ အရေးပေါ်သန္ဓေတားခြင်းများကို လိုရမယ်ရလက်ကိုင်ထားချင်ပါမယ်။
အလုပ်မဖြစ်သေးဘူးလား။ “အခုမရသေးဘူး”ဟာ သင့်အတွက် အလုပ်မဖြစ်တော့ရင် လိင်မဆက်ဆံခင် စိတ်ချရတဲ့နည်းလမ်းတစ်ခုခုကို စိတ်ထဲ (လက်ထဲမှာပါ) ရှိထားသင့်ပါတယ်။ IUD (သို့) implant လို ရေရှည်ခံပြီး အရင်တိုင်းပြန်ရတဲ့နည်းလမ်း၊ ဒါမှမဟုတ် ဒါကိုသိပ်မလိုက်နာနိုင်သေးရင် အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး နဲ့ ဟိုမုန်းပါတဲ့နည်းလမ်းတစ်ခုခုနဲ့ စတင်နိုင်ပါတယ်။ နောက်ပြီး ကွန်ဒုံးများက လိင်မှတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်ပေးတာကို မမေ့ပါနဲ့
အခြားနည်းလမ်းသုံးမယ်-အမျိုးသမီးသုံးကွန်ဒုံး၊ implant; IUD၊ အမျိုးသားသုံးကွန်ဒုံး၊ ထိုးဆေး

ကိုးကားချက်များ

[1] Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[2] SOGC The Society of Obstetricians and Gynaecologists of Canada. (2016). Contraception. Retrieved from https://www.sexandu.ca/wp-content/uploads/2016/09/Contraception_Methods_Booklet.pdf
[3] Society of Obstetricians and Gynaecologists of Canada. (2015). Canadian Contraception Consensus Chapter 4: Natural Family Planning. JOGC Journal of Obstetrics and Gynaecology Canada. Retrieved from https://www.jogc.com/article/S1701-2163(16)39375-6/pdf
[4] Vogelsong, K. M. (2017). Natural Contraceptive Methods. UNDP/UNFPA/WHO/World Bank Special Programme of Research, Development and Research Training in Human Reproduction, (HRP) Department of Reproductive Health and Research World Health Organization. Retrieved from https://www.gfmer.ch/Endo/Lectures_11/Naturalc.htm
[5] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[6] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1


lang ဗမာစာ