လိင်မဆက်ဆံခြင်း

လိင်မဆက်ဆံခြင်း
လိင်မဆက်ဆံခြင်း

လိင််မဆက်ဆံခြင်း သို့မဟုတ် “ခုမဟုတ်ဘူး” နည်းလမ်းဆိုတာဘာလဲ

“အခုမဟုတ်ဘူး” နည်းလမ်းဟုလည်း လူသိများကြတဲ့ လိင်မဆက်ဆံခြင်းနည်းလမ်းဟာ လိင်မှုကိစ္စအားလုံး သို့မဟုတ် အချို့ကို နှောင့်နှေးခြင်း သို့မဟုတ် လုံးဝရှောင်ရှားခြင်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ မအင်္ဂါလိင်ဆက်ဆံမှုမပြုလုပ်ရင်၊ သင်ဟာ ကိုယ်ဝန်မရနိုင်ပါဘူး။ ကျယ်ပြန့်စွာပြောရလျှင် လိင်မဆက်ဆံခြင်းဟာ မတူညီသောသူများအတွက် မတူညီသည့်အဓိပ္ပာယ်များ ရှိနိုင်ပါတယ်။

သင်ဟာ သန္ဓေတားနည်းလမ်းရှုထောင့်မှ လိင်မဆက်ဆံခြင်းအား ရှုမြင်ပါက၊ ၎င်းဟာ မအင်္ဂါအတွင်းသို့ သုက်ရည်ထည့်သွင်းသည့် လိင်မှုကိစ္စများကို ရှောင်ရှားခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဒီအဓိပ္ပာယ်ဟာ အရေပြားချင်းထိတွေ့မှုမှ တဆင့် အချို့သော လိင်မှကူးစက်မှုများ (STI) များ ကူးစက်နိုင်ချေကို အသိအမှတ်ပြုထားပါတယ်။

အဓိကလိင်မဆက်ဆံခြင်းဟာ လိင်ပိုင်းဆိုင်ရာမထက်သန်သူတဦးမှ လိင်မှုဆိုင်ရာအမူအကျင့်အချို့ သို့မဟုတ် အားလုံးကို နှောင့်နှေးစေတာဖြစ်ပါတယ်။

ဆင့်ပွားလိင်မဆက်ဆံခြင်းဟာ ယခင်လိင်ပိုင်းဆိုင်ရာထက်သန်သူတဦးမှ လိင်မှုဆိုင်ရာအမူအကျင့်အချို့ သို့မဟုတ် အားလုံးကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးစေခြင်း သို့မဟုတ် ရှောင်ရှားခြင်းဖြစ်ပါတယ်။

အခါအားလျောက်စွာလိင်မဆက်ဆံခြင်းဟာ လိင်ပိုင်းဆိုင်ရာထက်သန်သူတဦးမှ ဓမ္မတာစက်ဝန်း၏ သန္ဓေအောင်နိုင်သောရက်များအတွင်း မအင်္ဂါထိုးသွင်းလိင်ဆက်ဆံမှုကို ရှောင်ကြဥ်ခြင်းဖြစ်ပါတယ် (၁)။

လူတစ်ဦးဟာ မအင်္ဂါဖြင့်လိင်ဆက်ဆံခြင်းကို ရှောင်ရှားရန် ရွေးချယ်ထားသော်လည်း အခြားလိင်ဆက်ဆံမှုပုံစံများ ပြုလုပ်နိုင်ပါတယ်။ Planned Parenthood (ကြိုတင်ပြင်ဆင်ထားသောမိဘဘဝ) မှ ဒီလိုအခြားလိင်ဆက်ဆံမှုပုံစံများကို ပြင်ပလိင်ဆက်ဆံခြင်းဟုခေါ်ဆိုပါတယ်။​

လိင်မဆက််ဆံခြင်းဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ?

သင််ဟာ မအင်္ဂါဖြင့်လိင်ဆက်ဆံမှုမလုပ်ပါက၊ ကိုယ်ဝန်ရမည်မဟုတ်ပါ။ ဒီနည်းလမ်းဟာ မအင်္ဂါဖြင့်လိင်ဆက်ဆံမှုမလုပ်ရန် ရည်ရွယ်ချက်ရှိရှိဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဟာက သင်နေ့စဥ်မှတ်မိရမယ့်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဒီနည်းလမ်းကို တာရှည်အသုံးပြုနိုင်ရန်၊ သင့် မအင်္ဂါလိင်ဆက်ဆံမှုမပြုလုပ်ရသည့်အကြောင်းပြချက်ကို သင့်ကိုယ်သင် သတိပေးနေရန်လိုအပ်ပါတယ်။ သင်စိတ်ပြောင်းပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များအကြောင်းစဥ်းစားခြင်းကလည်း အကူအညီဖြစ်စေပါတယ်။ သင်ဟာ လိင်ဆက်ဆံရန် ဆုံးဖြတ်ပါက၊ အခြားထိရောက်သည့်သန္ဓေတားနည်းလမ်းဖြင့် သင့်ကိုယ်သင်ကာကွယ်ထားကြောင်း သေချာပါစေ။

လိင်မဆက်ဆံံခြင်းကို ဘယ်လိုကျင့်သုံးသလဲ?

လိင်မဆက်ဆံခြင််းကိုကျင့်သုံးရန်အတွက် သီးသန့်နည်းလမ်းမရှိသော်လည်း၊ ၎င်းကို ပိုပြီးထိရောက်မှုရှိရှိ ကျင့်သုံးနိုင်မည့် အကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါတယ်:

– သင့်ဆုံးဖြတ်ချက်များကိုလိုက်နာရန်ခက်ခဲနိုင်မည့် အခြေအနေများကို ရှောင်ရှားပါ။
– မည်သည့်အချိန်တွင်မဆိုဖြစ်နိုင်ပါက၊ အရက်နှင့် မူးယစ်ဆေးဝါးများကို​ရှောင်ရှားရန် စဥ်စားပါ။ ၎င်းတို့ရဲ့ သင့်ရဲ့ဆုံးဖြတ်ချက်ကို ဝေဝါးစေနိုင်ပါတယ်။
– သင့်ဆုံးဖြတ်ချက်အကြောင်းပြောဆိုနိုင်မည့်သူများကိုရှာပါ၊ ၎င်းတို့ရဲ့ အကူအညီကို ရယူပါ။
– လိင်စိတ်အရှိန်မတက်ခင် သင့်လက်တွဲဖော်အား သင့်ဆုံးဖြတ်ချက်အကြောင်းပြောပါ။
– သင့်ရဲ့ ကန့်သတ်ချက်များနဲ့ပတ်သက်ပြီး သင့်လက်တွဲဖော်အားပြောဆိုရာတွင် တည့်တည့်ရှင်းရှင်းပြောပါ။
– သင်အလားတူနှစ်သက်နိုင်မည့် အခြားနီးစပ်နိုင်သောရွေးချယ်စရာများကို ရှာဖွေပါ။
– ရောဂါကူးစက်ရန် မအင်္ဂါလိင်ဆက်ဆံမှုဖြစ်စရာမလိုအပ်သည့် STI များမှ သင့်ကိုယ်သင်ကာကွယ်ရန် သတိရပါ။

လိင်မဆက်ဆံခြင်းဟာ ဘယ်လောက်ထိရောက်ပါသလဲ?

မအင်္ဂါလိင်ဆက်ဆံမှုကို ရှောင်ရှားသည့်အခါ၊ လိင်မဆက်ဆံခြင်းဟာ ကိုယ်ဝန်တားဆီးရာမှာ ၁၀၀% ထိရောက်ပါတယ်။ သင်အချိန်တိုင်းသုံးစွဲပါက၊ ကိုယ်ဝန်မရရန် သင့်အတွက် အာမခံချက်ရှိပါတယ်။ သို့သော်လည်း၊ ၎င်းဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုလိုအပ်ပြီး အချို့သူများအတွက် သုံးစွဲရန် အလွန်ခက်ခဲပါလိမ့်မယ်။ အကယ်၍ သင်ဟာ ဒီနည်းလမ်းကို သုံးစွဲပြီး အခြားလိင်မှုကိစ္စများလုပ်ဆောင်တယ်ဆိုရင်၊ လိင်မဆက်ဆံခြင်းဟာ STI အချို့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး (၂)။

လိင်မဆက်ဆံခြင်းဟာ သဘောတရားအရ ကိုယ်ဝန်တားဆီးရာမှာ အလွန်ထိရောက်သော်လည်း၊ လူအများစုဟာ ၎င်းကို မှန်ကန်စွာ မကျင့်သုံးနိုင်ကြပါဘူး။ လူငယ်များအကြား လိင်မဆက်ဆံခြင်းအကြောင်းအသိပညာပေးရေးအစီအစဥ်များဟာ မပြင်ဆင်ထားတဲ့ ကိုယ်ဝန်ဆောင်မှု နဲ့ STI များအန္တရာယ်ကိုလျှော့ချပေးနိုင်ကြောင်း သက်သေမရှိပါဘူး။ အသက်အရွယ်ရှိပြီး ရင့်ကျက်သောအတွဲများမှ ကျင့်သုံးသည့်အခါ လိင်မဆက်ဆံခြင်းဟာ ပိုမိုထိရောက်ပြီး မူးယစ်ဆေးဝါးများ နှင့် အရက်များသုံးစွဲပါက ထိရောက်မှုနည်းပါတယ်။ ဒါ့အပြင် အတွဲအကြား လိင်ပိုင်းဆိုင်ရာခံစားမှုများအားကောင်းပါကလည်း ထိရောက်မှာမဟုတ်ပါဘူး (၃)။

လိင်မဆက်ဆံခြင်းနည်းလမ်းကို သင်ဘယ်အချိန်မှာ စဥ်းစားသင့်သလဲ?

– အကယ်၍ သင့်ရဲ့ ဘာသာတရားက အခြားသန္ဓေတားနည်းလမ်းများကို ခွင့်မပြုသည့်အခါ။
– အကယ်၍ ကိုယ်ကျင့်တရား၊ ဘာသာရေး သို့မဟုတ် ယဥ်ကျေးမှုအကြောင်းပြချက်များကြောင့် သင်ဟာ သင့်လက်တွဲဖော်နှင့် လိင်မဆက်ဆံရန် သဘောတူညီပြီးသည့်အခါ။
– အကယ်၍ သင်ဟာ အခြားသန္ဓေတားနည်းလမ်းများကို မရရှိနိုင်သည့်အခါ။

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles