လိင််မဆက်ဆံခြင်းရဲ့ အကျိုးကျေးဇူးများကဘာလဲ?
– သဘောတရားအားဖြင့်၊ လိင်မဆက်ဆံခြင်းဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းဖြစ်ပါတယ်။
– ၎င်းဟာ သင်နှင့်သင့်လက်တွဲဖော်အကြား နီးစပ်မှု နှင့် တဦးပေါ်တဦးချစ်ခြင်းမေတ္တာပြသသည့်နည်းလမ်းတို့အတွက် ဆန်းသစ်တီထွင်ရန် အခွင့်အရေးကောင်းဖြစ်ပါတယ်။ လိင်မှုကိစ္စမပါဝင်သောလုပ်ဆောင်မှုများဖြစ်သည့် ရိုမန့်တစ်လမ်းလျှောက်ခြင်းများ၊ ညစာအတူစားခြင်း၊ လက်ဆောင်များလဲလှယ်ခြင်းစသည်တို့အပါအဝင် ဒီဟာကို လုပ်ဆောင်ဖို့ နည်းလမ်းများစွာရှိပါတယ်။
– ၎င််းဟာ မည်သည်မှ မကုန်ကျပါဘူး။
– ၎င်းမှာ မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။
– ၎င်းဟာ အတွဲတစ်တွဲအား တဦး နှင့် တဦးပိုသိရန်၊ ၎င်းတို့၏ ဆက်ဆံရေးအရည်အသွေးကို တိုးမြှင့်နိုင်ရန် အခွင့်အရေးပေးနိုင်ပါတယ် (၆)။
လိင်မဆက််ဆံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများကဘာလဲ?
– ၎င်းဟာ အားစိုက်ထုတ်မှု အများအပြားလိုအပ်ပါတယ်။ သင့်မှာ ထိန်းချုပ်မှုရှိရန်လိုအပ်ပြီး မအင်္ဂါဖြင့် လိင်ဆက်ဆံမှု မရှိမှသာ ထိရောက်မှာဖြစ်ပါတယ် (သို့သော်လည်းသင်ဟာ ပါးစပ် သို့မဟုတ် စအိုလိင်ဆက်ဆံမှုပြုလုပ်နိုင်ပါတယ်)။
– ၎င်းဟာ စည်းကမ်းရှိမှု နှင့် တစိုက်မတ်မတ်လုပ်မှု လိုအပ်ပါတယ်။ “အခုမဟုတ်ဘူး” လို့ပြောခြင်းဟာ သင်တစိုက်မတ်မတ်လုပ်ဆောင်ပါမှ သန္ဓေတားနည်းလမ်းအဖြစ်အလုပ်လုပ်မှာဖြစ်ပါတယ်။
– ၎င်းဟာ သင့်လက်တွဲဖော်နှင့် ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံရေးအရည်အချင်းများလိုအပ်ပါတယ်။ သင်ဟာ တွေ့ဆုံနေဆဲ သို့မဟုတ် ချစ်သူဆက်ဆံရေးဖြစ်တယ်ဆိုရင်၊ သင့်လက်တွဲဖော်အား မည်သည်က အဆင်ပြေကြောင်း၊ မည်သည်က အဆင်မပြေကြောင်း ပြောဆိုနိုင်ရန် အရေးကြီးပါတယ်။ ဆိုလိုသည်မှာ လိင်ပိုင်းဆိုင်ရာ စူးစမ်းလေ့လာမှုအတွက် သင်မည်မျှသွားလိုသည်ကို သင့်လက်တွဲဖော်အားပြောပြဖို့ သက်တောင့်သက်သာဖြစ်ရန်လိုအပ်ပါတယ်။
– သင့်မှာ အားပေးကူညီတတ်သော လက်တွဲဖော်ရှိရန်လိုအပ်ပါတယ်။ သင်ဟာ ချစ်သူဆက်ဆံရေးအတွင်းဖြစ်ပါက၊ သင်တို့နှစ်ယောက်လုံးအနေဖြင့် မအင်္ဂါဖြင့် လိင်မဆက်ဆံခြင်းနှင့်ပတ်သက်၍ အဆင်ပြေရန်လိုအပ်ပါတယ်။ သို့သော်လည်း၊ “အခုမဟုတ်ဘူး” ပြောခြင်းဟာ သင့်အား မပျော်ရွှင်ရဘူးလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာ မှတ်သားပေးပါ။
– ၎င်းကို ကြာရှည်ထိန်းသိမ်းရန် ခက်ခဲနိုင်ပါတယ်။
– သင်ဟာ အရက်မူးနေပါက ကျင့်သုံးရန် ခက်ခဲနိုင်ပါတယ်။
– ၎င်းဟာ STI များမှ အမြဲတမ်းမကာကွယ်ပေးပါဘူး။