အရေးပေါ်သန္ဓေတားသောက်ဆေးများသုံးစွဲခြင်းဟာ အချို့သောအဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးများရှိပါတယ်၊ သို့သော်လည်း အမျိုးသမီးအများစုအတွက်၊ ၎င်းတို့ဟာ ပြဿနာမဟုတ်ပဲ ၂၄ နာရီပြီးနောက် ပျောက်သွားနိုင်ပါတယ် [8]။
၎င်းတို့မှာအောက်ပါတို့ပါဝင်ပါတယ် :
– သွေးဆင်းသည့်ပုံစံပြောင်းလဲခြင်းများ (လစဥ်ဓမ္မတာများ မျှော်လင့်ထားသည်ထက် စောစခြင်း သို့မဟုတ် နောက်ကျခြင်း၊ သို့မဟုတ် အရေးပေါ်သန္ဓေတားသောက်ဆေးသောက်ပြီး ၁ ရက် မှ နှစ် ရက်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းများ)၊
– ရင်သားနူးညံ့ခြင်း၊
– အစာအိမ်အောင့်ခြင်း၊
– မအီမသာဖြစ်ခြင်း နှင့် အော့အန်ခြင်း (အမျိုးသမီးများမှာ အခြား အရေးပေါ်သောက်ဆေးများနှင့်ယှဥ်လျှင် Yuzpe ကြောင့် ဘေးထွက်ဆိုးကျိုးများ – အထူးသဖြင့် မအီမသာဖြစ်ခြင်း – ပိုဖြစ်နိုင်ပါတယ်)၊
– ခေါင်းမူးခြင်း၊
– ခေါင််းကိုက်ခြင်းများ၊ နှင့်
– ကိုယ်လက်နာကျင်ခြင်း။
အရေးပေါ်သန္ဓေတားသောက်ဆေးများနှင့်ဆက်စပ်၍ ကျန်းမာရေးအန္တရာယ်ဆက်စပ်မှုများ မရှိပါ။
အရေးပေါ်သန္ဓေတားသောက်ဆေးများဟာ သင့်ကို လိင်မှကူးစက်သောရောဂါများမှ မကာကွယ်ပေးဘူးဆိုတာ မှတ်ထားပေးပါ။
အရေးပေါ်သန္ဓေတားသောက်ဆေးများ (ECPs) များသုံးစွဲခြင်းကြောင့် ရေရှည်ဘေးထွက်ဆိုးကျိုးများရှိပါသလား?
ECP များသောက်ပြီးနောက် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဟာ မပြင်းထန်သလို ရေရှည်လည်းမဖြစ်ပါ။ ၎င်းတို့ဟာ သန္ဓေတားသောက်ဆေးသောက်သူများကြုံတွေ့ရသောဆိုးကျိုးများနှင့်ဆင်တူပါတယ်၊ ဒါပေမဲ့ ပိုမိုအားနည်းပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အမျိုးသမီးတဦးနှင့်တဦးမတူညီပဲ အချို့အမျိုးသမီးများမှာ ဘေးထွက်ဆိုးကျိုးလုံးဝမခံစားရပါ။
မနက််ပြီးနောက်ဆေးပြားသောက်ပြီး ဘယ်လောက်အကြာမှာ ကျွန်ုပ်ဓမ္မတာပြန်လာမလဲ?
မနက်ပြီးနောက််ဆေးပြားသောက်ခြင်းဟာ ပုံမှန်အားဖြင့် သင့်ရဲ့ ဓမ္မတာကို ခုနှစ်အထိ နှောင့်နှေးစေပါတယ်။ သင့်ရဲ့ ဓမ္မတာများဟာ မှန်းထားသည်ထက် အနည်းငယ်စောရောက်ခြင်း သို့မဟုတ် နောက်ကျခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ သင့်ဓမ္မတာများအကြား (ဆေးပြားသောက်ပြီးနောက် ၁ ရက် သို့မဟုတ် နှစ်ရက်အတွင်း) သွေးဆင်းခြင်းကြုံတွေ့ရတာလည်း ပုံမှန်ဖြစ်ပါတယ်။ မနက်ပြီးနောက်ဆေးပြားသောက်ပြီး ၃ ပတ် မှ ၄ ပတ်အတွင်း သင့်ဓမ္မတာပြန်မလာပါက၊ သင်ဟာ ကိုယ်ဝန်စစ်ဆေးခြင်းပြုလုပ်သင့်ပါတယ်။ ဆေးပြားများအလုပ်လုပ်ကြောင်းသိနိုင်သည့်တခုတည်းသော နည်းလမ်းမှာ ဓမ္မတာပြန်လာခြင်းဖြစ်ပါတယ်။