ကျန်းမာရေးအကျိုးကျေးဇူးများ
အရေးပေါ်သန္ဓေတားနည်းလမ်းများအားလုံးဟာ အလွန်ထိရောက်ပါတယ်။ အရေးပေါ်သောက်ဆေးများ Ulipristal acetate သို့မဟုတ် ပရိုဂျက်စတင်သီးသန့်သောက်ဆေးများဟာ ကိုယ်ဝန်ကာကွယ်ရာမှာ ၉၉% ထိရောက်ပါတယ်။ အက်စတိုဂျင်နှင့်ပရိုဂျက်စတင်ပေါင်းစပ်ထားသော ECP များဟာ ၉၈ ရာခိုင်နှုန်းထိရောက်ပါတယ်။ သို့သော်လည်း၊ လိင်ဆက်ဆံမှုမတိုင်ခင် သို့မဟုတ် လိင်ဆက်ဆံမှုအတွင်း အသုံးပြုနိုင်သော နည်းလမ်းများဟာ ကောင်းကျိုးများပိုပေးနိုင်ပါတယ်။
Ulipristal acetate ဆေးပြားများဟာ အကာအကွယ်မဲ့လိင်ဆက်ဆံမှုပြီးနောက် ငါးရက်အထိ အလုပ်လုပ်နိုင်ပြီး အခြား အရေးပေါ်သောက်ဆေးများနှင့်မတူပဲ အဆိုပါ ငါးရက်အတွင်း ထိရောက်မှုလျော့ကျသွားမှာမဟုတ်ပါဘူး။
Ulipristal acetate သို့မဟုတ် levonogestrel ECP သောက်သုံးသောအမျိုးသမီးများဟာ စုပေါင်း ECP ဖော်စပ်မှုများသုံးစွဲသည့် အမျိုးသမီးများနှင့်ယှဥ်လျှင် မအီမသာဖြစ်ခြင်း နှင့် အော့အန်ခြင်းကို ခံစားရနိုင်ချေနည်းပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
အရေးပေါ်သန္ဓေတားဆေးများဟာ ဆယ်ကျော်သက်များ နှင့် ပုံမှန်ဟော်မုန်းသန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သော အမျိုးသမီးများအပါအဝင်အမျိုးသမီးအားလုံးအတွက် အန္တရာယ်ကင်းပါတယ်။
ကျန််းမာရေးဝန်ဆောင်မှုပေးသူနှင့်မတွေ့ပဲ အရေးပေါ်သန္ဓေတားသောက်ဆေးကို သောက်နိုင်ပါတယ်။
အရေးပေါ်သန္ဓေတားသောက်ဆေးများသောက်သုံးရတဲ့လုပ်ငန်းစဥ်ကို အမျိုးသမီးကိုယ်တိုင်ထိန်းချုပ်နိုင်ပါတယ်။
သန္ဓေတားနည်းလမ်းကျရှုံးသည့်အခါ သို့မဟုတ် လုံးဝမသုံးသည့်အခါ၊ အရေးပေါ်သန္ဓေတားခြင်းဟာ ကိုယ်ဝန်ဖျက်ချရန်လိုအပ်မှုကို လျော့ချပေးပါတယ်။
သင်ဟာ လိုအပ်သည့်အခါသုံးနိုင်ရန် သန္ဓေတားဆေးကို ဆောင်ထားနိုင်ပါတယ်။
ECP များဟာ အကာအကွယ်မရှိပဲ လိင်ဆက်ဆံပြီးနောက် သို့မဟုတ် သန္ဓေတားနည်းလမ်းကျရှုံးပြီးနောက် ကာကွယ်မှုနှင့်စိတ်အေးချမ်းမှုပေးစွမ်းပါတယ်။
၎င်းဟာမျိုးပွားနိုင်ခြင်းကို မနှောင့်နှေးစေပါဘူး။ ECP ကိုသောက်ပြီးနောက် ကိုယ်ဝန်မြန်မြန်ရနိုင်ပါတယ်။
အရေးပေါ်သန္ဓေတားသောက်ဆေးများဟာ တခုတည်းသော အရေးပေါ်သန္ဓေတားနည်းလမ်းဖြစ်ပါသလား?
ရွေးချယ်စရာအများအပြားကို အရေးပေါ်သန္ဓေတားနည်းလမ်းအဖြစ်သုံးနိုင်ပါတယ်။ ECP အပြင် ကြေးနီ IUD ကို အထိရောက်ဆုံးအရေးပေါ်သန္ဓေတားနည်းလမ်းများမှ တခုအဖြစ် သတ်မှတ်ကြပါတယ်။ ၎င်းဟာ အမျိုးသမီးများအတွက် ပုံမှန်သန္ဓေတားနည်းလမ်းအသုံးပြုနိုင်တဲ့အခွင့်အရေးလမ်းပေးပါသေးတယ်။ [6]။
သင််ဟာ မနက်ပြီးနောက်ဆေးပြားကို ဘယ်နှကြိမ်သောက်နိုင်သလဲ?
မနက်ပြီးနောက်ဆေးပြားကိုပုံမှန်သောက်သုံးခြင်းဟာ ကျန်းမာရေးမထိခိုက်စေနိုင်ပါဘူး။ အများထင်မှတ်ကြသလိုမဟုတ်ပဲ၊ ဒီဆေးပြားများကို လိုအပ်သလောက်များများသောက်သုံးနိုင်ပါတယ်၊ တူညီတဲ့ ဓမ္မတာကာလအတွင်း တကြိမ်ထက်ပိုပြီးတော့လည်းသောက်နိုင်ပါတယ်။ သို့သော်လည်း ကိုယ်ဝန်ကာကွယ်ရာမှာထိရောက်ဖို့ ၎င်းတို့ကိုပဲ လုံးဝ မမှီခိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ရဲ့ ထိရောက်မှုက သင့်ရဲ့ မျိုးဥထွက်ချိန်အပေါ် မူတည်လို့ပါ။ ဒါ့အပြင်၊ ပုံမှန်သုံးစွဲခြင်းဟာ သင့်ကို ဘေးထွက်ဆိုးကျိုးတွေပိုပေးနိုင်ပါတယ်။ သင်ဟာ ဆေးပြားများကို ပုံမှန်သုံးစွဲဖို့လိုလာပြီဆိုရင်၊ အခြား ရေရှည်သန္ဓေတားနည်းလမ်းကို သုံးစွဲရန် စဥ်းစားဖို့ အကြံပေးပါတယ်။
မနက််ပြီးနောက်ဆေးပြားဟာ သင့်ကို ဘယ်အချိန်လောက်အထိ ကာကွယ်ပေးပါသလဲ?
မနက်ပြီးနောက်ဆေးပြားကို ၅-၇ရက်အထိသာ ကိုယ်ဝန်တားဆီးခြင်းမှာ ထိရောက်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ သင်ဟာ ဆေးပြားများကို ပုံမှန်သုံးစွဲဖို့လိုလာပြီဆိုရင်၊ ပုံမှန်သုံးရတဲ့သန္ဓေတားနည်းလမ်းကိုသုံးစွဲဖို့ စဥ်းစားသင့်ပါတယ်။ ဒီလိုသုံးခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်းမှ ပိုမိုထိရောက်တဲ့ကာကွယ်မှုရရှိစေမှာပါ။