အသေးစားတားဆေး၏ဘေးထွက်ဆိုးကျိုးများ

အသေးစားတားဆေး၏ဘေးထွက်ဆိုးကျိုးများ
အသေးစားတားဆေး၏ဘေးထွက်ဆိုးကျိုးများ

ပရိုဂျက်စတင်သီးသန့်တားဆေး၏ ဘေးထွက်ဆိုးကျိုးများက ဘာလဲ?

ဘေးထွက်ဆိုးကျိုးများဟာ ကျန်းမာရေးချို့ယွင်းခြင်း လက္ခဏာများ မဟုတ်ကြပါဘူး၊​ ဆိုးကျိုးအများစုဟာ ဆေးလုံးသောက်ပြီး ပထမဆုံးလအနည်းငယ်အတွင်း လျော့ကျခြင်း သို့မဟုတ် လုံးဝပျောက်ကွယ်သွားခြင်းဖြစ်ကြပါတယ်။ ၎င်းတို့ဟာ အဖြစ်များကြသော်လည်း အချို့အမျိုးသမီးများမှာ ၎င်းတို့ကို လုံးဝခံစားရခြင်းမရှိပါ။ တားဆေး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ –

– သုံးစွဲသူများ၏ သွေးဆင်းခြင်းပုံစံများပြောင်းလဲခြင်း၊ မမှန်ကန်သော၊ ပုံမှန်မဟုတ်သော၊ များပြားသော နှင့် ကြာရှည်သော သွေးဆင်းခြင်း သို့မဟုတ် လုံးဝ သွေးမဆင်းခြင်း ( နို့တိုက်ခြင်းဟာ သင့်ရဲ့ သွေးဆင်းခြင်းပုံစံများကို သက်ရောက်စေသောကြောင့် နို့တိုက်သော အမျိုးသမီးများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ဓမ္မတာပြန်လာချိန် နှောင့်နှေးခြင်းကို ကြုံတွေ့ရပါတယ်)​တို့ပါဝင်ပါတယ်၊
– ခေါင်းကိုက်ခြင်းများ၊
– ခေါင််းမူးခြင်းများ၊
– ဝမ်းဗိုက်နာကျင်ခြင်း၊
– ရင်သားများနာကျင်ခြင်း၊
– စိတ်ခံစားချက်ပြောင်းလဲခြင်းများ၊ နှင့်
– မအီမသာဖြစ်ခြင်း (မအီမသာဖြစ်ခြင်းမှ ရှောင်ကြဥ်ရန်၊ ဆေးလုံးများကို အစားအသောက်နှင့် တွဲသောက်ပါ သို့မဟုတ် အိပ်ရာဝင်ချိန်မှသောက်ပါ)။
နို့တိုက်ခြင်းမရှိသော အမျိုးသမီးများအနေဖြင့် ပိုမိုကြီးမားသော သားဥအိမ်မွေးညင်းပေါက်များဖြစ်ပေါ်နိုင်ပါတယ် [8]။

အန္တရာယ်များ

သန္ဓေတားသောက်ဆေးနှင့်နှိုင်းယှဥ်လျှင်၊ ၎င်းဟာ ကိုယ်ဝန်တားဆီးမှုပေးရာမှာ အနည်းငယ်ထိရောက်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ အက်စတိုဂျင်ပါဝင်သော ဆေးလုံးများလောက် မျိုးဥထွက်ခြင်းကို ကောင်းမွန်စွာ မတားဆီးပေးနိုင်လို့ဖြစ်ပါတယ်။
ပရိုဂျက််စတင်သီးသန့်တားဆေးသောက်သုံးနေချိန်တွင် ကိုယ်ဝန်ရှိပါက၊ ၎င်းဟာ သားအိမ်ပြင်ပ သန္ဓေတည်းခြင်းဖြစ်နိုင်သည့် အခွင့်အရေးအနည်းငယ်ရှိပါတယ်။ သို့သော်လည်း သားအိမ်ပြင်ပသန္ဓေတည်ခြင်းဟာ မည်သည့်သန္ဓေတားနည်းလမ်းမျှ​မသုံးစွဲခြင်းနှင့် နှိုင်းယှဥ်လျှင် ပရိုဂျက်စတင်သီးသန့်တားဆေးသောက်ချိန်တွင် ဖြစ်နိုင်ချေများစွာပါနည်းပါတယ်။
အကယ်၍ သုံးလကြာပြီးနောက် ခံစားနေရသော ဘေးထွက်ဆိုးကျိုးများသည် သင်လက်ခံနိုင်သော ပမာဏထက်များသည်ဟု ခံစားရပါက၊ နည်းလမ်းအသစ်ပြောင်းပြီး သန္ဓေတည်ခြင်းမှ ကာကွယ်ပါ။ သင်နှင့် သင့်လျော်သော နည်းလမ်းရှာဖွေချိန်တွင် ကွန်ဒုံးများဟာ ကောင်းမွန်သော ကာကွယ်မှုပေးပါတယ်။​ ပရိုဂျက်စတင်သီးသန့်တားဆေးများဟာ သင့်ကို လိင်မှကူးစက်သောရောဂါများမှ ကာကွယ်မှုမပေးဘူးဆိုတာ မှတ်သားထားပေးပါ။

ပရိုဂျက်စတင််သီးသန့်တားဆေးများဟာ ဝက်ခြံဖြစ်စေနိုင်ပါသလား?

ပရိုဂျက်စတင်ဟာ ဝက်ခြံမဖြစ်စေနိုင်သော်လည်း ၎င်းဟာ ဖြစ်စေနိုင်သည့် အကြောင်းအရင်းများထဲမှ တခုဖြစ်ပါတယ်။ ပရိုဂျက်စတင်ဟာ ဆီဘမ်ကို မြင့်တက်စေပါတယ် (အရေပြားမှထုတ်လုပ်သည့် ကပ်စေးပြီးအဆီများသည့် အရာဝတ္ထု)။ အရေပြားပေါ်တွင် ဆီဘမ်များပြားခြင်းသည် ချွေးပေါက်များကို ပိတ်စေနိုင်ပြီး ဘက်တီးရီးယားများရှင်သန်ရန် အကောင်းဆုံးသောပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ အသားအရေကို ဝက်ခြံထွက်စေပါတယ်။ ဒီလို ဝက်ခြံအမျိုးအစားကို ဟော်မုန်းနှင့်သက်ဆိုင်သည့် ဝက်ခြံဟု ခေါ်ပါတယ်။ ပရိုဂျက်စတင်သီးသန့်တားဆေးသောက်နေစဥ်အတွင်း ဝက်ခြံထွက်ပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူအား ကုသရေးရွေးချယ်စရာများတိုင်ပင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးဟာ သင်လက်ခံနိုင်သည့် ပမာဏထက်ပိုပါက၊ သင်ဟာ အခြားသန္ဓေတားနည်းလမ်းတခုပြောင်းသုံးခြင်းကို အမြဲတမ်းစဥ်းစားနိုင်ပါတယ်။​

ပရိုဂျက်စတင်သီီးသန့်တားဆေးများ နှင့် ကင်ဆာအကြား ဆက်နွယ်မှုရှိပါသလား?​

PLOS ဆေးဝါးဂျာနယ် မှ မကြာသေးမှီက ပြုလုပ်သော သုတေသနအရ ပရိုဂျက်စတင်သီးသန့်တားဆေးများအသုံးပြုခြင်းသည် တစုံတရောက်အားသန္ဓေတားသောက်ဆေးတွင် တွေ့ရသည့် အန္တရာယ်ကဲ့သို့ ရင်သားကင်ဆာဖြစ်ပွားရန် အလားအလာပေးနိုင်တယ်လို့ သိရှိရပါတယ်။ သို့သော်လည်း၊ ဒီအန္တရာယ်ဟာ အသက်အရွယ်ကြီးသော အမျိုးသမီးများတွင် ပိုမိုများပြားပါတယ်၊ ဒါပေမဲ့ သုံးစွဲမှု ရပ်တန့်ပြီး နှစ်အနည်းငယ်ကြာမြင့်တာနဲ့ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ အကောင်းဖက်က ကြည့်လျှင် တူညီသော ဆေးလုံးများဟာ အမျိုးသမီးများကို အခြား အမျိုးသမီးဆိုင်ရာ ကင်ဆာများဖြစ်သည့် သားအိမ်ကင်ဆာ နှင့် သားဥအိမ်ကင်ဆာတို့မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။ အကယ်၍သင်ဟာ ပရိုဂျင်စတင်သီးသန့်တားဆေးများကို သင့်ရဲ့ သန္ဓေတားနည်းလမ်းအဖြစ်သုံးရန် စဥ်းစားနေတယ်ဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ကောင်းကျိုး၊ ဆိုးကျိုးများကို ဆွေးနွေးသင့်ပါတယ်။

ပရိုဂျက်စတင်သီီးသန့်တားဆေးများ သွေးစိမ့်စေခြင်းအတွက် ကျွန်ုပ်စိုးရိမ်သင့်ပါသလား?

သွေးစိမ့်ခြင််း သို့မဟုတ် သွေးဆင်းခြင်းဟာ ပရိုဂျက်စတင်သီးသန့်တားဆေးရဲ့ အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။​ အထူးသဖြင့် သင်ဟာ အရင် နှစ်လအတွင်း ဆေးလုံးများကို စတင်သောက်ခဲ့တယ်ဆိုရင်ပေါ့။ သင့်ခန္ဓာကိုယ်ဟာ နည်းလမ်းအသစ်ကို အသားကျအောင် လုပ်ဆောင်နေရတဲ့အတွက် ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဓမ္မတာများအကြား သွေးဆင်းခြင်းဟာ ဟော်မုန်းအတက်အကျဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ ပုံမှန်ဓမ္မတာကာလတွင်၊ အမျိုးသမီးခန္ဓာကိုယ်အတွင်း သဘာဝအတိုင်းတွေ့ရှိရတဲ့ ပရိုဂျင်စတင် နဲ့ အက်စတိုဂျင်ဟော်မုန်းများဟာ ကိုယ်ဝန်ဆောင်မှုအတွက် ပြင်ဆင်ရန် သားအိမ်နံရံများကို ကူညီထိန်းသိမ်းပေးပါတယ်။ သားအိမ်အတွင်း ပရိုဂျင်စတင်ထည့်သွင်းခြင်းဟာ ဒီညီမျှခြင်းကို ကမောက်ကမဖြစ်စေပါတယ်။ ဒါ့ကြောင့် ရံဖန်ရံခါ သွေးဆင်းခြင်း သို့မဟုတ် သွေးစိမ့်ခြင်းဖြစ်ပါတယ်။

သုံးစွဲသူအများစုအတွက်၊ ခန္ဓာကိုယ်မှ နည်းလမ်းနှင့်အသားကျဖို့၊ ပုံမှန် ဓမ္မတာလာဖို့ လအနည်းငယ်အချိန်ယူမည်ဖြစ်ပါတယ်။ သွေးစိမ့်ခြင်းဟာ ရပ်မသွားဘူး သို့မဟုတ် သင်ဟာ အက်စတိုဂျင်မပါဝင်သော သန္ဓေတားနည်းလမ်းများကို စိတ်ဝင်စားတယ်ဆိုရင်တော့၊ သင့်ရဲ့ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်အတူ အခြား ပရိုဂျက်စတင်သီးသန့်နည်းလမ်းများဖြစ်တဲ့ လက်မောင်းထည့်ပစ္စည်းများ သို့မဟုတ် ထိုးဆေးများကို ဆွေးနွေးနိုင်ပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားထိုးဆေး

Hormonal

ဒါဘာလဲ။
သန္ဓေတားထိုးဆေးဟာ အမျိုးသမီးခန္ဓာကိုယ်တွင် တွေ့ရသည့် ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၉၆-၉၇% ထိရောက်ပါတယ်။
  • အားသာချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ် – တစ်၊ နှစ် ဒါမှမဟုတ် သုံးလ (ရရှိနိုင်သည့် အမျိုးအစားအပေါ် မူတည်၍)။
    • ၎င်းကို ဖွက်ရလွယ်ပါတယ်၊​ မည်သူမှ သိမှာမဟုတ်ပါဘူး။​
    • ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ အက်စတိုဂျင်ပါဝင်သောသန္ဓေတားနည်းလမ်းများမသုံးနိုင်သူများအတွက် ကောင်းပါတယ်။
    အားနည်းချက်များ
    • သင်ဟာ တစ်၊ နှစ် ဒါမှမဟုတ် သုံးလတစ်ခါ ထိုးဆေးထိုးရမှာဖြစ်တာကြောင့် ၎င်းဟာ ပုံမှန်ထိန်းသိမ်းမှုလိုပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများမှာ ဓမ္မတာများပိုပြီးပျော့လာခြင်း၊ ပိုတိုခြင်း ဒါမှမဟုတ် အဖြစ်နည်းခြင်း နဲ့ သွေးစိမ့်ခြင်း၊ မမျှော်လင့်သော သွေးဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပါဘူး။ ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ သုံးစွဲမှုရပ်တန့်ပြီးသော်လည်း ကိုယ်ဝန်ရနိုင်ချေ နှောင့်နှေးမှုဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများထဲမှာ ခေါင်းကိုက်ခြင်းများ၊ ခေါင်းမူးခြင်း၊ လိင်ဆန္ဒပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်းများ၊ ရင်သားပျော့ခြင်း နဲ့ ရင်ပြည့်ခြင်းတို့ ဖြစ်ပါတယ်။
    သန္ဓေတားဆေး ထည့်သွင်းခြင်း။

    Hormonal

    သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ကာကွယ်ရန် လက်မောင်းအပေါ်ပိုင်းအတွင်းသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးပါးလွှာတဲ့ ပရိုဂျက်စတင်အချောင်းဖြစ်ပါတယ်။
  • ၎င်းဟာ ၉၉.၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ မမြင်သာသောကြောင့် လိုက်ရှာသူများမှ လွဲ၍ အခြားသူများထံမှ ဖွက်ရန်လွယ်ပါတယ်၊။
    • ၎င်းကို သုံးရတာလွယ်ပါတယ်။​ထည့်သွင်းပြီး မေ့ထားလိုက်ရုံပါပဲ။
    • ၎င်းဟာ သုံးနှစ် ကနေ ငါးနှစ်အထိ ကြာရှည်ခံသော ကာကွယ်မှုပေးပါတယ်။​”

     

    • အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းဖြစ်ပါတယ် – သွေးနည်းနည်းဆင်းခြင်း ဒါမှမဟုတ် သွေးစိမ့်ခြင်း – သို့မဟုတ် သင့်လစဥ် ဓမ္မတာရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    • အခြားဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်သားနူးညံ့လာခြင်း၊ အစာစားချင်စိတ်ပြောင်းလဲခြင်း နှင့် ဝက်ခြံ ဆိုးလာခြင်း သို့မဟုတ် ပိုကောင်းခြင်း ဖြစ်နိုင်ပါတယ်။
    မွေးဖွားမှုထိန်းချုပ်ရေးကွင်း

    Hormonal

    မအင်္ဂါအကွင်းဟာ သန္ဓေတားနည်းလမ်းအဖြစ် မအင်္ဂါထဲသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးကွေးဆန့်နိုင်တဲ့ အကွေးဖြစ်ပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပုံမှန်ဖြစ်သော၊ နာကျင်မှုနည်းသော၊ အားပျော့သော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • အခြားဟော်မုန်းပါဝင်သော သန္ဓေတားနည်းလမ်းများနဲ့ နှိုင်းယှဥ်ရင် ၎င်းမှာ ဟော်မုန်းပမာဏပိုနည်းပါတယ်။
    • သုံးစွဲမှုရပ်လိုက်ပြီးတဲ့နောက်မှာ ၎င်းဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းရည်ကို မနှောင့်နှေးစေပါဘူး။
    • သင်ဟာ တစ်လတစ်ကြိမ်၊ အချိန်မှန် ၎င်းကို လဲလှယ်ရမှာဖြစ်တဲ့အတွက် ပုံမှန်အားထုတ်မှုလိုအပ်ပါတယ်။
    • ၎င်းဟာ ရေရှည်ကာကွယ်ခြင်းကို မပေးစွမ်းပဲ ပုံမှန်အသုံးပြုမှာသာလျှင် ထိရောက်ပါတယ်။ ၎င်းကို သုံးပတ်ထည့်ရပြီး နောက်ဆုံးအပတ်မှာ မထည့်ရပါဘူး။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်ပြည့်ခြင်း၊ ရင်သားများနာခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်းများ နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
    ကပ်ခွာပြား

    Hormonal

    အပြားဟာ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ပါဝင်သော ပါးလွှာပြီး လေးထောင့်ဖြစ်တဲ့ ၅ စင်တီမီတာပတ်လည် ဆေးပလာစတာလိုမျိုး ပစ္စည်းဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်မှာ ကပ်ရပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပိုမိုပုံမှန်ဖြစ်သော၊ ပျော့သော၊ နာကျင်မှုနည်းသော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • သင် အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာဖြစ်ရင်တောင် ၎င်းဟာ ထိရောက်နေဦးမှာပါ။
    • သုံးစွဲမှုရပ်ပြီးနောက်မှာ ၎င်းဟာ ကိုယ်ဝန်ရနိုင်စွမ်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို သင့်ခန္ဓာကိုယ်ပေါ်မှာမြင်နိုင်သောကြောင့် ဖွက်ရတာခက်ပါတယ်။
    • ၎င်းဟာ အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ ကပ်ခွာအပြားအသစ်တစ်ခုကို တစ်ပတ်တစ်ခု၊ သုံးပတ်အတွက် ကပ်ရပါတယ်၊ ပြီးသွားရင် နောက်ဆုံးအပတ်မှာတော့ မကပ်ရပါဘူး။
    • ၎င်းဟာ ရေရှည်ကာကွယ်မှုမပေးပါဘူး၊ ပြီးတော့ လစဥ်ဓမ္မတာကာလအတွင်း မှန်ကန်စွာသုံးမှသာ ၎င်းဟာ ထိရောက်ပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပါတယ်၊ ပြီးရင် ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများ ဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ အသားအရေ ဓာတ်မတည့်ခြင်း၊ အော့အန်လိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနူးညံ့ခြင်း နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပဲ လအနည်းငယ်အကြာမှာ ပျောက်သွားပါမယ်။
    အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

    Hormonal

    စိတ်မချရပဲလိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ကိုတားဆီးပါ
  • ၎င်းဟာ ၉၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ ပုံမှန်ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သည့် အမျိုးသမီးများအပါအဝင် အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းပါတယ်။
    • ၎င်းကို ရယူရန် ဆရာဝန်ဆေးစာ ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု မလိုအပ်ပါဘူး။
    • ၎င်းဟာ သန္ဓေအောင်နိုင်မှုပြန်ဖြစ်ခြင်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို ဖွက်ဖို့ မလွယ်ပါဘူး။ သင့်အိတ်ထဲတွင် ၎င်းကို တွေ့နိုင်ပါတယ်။
    • ၎င်းဟာ ရေရှည် ကိုယ်ဝန်ကာကွယ်ခြင်းကို မပေးစွမ်းပါဘူး။ ၎င်းဟာ တစ်ကြိမ်တစ်ခါ ကာကွယ်ခြင်းကို ပေးပြီးတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ငါးရက်အတွင်း သောက်မှသာ ထိရောက်ပါတယ်။
    • ၎င်းဟာ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အနည်းငယ်ပုံမှန်မဟုတ်သော မအင်္ဂါသွေးဆင်းခြင်း နဲ့ ပင်ပန်းမှုဖြစ်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများဟာ အန္တရာယ်မရှိပါဘူး။
    • ၎င်းကို ပုံမှန်သန္ဓေတားနည်းလမ်းအဖြစ် အသုံးပြုရန် အကြံမပေးပါဘူး။

    Our Monthly Top Articles