ကျန်းမာရေးအကျိုးကျေးဇူးများ
နို့တိုက်နေသော မိခင်များမှ သောက်နိုင်ပါတယ်။
နို့တိုက််နေသော အမျိုးသမီးများမှ မှန်ကန်စွာအသုံးပြုပါက၊ ၎င်းဟာ ကိုယ်ဝန်ကာကွယ်ရာတွင် ၉၉% ထိရောက်နိုင်ပါတယ်။
သန္ဓေတားသောက်ဆေးနှင့် နှိုင်းယှဥ်လျှင် ၎င်းတွင် ဟော်မုန်းပါဝင်မှုနည်းပါးပါတယ်။
သန္ဓေတားသောက််ဆေးနှင့် မတူပဲ၊ ပရိုဂျက်စတင်သီးသန့်တားဆေးဟာ သွေးခဲမှုအန္တရာယ်များပြားခြင်း မဖြစ်စေပါဘူး။ ထို့ကြောင့် ဒီဟာကို သန္ဓေတားသောက်ဆေး မသောက်နိုင်တဲ့ အမျိုးသမီးအချို့မှလည်း သောက်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြင်းထန်သော ခေါင်းတခြမ်းကိုက်ခြင်း နှင့် သွေးပေါင်ချိန်မြင့်မားသူများ။
လိင်ဆက်ဆံမှုပြီးနောက် သို့မဟုတ် အရေးပေါ် သန္ဓေတားဆေးအဖြစ်သုံးနိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် ၇၂ နာရီအတွင်းသောက်ပါက ပရိုဂျက်စတင်သီးသန့်ပါဝင်သော တားဆေးဟာ မျိုးဥထွက်ခြင်းကို တားဆီးခြင်း သို့မဟုတ် နှောင့်နှေးစေခြင်းလုပ်ပေးနိုင်ပါတယ်။ သို့သော်လည်း ၎င်းဟာ မျိုးအောင်ဥ သားအိမ်နံရံသို့တွယ်ကပ်ခြင်းကို မကာကွယ်နိုင်ပါဘူး သို့မဟုတ် မနှောင့်ယှက်နိုင်ပါဘူး။
၎င်းဟာ ဓမ္မတာမလာမှီ လက္ခဏာများ သို့မဟုတ် နာကျင်ရသော ဓမ္မတာများကို ကူညီလျော့ကျစေနိုင်ပါတယ်။
၎င််းကို မည်သည့်အသက်အရွယ်တွင် မဆို အသုံးပြုနိုင်ပါတယ်၊ အသက် ၃၅ နှစ်အထက် ဆေးလိပ်သောက်သူအမျိုးသမီးများတောင်မှပေါ့။ [7]။
လူမှုဘဝအကျိုးကျေးဇူးများ
ဒီဆေးလုံးကို မည်သည့်အချိန်တွင်မဆို သောက်နိုင်ပါတယ်၊ ပို့ဆောင်ပြီးနောက်ချက်ချင်းလည်းသောက်နိုင်ပါတယ်။
ဆေးလုံးဟာ သုံးရတာလွယ်ပါတယ် – ရေနှင့် သောက်လိုက်ရုံပါပဲ။
၎င်းဟာ အလွယ်တကူရရှိနိုင်ပြီး ဆေးဆိုင်များ နဲ့ ဆေးရုံကောင်တာများမှာ ဝယ်နိုင်ပါတယ်။
ဒီဟာကို အသုံးပြုဖို့ လိင်ဆက်ဆံခြင်းကို အနှောင့်အယှက်ဖြစ်စရာမလိုပါဘူး။
ဆေးလုံံးကို အမျိုးသမီးမှ စီမံခန့်ခွဲနိုင်ပြီး သူမကို ထိန်းချုပ်မှုအပြည့်အဝပေးပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ အကူအညီမလိုအပ်ပဲ ၎င်းကို မည်သည့်အချိန်တွင်မဆို ရပ်တန့်နိုင်ပါတယ်။
၎င်းဟာ မျိုးပွားနိုင်ခြင်းကို မနှောင့်နှေးစေပါဘူး။ တားဆေးမသောက်ဘူးဆိုတာနဲ့ ရက်အနည်းငယ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ တားဆေးမသောက်တော့ဘူး၊ သို့သော်လည်း ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့ အခြား သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။
အသေးစားတားဆေးဟာ ဓမ္မတာများကို ရပ်တန့်ပေးပါသလား?
အသေးစားတားဆေးသောက်ခြင်းဟာ သွေးဆင်းခြင်းပုံစံများပြောင်းလဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုများဟာ အန္တရာယ်မရှိပါဘူး။ ပုံမှန်အသုံးပြုခြင်းဖြင့်၊ ဒီဆေးလုံးများဟာ နို့တိုက်အမျိုးသမီးများ လစဥ်သွေးဆင်းခြင်းမရှိသည့်ကာလကို တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ လစဥ်ဓမ္မတာလာသူအမျိုးသမီးများအတွက်၊ အဖြစ်များသော သို့မဟုတ် ပုံမှန်မဟုတ်သော သွေးဆင်းခြင်းကို ခံစားရတာ ပုံမှန်ဖြစ်ပါတယ်။