အပြင််ထုတ်နည်းလမ်းထိရောက်ရန်အတွက်၊ အမျိုးသားဟာ သူသုက်လွှတ်မည့်အချိန်ကို သိရှိရန်လိုအပ်ပါတယ်။ အပြင်ထုတ်ခြင်းဟာ အဆင့်မြင့်တဲ့သိရှိခြင်း၊ သုက်လွှတ်ချိန်ကို ခန့်မှန်းနိုင်ခြင်း နဲ့ သုက်မလွှတ်ခင်မှာ အမြန်ထုတ်နိုင်ခြင်းတို့လိုအပ်ပါတယ်။
သုက်ရည်ကြည် (လိင်တံထောင်မတ်သည့်အခါ ထွက်သည့်အရည်) ဟု လူသိများသော သုက်မလွှတ်ခင်အရည်များမှာလည်း သုက်ကောင်ပါဝင်နိုင်တယ်ဆိုတာကို မှတ်သားထားပါ။ သို့ဖြစ်၍ သုက်မလွှတ်ခင် အပြင်ထုတ်သော်လည်း အမျိုးသမီးမှာ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်ရှိပါသေးတယ်။
ဒီနည်းလမ်းကို ပင်မ သို့မဟုတ် ဒုတိယနည်းလမ်းအဖြစ် အသုံးပြုနိုင်သော်လည်း၊ အပြင်ထုတ်ခြင်း ပိုမိုထိရောက်စေရန်အတွက်၊ သုက်သတ်ဆေးနှင့်တွဲဖက်သုံးစွဲရန် အကြံပြုပါတယ်။
အပြင်ထုတ်နည်းလမ်းဟာ ဘယ်လောက်ထိရောက်သလဲ?
အပြင်ထုတ်ခြင်းနည်းလမ်းဟာ ထိရောက်မှုအနည်းဆုံးသန္ဓေတားနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။
၎င်းရဲ့ ထိရောက်မှုဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုတိုင်း အမျိုးသားရဲ့ သုက်မလွှတ်ခင် မအင်္ဂါအတွင်းမှ လိင်တံဆွဲထုတ်နိုင်ခြင်းအပေါ်မူတည်ပါတယ်။
ပုံမှန်သုံးစွဲသည့်ပုံစံနှင့်အတူ သုံးစွဲသူများရဲ့ ၈၀% သာလျှင် သုံးစွဲသည့် ပထမနှစ်အတွင်းမှာ ကိုယ်ဝန်တားဆီးနိုင်ပါတယ်။ ဆိုလိုသည်မှာ ဒီနည်းလမ်းကို အသုံးပြုကြတဲ့ အမျိုးသမီး ၁၀၀ မှာ ၂၀ ဟာ ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
လိင်ဆက်ဆံမှုတိုင်းအတွက် မှန်ကန်စွာအသုံးပြုသည့်အခါ၊ သုံးစွဲသည့်တစ်နှစ်အတွင်း အမျိုးသမီး ၉၄% ဟာ ကိုယ်ဝန်တားဆီးနိုင်မှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ မှန်ကန်စွာအသုံးပြုကြသော အမျိုးသမီး ၁၀၀ မှာ ၆ ယောက်ဟာ ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုလိုပါတယ် (သင်ဟာ သုက်ရည်ကြည်မှ တဆင့် ကိုယ်ဝန်ရနိုင်သေးတယ်ဆိုတာ မှတ်ထားပေးပါ) (၄)။
အမျိုးသားမှ ထုတ်ယူပြီးနောက် ပြန်ထည့်ပါက ကိုယ်ဝန်ရနိုင်သည့် အခြေအနေရှိပါသလား?
အမျိုးသားမှ သုက်လွှတ်ပြီးနောက် ကျန်ရှိသည့် မည်သည့်သုက်ကောင်ပမာဏမဆိုဟာ ကိုယ်ဝန်ရစေနိုင်ပါတယ်။ လိင်တံတွင် မည်သည့်သုက်အကြွင်းအကျန်မှ မရှိစေရန်အတွက်၊ အမျိုးသားဟာ မအင်္ဂါအတွင်းလိင်တံထည့်သွင်းသည့်လိင်ဆက်ဆံမှု ထပ်မံမလုပ်ခင်မှာ ဆီးသွား၍ လိင်တံထိပ်ကို သန့်စင်ရန်လိုအပ်ပါတယ်။