– ၎င်းဟာ သဘာဝနည်းလမ်းဖြစ်ပါတယ် – ဆေးဝါး ဒါမှမဟုတ် ပစ္စည်းမလိုအပ်ပါဘူး။
– ၎င််းမှာ ဟော်မုန်းများမပါဝင်ပါဘူး။
– မျိုးအောင်နိုင်ခြင်း မနှောင့်နှေးစေပါဘူး။ သင်ဟာ ဒီနည်းလမ်းကို ရပ်တန့်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်မှာဖြစ်ပါတယ်။
– ၎င်းဟာ စျေးအသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။ ခြုံငုံရလျှင်၊ ၎င်းဟာ မည်သည့်တားဆီးမှုမှ မလုပ်သည်ထက်စာရင် ပိုကောင်းပါတယ်၊ ပြီးတော့ ၎င်းဟာ လုံးဝ အခမဲ့ပါ။
– ၎င်းကိုသုံးစွဲရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးသူ နှင့် တွေ့ဆုံစရာမလိုသလို ဆရာဝန်ဆေးစာလည်းမလိုပါဘူး (၅)။
အပြင်ထုတ်နည်းလမ်းမှာ ဘေးထွက်ဆိုးကျိုးများရှိပါသလား?
အပြင်ထုတ်နည်းလမ်းမှာ မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။ သို့သော်လည်း သင်အဆင်သင့်မဖြစ်ခင်မှာ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
အပြင်ထုတ်နည်းလမ်းရဲ့ ဘေးထွက်ဆိုးကျိုးများကဘာလဲ?
– ၎င်းကို လိင်ဆက်ဆံမှုတိုင်းအတွက် လုပ်ဆောင်ရန် ခက်ခဲပါတယ်။ အပြင်ထုတ်ခြင်းဟာ တခြား ဘာမှမလုပ်ခြင်းထက် အမြဲတမ်းပိုကောင်းသော်လည်း၊ အကယ်၍ သင့်အနေနဲ့ ကိုယ်ဝန်မဆောင်လိုကြောင်းသေချာပါက ၎င်းဟာ အတော်အတန် အန္တရာယ်များပါတယ်။
– အပြင်ထုတ်နည်းလမ်းရဲ့ ကျရှုံးမှုနှုန်းဟာ မြင့်ပါတယ်။ အကယ်၍သင့်အနေနဲ့ ကိုယ်ဝန်မရချင်ဘူးဆိုရင်၊ တခြားနည်းလမ်းကို အသုံးပြုသင့်ပါတယ် (၅)။
– ၎င်းဟာ အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ လိင်ဆက်ဆံသည့်အခါတိုင်းမှာ အပြင်ထုတ်ရမှာဖြစ်ပါတယ်။
– ၎င်းဟာ HIV အပါအဝင် လိင်မှုတဆင့် ကူးစက်ခြင်းများ (STI) များမှ မကာကွယ်ပေးပါဘူး။
– သင်အရက်မူးနေပါက ၎င်းကို ကျင့်သုံးရန် မှတ်မိဖို့ ခက်ပါတယ်။