အပြင်ထုတ်နည်းလမ်း (ဆွဲထုတ်ခြင်းနည်းလမ်း)

အပြင်ထုတ်နည်းလမ်း (ဆွဲထုတ်ခြင်းနည်းလမ်း)
အပြင်ထုတ်နည်းလမ်း (ဆွဲထုတ်ခြင်းနည်းလမ်း)

အပြင်ထုတ် သို့မဟုတ် ဆွဲထုတ်ခြင်း နည်းလမ်းဆိုတာဘာလဲ?

အပြင်ထုတ်ခြင်းဟာ သက်တမ်းအရင့်ဆုံး သန္ဓေတားနည်းလမ်းများထဲမှ တခုဖြစ်ပါတယ်။ ၎င်းက အလွန်ရိုးရှင်းပါတယ် – အမျိုးသားဟာ သူ့ရဲ့လိင်တံကို သုက်မလွှတ်ခင်မှာ လက်တွဲဖော်ရဲ့ မအင်္ဂါအတွင်းမှ ထုတ်ယူခြင်းဖြစ်ပါတယ်။ ၎င်းကို “ဆွဲထုတ်ခြင်းနည်းလမ်း” သို့မဟုတ် “Coitus interruptus နည်းလမ်း” ဟုလည်း အသိများကြပါတယ်။ ဤနည်းလမ်းထိရောက်နိုင်ရန်အတွက်၊ အကြိမ်တိုင်းမှာ မှန်ကန်စွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ် (၁)။

အပြင်ထုတ်နည်းလမ်း ဟာ ကိုယ်ဝန်ကို ဘယ်လိုကာကွယ်ပေးသလဲ?

အပြင်ထုတ်နည်းလမ်းဟာ အမျိုးသား နှင့် သူ၏ ကို့ယ်ကိုကိုယ်ထိန်းချုပ်မှုအပေါ် မူတည်ပါတယ်။ သူဟာ သုက်မလွှတ်ခင် ဆွဲထုတ်ရမှာဖြစ်ပါတယ်။ သုက်ရည်ဟာ အမျိုးသမီးရဲ့ မအင်္ဂါအဝနှင့် အဝေးမှာထားနိုင်တဲ့အခါ ဒီနည်းလမ်းဟာ အလုပ်လုပ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားအနေနဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှုပုံစံများကို သိရှိနားလည်ထားရပါမယ် (၂)။

အပြင်ထုတ်နည်းလမ်းဟာ ဘယ်အချိန်မှာ အတွဲတတွဲအတွက် သင့်လျော်ပါသလဲ?

အပြင်ထုတ်နည်းလမ်းဟာ အောက်ပါအခြေအနေရှိသော အတွဲများအတွက် သင့်လျော်သည်ဟု စဥ်းစားနိုင်ပါတယ်

– တစ်ခါတစ်ရံမှသာ လိင်ဆက်ဆံတယ်​၊
– အခြားသန္ဓေတားနည်းလမ်းသုံးစွဲဖို့ ငြင်းဆိုတယ်၊
– အခြားသန္ဓေတားနည်းလမ်းစတင်သုံးစွဲဖို့ စောင့်နေရတယ်၊ နှင့်
– အခြားသန္ဓေတားနည်းလမ်းမရရှိနိုင်ဘူး (၃)။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

လိင်မဆက်ဆံခြင်း

Natural

ဒါဘာလဲ။
လိင်မဆက်ဆံခြင်းဟာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအားလုံး ဒါမှမဟုတ် အချို့ကို နှောင့်နှေးစေခြင်း ဒါမှမဟုတ် ရှောင်ရှားခြင်းဖြစ်ပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၁၀၀% ထိရောက်ပါတယ်။​
  • အားသာချက်များ
    • အပြည့်အဝလိုက်နာတဲ့အခါ၊​ ၎င်းဟာ ကိုယ်ဝန် နဲ့ STI များကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။​
    • ၎င်းကို ဖွက်ထားရန် လွယ်ကူပါတယ်။​ ဘယ်သူမှ​မသိပါဘူး။​
    • ၎င်းမှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။​
    အားနည်းချက်များ
    • ၎င်းဟာ ချုပ်တီးနိုင်မှု နဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု လိုအပ်ပါတယ်။​
    • ၎င်းဟာ ရှင်းလင်းတဲ့ ပြောဆိုဆက်ဆံမှု နဲ့ သင့်လက်တွဲဖော်ထံမှ ပူးပေါင်းပါဝင်မှုအပေါ် မူတည်ပါတယ်။​
    သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများ

    Natural

    သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများတွင် သင့်ရဲ့ ဓမ္မတာစက်ဝန်းကို စောင့်ကြည့်ပြီး ကိုယ်ဝန်ရနိုင်မည့်ရက်များကို တွက်ချက်ကာ အဆိုပါရက်များတွင် လိင်မဆက်ဆံခြင်းဖြင့် ကိုယ်ဝန်ကာကွယ်ခြင်းပါဝင်ပါတယ်။​
  • ၎င်းဟာ ၇၆-၈၈% ထိရောက်ပါတယ်။
    • ၎င်းဟာ ဆေးဝါးများမလိုခြင်း နဲ့ ဆေးခန်း ဒါမှမဟုတ် ဆေးဆိုင်သို့ သွားရောက်စရာမလိုခြင်းတို့ကြောင့် ဒါကို ဖွက်ဖို့ လွယ်ကူပါတယ်။
    • ၎င်းဟာ သဘာဝ၊ ဟော်မုန်းမပါဝင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
    • ဘေးထွက်ဆိုးကျိုးများ မရှိပါဘူး။
    • ၎င်းဟာ မြင့်မားတဲ့အားထုတ်မှုလိုအပ်ပြီး စောင့်ထိန်းနိုင်မှု၊ အစီအစဥ်ရေးဆွဲမှု နဲ့ သင့်လက်တွဲဖော်မှပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။​
    • သင့်မှာ ပုံမှန် ဓမ္မတာလာမှသာ ပြက္ခဒိန် နဲ့ စံနှုန်းရက်နည်းလမ်းများဟာ အလုပ်လုပ်မှာဖြစ်ပါတယ်။
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သော STI များမှ မကာကွယ်ပေးပါဘူး။
    အပြင်ထုတ်နည်းလမ်း (ဆွဲထုတ်ခြင်းနည်းလမ်း)

    Natural

    အပြင်ထုတ်နည်းလမ်းတွင် သုက်ကောင်များ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်ရန် အချိန်မှီ ဆွဲထုတ်ခြင်းပါဝင်ပါတယ်။
  • ၎င်းဟာ ၈၀% ထိရောက်ပါတယ်။
    • ၎င်းကို ဖွက်ရန် လွယ်ကူပါတယ်။
    • ၎င်းဟာ စျေးပေါပါတယ်။ ဆေးဝါးများမလိုပါဘူး၊ ဆေးခန်း ဒါမှမဟုတ် ဆေးဆိုင်သို့ သွားရောက်စရာလည်း မလိုပါဘူး။
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပဲ ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။
    • ၎င်းဟာ အားထုတ်မှုမြင့်မားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ၎င်းရဲ့ ထိရောက်မှုဟာ အမျိုးသားလက်တွဲဖော်ရဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပါတယ်။​
    • ၎င်းမှာ မြင့်မားတဲ့ ကျရှုံးမှုရှိပါတယ်၊ ၎င်းကို လိင်ဆက်ဆံတိုင်း ပြီးပြည့်စုံစွာ လုပ်ဆောင်ဖို့ မလွယ်ကူပါဘူး။​
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သည့် STI များမှ မကာကွယ်ပေးပါဘူး။​
    မိခင်နို့တိုက်ချိန်ဓမ္မတာမလာခြင်းနည်းလမ်း (LAM)

    Natural

    Lactational amenorrhea method (LAM) သည် ကလေးမွေးဖွားပြီး 6 လအတွင်း သီးသန့် သို့မဟုတ် သီးသန့်နီးပါး မိခင်နို့တိုက်ခြင်းတွင် အခြေပြုထားသော ရေတို၊ သဘာဝ သန္ဓေတားဆေးဖြစ်ပြီး၊ သင့်ရာသီသွေးများ ပြန်မလာသေးသရွေ့ ကလေးမွေးဖွားပြီး 6 လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြစ်သည်။
  • ၎င်းသည် 98-99% ထိရောက်သည်။
    • သတ်မှတ်ချက်ပြည့်မီသူများအတွက် အလွန်ထိရောက်မှုရှိပါသည်။
    • မိခင်နို့တိုက်ကျွေးသော ကလေးအတွက် ဖြည့်စွက်အာဟာရ လိုအပ်ချက်ကို ဖယ်ရှားပေးသည်။
    • ၎င်းဟာ သဘာဝ၊ ဟော်မုန်းမပါဝင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
    • ၎င်းမှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။​
    • ကလေးမွေးဖွားပြီးနောက် 6 လသာအကြံပြုသည်။
    • ချောမွေ့သောနို့တိုက်ခြင်းအတွေ့အကြုံပေါ် မူတည်.
    • မှန်ကန်စွာ မလေ့ကျင့်ပါက ကျရှုံးမှုနှုန်း မြင့်မားသည်။
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သည့် STI များမှ မကာကွယ်ပေးပါဘူး။​

    Our Monthly Top Articles