ကျန်းမာရေးအကျိုးကျေးဇူးများ
– သင့်ခန္ဓာကိုယ်အတွင်း မည်သည့်ဟော်မုန်းမှ မထုတ်လုပ်ပါဘူး။ သင့်အနေနဲ့ ဟော်မုန်းသန္ဓေတားနည်းလမ်းကို မသုံးချင်ဘူးဆိုရင်၊ ဒီဟာက ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင်၊ သားကြောဖြတ်ခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းများကို မပြောင်းလဲစေပါဘူး။
– မေ့ဆေးမလိုအပ်ပါဘူး။
– သင်ဟာ ဒီခွဲစိတ်မှုကို ဓာတ်ခွဲခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဟီမိုဂလိုဘင်ပမာဏစစ်ဆေးမှု စသည့် ပြည့်စုံတဲ့ ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ပဲ ရယူနိုင်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
– ၎င်းဟာ အားစိုက်ရမှုနည်းတဲ့ သန္ဓေတားနည်းလမ်းဖြစ်ပါတယ်။ ခွဲစိတ်မှု တခါလုပ်ပြီးတာနဲ့ တစ်ဘဝလုံး စိတ်ချရပါပြီ။
– ၎င်းဟာ သားဥပြွန်ချည်ခြင်း ထက်ပိုပြီး ကုန်ကျစရိတ်နည်းပါတယ် (၁၀)။
– ဤသန္ဓေတားနည်းလမ်းမှာ အမျိုးသားက ဆောင်ရွက်ရသောကြောင့်၊ ၎င်းဟာ အမျိုးသမီးရဲ့ သန္ဓေတားလုပ်ဆောင်ရမှု ဝန်ထုပ်ကို ပေါ့စေပါတယ်။
– ၎င်းက အဆင်ပြေစေပါတယ်။ ကိုယ်ဝန်ဆောင်ရမှာ စိတ်ပူစရာမလိုပဲ လိင်ဆက်ဆံနိုင်ပါတယ်။
– ၎င်းဟာ တစ်ဘဝလုံးစာအတွက် ဖြစ်ပါတယ်။
– ၎င်းဟာ အန္တရာယ်ကင်းပါတယ်။ အမျိုးသမီးများ အသုံးပြုကြတဲ့ သန္ဓေတားနည်းလမ်းများစွာနှင့်ယှဥ်ပါက ဘေးထွက်ဆိုးကျိုးနည်းပါတယ်။
– ၎င်းဟာ သင့်ရဲ့ လိင်ဆန္ဒကို မထိခိုက်စေပါဘူး။ သင်ဟာ လိင်တံထောင်မတ်မှု နဲ့ သုက်လွှတ်မှုများရှိမှာဖြစ်ပါတယ်။ သို့သော်လည်း သင့်ရဲ့ သုက်ရည်မှာ သုက်ကောင်များ ပါဝင်မှာ မဟုတ်ပါဘူး။
– ၎င်းဟာ လိင်ဆက်ဆံရသည့် အကြိမ်ရေ နှင့် ကျေနပ်မှုတို့ကို တိုးမြှင့်ပြီး သင့်ရဲ့ လိင်ဆက်ဆံမှုအတွေ့အကြုံကို ကောင်းမွန်စေပါတယ်။