သန္ဓေတားရေမြှုပ်၏ ကောင်းကျိုးများ
ကျန်မာရေးကောင်းကျိုးများ
– ၎င်းမှာ ဟော်မုန်းမပါရှိပါဘူး။ ဟော်မုန်းများမပါရှိတဲ့အတွက်၊ သင့်အနေနဲ့ သုံးစွဲမှုကို ရပ်တန့်လိုက်တာနဲ့ ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရေမြှုပ်သုံးစွဲခြင်းကို ရပ်တန့်လိုက်သော်လည်း ကိုယ်ဝန်မဆောင်လိုသေးပါက သင့်ကိုယ်သင် အခြားနည်းလမ်းဖြင့် ကာကွယ်ပါ။
– ၎င််းကို နို့တိုက်နေစဥ်မှာလည်း သုံးစွဲနိုင်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
– ရေမြှုပ်ကို ၂၄ နာရီကြိုတင်ပြီး ထည့်သွင်းနိုင်ပါတယ်။
– ၎င်းဟာ ဆိုဒ်တခုတည်းရှိပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူများမှ ထည့်သွင်းပေးစရာမလိုပါ။
– ၂၄ နာရီကာကွယ်ပေးသည့်အချိန်အတွင်းတွင်၊ သင်နှစ်သက်သလို အကြိမ်ရေများစွာလိင်ဆက်ဆံမှုပြုလုပ်နိုင်ပါတယ်။
– သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ရခြင်းကို စိတ်မရှိပါက၊ ၎င်းဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ လူအများစုဟာ ရေမြှုပ်ကို မှန်ကန်စွာ အသုံးမပြုကြပါဘူး၊ ဒါ့ကြောင့် အမျိုးသမီးများဟာ ကိုယ်ဝန်ရတတ်ကြပါတယ်။ သင့်အနေနဲ့ ကိုယ်ဝန်မဆောင်ချင်ဘူး၊ ကလေးမယူချင်ဘူးဆိုရင်တော့ အခြားနည်းလမ်းတခုသုံးစွဲရန် စဥ်းစားပေးပါ။
– သင်ရော၊ သင့်လက်တွဲဖော်ရော ရေမြှုပ်ကို ခံစားမိမှာမဟုတ်ပါဘူး။
– ဆရာဝန်ညွှန်ကြားမှု မလိုအပ်ပါဘူး။
သန္ဓေတားရေမြှုပ်ရဲ့ ဘေးထွက်ဆိုးကျိုးများက ဘာလဲ?
– sulfa ဆေးဝါးများ၊ polyurethane သို့မဟုတ် သုက်သတ်ဆေးများ နှင့် ဓာတ်မတည့်သော အမျိုးသမီးများဟာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
– ၎င်းဟာ မအင်္ဂါယားယံခြင်းဖြစ်စေနိုင်ပါတယ်။
– ရေမြှုပ်ကို ၂၄ နာရီထက်ပိုပြီး မအင်္ဂါအတွင်းတွင် ထားရှိပါက၊ ၎င်းဟာ ဆိုးရွားသည့်အနံ့ သို့မဟုတ် မအင်္ဂါပစ္စည်းများဆင်းခြင်း ဖြစ်စေနိုင်ပါတယ်။
သန္ဓေတားရေမြှုပ်သုံးစွဲခြင်းရဲ့ ဆိုးကျိုးများ
– အချို့အမျိုးသမီးများဟာ ရေမြှုပ် ထည့်သွင်းခြင်း နဲ့ ဖယ်ရှားခြင်းအတွက် အခက်အခဲတွေ့နိုင်ပါတယ်။
– ၎င်းဟာ အားစိုက်ထုတ်မှု လိုအပ်ပါတယ်။ သင့်အနေနဲ့ လိင်ဆက်ဆံသည့်အကြိမ်တိုင်း ရေမြှုပ်ကို ထည့်သွင်းရမှာဖြစ်တဲ့အတွက် တကိုယ်ရည်-စည်းကမ်းရှိခြင်း နဲ့ ကြိုတင်ပြင်ဆင်ခြင်းလည်းလိုအပ်ပါတယ်။
– ၎င်းဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းများထဲမှ တခု မဟုတ်ပါဘူး၊ အထူးသဖြင့် ကလေးမီးဖွားဖူးတဲ့ အမျိုးသမီးများအတွက်ပေါ့။
– သင့်ရဲ့ ခန္ဓာကိုယ်နဲ့ သက်တောင့်သက်သာရှိဖို့လည်း လိုအပ်ပါတယ်။ သင့်မအင်္ဂါအတွင်း သင့်လက်ချောင်းများ ထည့်သွင်းရန် သင့်အနေနဲ့ အဆင်မပြေပါက၊ ရေမြှုပ်ဟာ သင့်အတွက်အကောင်းဆုံးနည်းလမ်းမဟုတ်နိုင်ပါဘူး။ ၎င်းဟာ tampon ထည့်သွင်းခြင်းနဲ့တူပါတယ်။ သင်ဟာ tampon သုံးစွဲနိုင်ပါက၊ ရေမြှုပ်ကိုလည်း သုံးနိုင်ပါလိမ့်မယ်။
– ၎င်းဟာ လိင်ဆက်ဆံပြီးနောက် အနည်းဆုံး ခြောက်နာရီအထိ မူလနေရာမှာရှိရပါမယ်။
– ၎င်းဟာ လိင်ဆက်ဆံံမှုကို ပိုပြီး ရှုပ်စေနိုင်ပါတယ်။
– သင်အရက်မူးနေပါက သုံးဖို့ မေ့နိုင်ပါတယ်။
– ၎င်းဟာ လိင်ဆက်ဆံမှုကို ပိုပြီး ခြောက်သွေ့စေနိုင်ပါတယ်။
သန္ဓေတားရေမြှုပ်ဟာ လိင်မှတဆင့်ကူးစက်သောရောဂါများ (STI) များကို ကာကွယ်ပေးပါသလား?
ရေမြှုပ်ဟာ ဆီးပူညောင်းကျ နှင့် chlamydia ကဲ့သို့ STI များကို မကာကွယ်ပေးနိုင်ပါဘူး (၃)။
ဘယ်လိုအခြအနေမျိုးမှာဆိုရင် ရေမြှုပ် မသုံးစွဲသင့်ဘူးလဲ?
– သင်ဟာ toxic shock syndrome (အဆိပ်တက်ခြင်းရောဂါ) ကို ခံစားခဲ့ဖူးရင်။
– သင်ကလေးမီးဖွားပြီးတာ ၆ ပတ်မပြည့်သေးရင်။
– သင်ဟာ sulfities များ နှင့် ဓာတ်မတည့်ရင်။
– သင်ဟာ ဓမ္မတာလာသည့် အချိန်အတွင်းဖြစ်ရင်။
– nonoxynol-9 (သုက်သတ်ဆေးများတွင်သုံးသည့် ဓာတုပစ္စည်း) နှင့် သင်ဟာ ဓာတ်မတည့်ရင်။
သင့်အနေနဲ့ အောက်ပါအခြေအနေများရှိပါက ရေမြှုပ်မသုံးစွဲခင် သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူ နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်
– ကိုယ်ဝန်မဆောင်ရန် သင့်အား ကျန်းမာရေးအရ အကြံပေးခံရခြင်းရှိပါက၊
– သင့်မှာ ကလေးပျက်ကျခြင်း သို့မဟုတ် ဖျက်ချခြင်း မကြာသေးမှီက ရှိထားပါက၊ သို့မဟုတ်
– သင့်မှာ မအင်္ဂါအလွှာပို သို့မဟုတ် သားအိမ်လျှောကျခြင်းကဲ့သို့ ရေမြှုပ်အလုပ်လုပ်မစေနိုင်သည့် သားအိမ် သို့မဟုတ် မအင်္ဂါအခြေအနေများရှိပါက (၅)။