သင်ဟာ ရေမြှုပ်ကို လိင်မဆက်ဆံခင် ၂၄ နာရီအတွင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းပြီးတာနဲ့ ချက်ချင်းကာကွယ်ပေးမှာဖြစ်ပြီး နောက်ထပ် ၂၄ နာရီအထိ တာရှည်ခံပါတယ်။ သင် မအင်္ဂါလိင်ဆက်ဆံမှုကို ဘယ်နှကြိမ်ပဲပြုလုပ်သည်ဖြစ်စေ သူက ၂၄ နာရီအထိ ကြာရှည်ခံမှာဖြစ်ပါတယ်။ မှန်ကန်စွာ သုံးစွဲနိုင်ရန်အတွက် လေ့ကျင့်မှုအချို့လိုအပ်ပါတယ် (၄)။
သန္ဓေတားရေမြှုပ်ကို ဘယ်လိုထည့်သွင်းရမလဲ
– သင့်လက်များကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာဆေးပါ။ လေဖြင့်အခြောက်ခံပါ။
– ရေမြှုပ်ကို အနည်းဆုံး သန့်ရှင်းသည့်ရေ ၃၀ မီလီလီတာဖြင့် စွတ်ပေးပါ။ သုက်သတ်ဆေးများကို အသက်ဝင်စေရန်အတွက် ရေမြှုပ်ဟာ လုံးဝ ရေစိုနေဖို့ လိုအပ်ပါတယ်။ ရေမြှုပ်တလျှောက် ရေများ ညီညာစွာ ပြန့်သွားစေရန် စိုနေသော ရေမြှုပ်ကို ညင်သာစွာ ညှစ်ပါ။
– ချိုင့်နေသည့်အပိုင်းကို အပေါ်တွင်ထားပြီး၊ ရေမြှုပ်ကို တဝက်စီခေါက်ပါ၊ အပေါ်သို့မျက်နှာမူနေရပါမယ်။
– ရေမြှုပ််ကို သင့်လက်ချောင်းများဆန့်နိုင်သလောက်အထိ သင့် မအင်္ဂါအတွင်း ထည့်သွင်းပါ။ ရေမြှုပ်ဟာ သူ့ဘာသာသူ ပြေသွားမှာဖြစ်ပြီး သင်လက်လွှတ်လိုက်သည့်အခါ သင့်ရဲ့ သားအိမ်ခေါင်းကို ဖုံးအုပ်ပေးသွားမှာဖြစ်ပါတယ်။
– သင့်လက််ချောင်းကို ရေမြှုပ်ရဲ့ အဝန်းတဝိုက်မှာ အသားတကျရှိ၊ မရှိ စစ်ဆေးပေးပါ။ သင့်အနေနဲ့ ရေမြှုပ်အောက်ခြေက နိုင်လွန်ကြိုးကွင်းကို ထိတွေ့ရမှာဖြစ်ပါတယ်။
– သင့်ရဲ့ ရေမြှုပ်ကို တကြိမ်သာ ထည့်သွင်းပေးပါ။ ရေမြှုပ်ကို ပြန်မသုံးပါနှင့်။ ရေမြှုပ်အတွင်းသို့ရောက်ရှိပြီးသွားသည့်အခါ သင့်အနေနဲ့ လိင်ဆက်ဆံမှုကို စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
– ရေမြှုပ်အတွင်းသို့ဝင်ရောက်သွားပါက၊ သင့်အနေနဲ့ လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပါပြီ!
– ရေမြှုပ်ကို လိင်ဆက်ဆံပြီးနောက် အနည်းဆုံး ၆ နာရီအထိ ထားရှိပေးပါ။ သို့သော်လည်း ၎င်းဟာ ထည့်သွင်းပြီးနောက် ၃၀ နာရီထက် ပိုပြီးတော့ မအင်္ဂါထဲမှာ မရှိရပါဘူး။
သန္ဓေတားရေမြှုပ်ကို ဘယ်လို ဖယ်ရှားမလဲ
– သင့်လက်များကို ရေ၊ ဆပ််ပြာတို့ဖြင့် ဆေးကြောပါ။
– သင့်မအင်္ဂါအတွင်းလက်ချောင်းတချောင်းထည့်သွင်းပြီး အကွင်းကို ခံစားကြည့်ပါ။
– သင့်ဟာ အကွင်းကို စမ်းမိပါက၊ ရေမြှုပ်ကို ဖြေးဖြေး နှင့် ညင်သာစွာ ထုတ်ယူပါ။
– ရေမြှုပ်ကို အမှိုက်ပုံးထဲတွင် ထည့်ပါ။ ကလေးများ၊ တိရစ္ဆာန်များနှင့် အဝေးတွင် ထားပါ။