သုက်သတ်ဆေးဟာ အန္တရာယ်ကင်းရှင်းသော သန္ဓေတားနည်းလမ်းဖြစ်ပါသလား?
သုက်သတ်ဆေးသုံးစွဲနေစဥ်မှာ လူအများစုဟာ ခန္ဓာကိုယ်ဓာတ်မတည့်မှုများ မကြုံတွေ့ရပါဘူး။ ကြုံတွေ့ရသူများတွင်လည်း၊ ၎င်းဓာတ်မတည့်မှုများဟာ သုံးစွဲမှုရပ်လိုက်တာနဲ့ ပျောက်ကွယ်သွားပါတယ်။
အချို့သူများဟာ သုက်သတ်ဆေးနှင့် ဓာတ်မတည့်ပါဘူး။ သုက်သတ်ဆေးအများစုမှာ တူညီတဲ့ပါဝင်ပစ္စည်း – nonoxynol-9 ရှိပါတယ်။ Nonoxynol-9 ဟာ သင့် မအင်္ဂါ သို့မဟုတ် သင့်လက်တွဲဖော်ရဲ့လိင်တံကို ရောင်ရမ်းစေနိုင်ပါတယ် (အထူးသဖြင့် သင်ဟာ တရက်ကို တကြိမ်ထက်ပိုပြီးသုံးတယ်ဆိုရင်)။ ဒီလိုဖြစ်ခြင်းဟာ HIV နှင့် STI ကူးစက်နိုင်ခြင်းကို ပိုပြီးမြင့်တက်စေနိုင်ပါတယ်။ အကယ်၍သင်ဟာ သုက်သတ်ဆေးသုံးစွဲနေစဥ်မှာ ရောင်ရမ်းတာခံစားရတယ်ဆိုရင်၊ ဒီဟာက သင့်အတွက် အကောင်းဆုံးနည်းလမ်းမဟုတ်နိုင်ပါဘူး။
သုက်သတ်ဆေးသုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ
– ၎င်းဟာ ရှုပ်ပွခြင်း နှင့်/သို့မဟုတ် သင့်မအင်္ဂါထဲမှ ထွက်ကျခြင်းဖြစ်နိုင်ပါတယ်။
– လက်တွဲဖော်နှစ်ဦးစလုံး HIV မရှိသည့်အခါ ၎င်းဟာ အကောင်းဆုံးအလုပ်လုပ်ပါတယ်။ ပါဝင်ပစ္စည်းတခုဖြစ်သည့် nonoxynol-9 ဟာ ဓာတ်မတည့်လွယ်သောအသားအရေအတွက် ပြောင်းလဲမှုများဖြစ်စေပါတယ်။ ဒီလိုဖြစ်ခြင်းဟာ သင့်ကို HIV ကူးစက်လွယ်စေနိုင်ပါတယ်။ အကယ်၍ သင် သို့မဟုတ် သင့်လက်တွဲဖော်မှ HIV ရှိသည့်အခါ၊ မကြာသေးမှီက စစ်ဆေးထားခြင်းမရှိသည့်အခါ၊ သို့မဟုတ် မတူညီသောလက်တွဲဖော်များနှင့် လိင်ဆက်ဆံသည့်အခါ၊ သင်ဟာ သင့်ကို HIV ကူးစက်မှုမှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းကို ရွေးချယ်ချင်ပါလိမ့်မယ်။
– သုက်သတ်ဆေးသီးသန့်အတွက် ကျရှုံးနှုန်းဟာ မြင့်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်ဝန်မဆောင်ချင်ဘူးဆိုရင်၊ အခြားနည်းလမ်းကို အသုံးပြုသည့်ပါတယ် သို့မဟုတ် အခြားအကာအကွယ်နည်းလမ်းနဲ့အတူ သုက်သတ်ဆေးကို သုံးစွဲသင့်ပါတယ်။
– လိင်ဆက်ဆံသည့်အခါတိုင်း ၎င်းကို သုံးရတာကြောင့် အားစိုက်ထုတ်ရမှုများပါတယ်။
– သင်ဟာ အရသာကို မကြိုက်တာမျိုးဖြစ်နိုင်ပါတယ်။
– ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး။
– သင််ဟာ အရက်မူးနေပါက သုံးစွဲဖို့ မမှတ်မိနိုင်ပါဘူး။