သုက်သတ်ဆေး

သုက်သတ်ဆေး
သုက်သတ်ဆေး

သုက်သတ်ဆေးဆိုတာဘာလဲ?

သုက်သတ်ဆေးဆိုတာ သုက်ကောင်းများနှင့် ထိတွေ့မိတာနဲ့ ၎င်းတို့ကို လှုပ်ရှားမရအောင်လုပ်နိုင်သော သို့မဟုတ် သေဆုံးစေနိုင်သော ဆေးဝါးများဖြစ်ပါတယ်။ ၎င်းဟာ အကာအကွယ်သန္ဓေတားနည်းလမ်းတခုဖြစ်ပြီး သုက်ကောင်များ သားအိမ်အတွင်းမဝင်ရောက်မှီ ဖျက်ဆီးရနိုင်ရန်အတွက် ၎င်းကို လိင်မဆက်ဆံခင်မှာ မအင်္ဂါအတွင်းဖက် သားအိမ်ခေါင်းအနားမှာထားရှိရပါတယ် (၁)။

စျေးကွက်အတွင်းမှာ မတူညီသော သုက်သတ်ဆေးအမျိုးအစားများ နှင့် အမှတ်တံဆိပ်များ ရရှိနိုင်ပါတယ်​။ အသုံးအများဆုံးသော သုက်သတ်ဆေးဟာ nonoxynol-9 ဓာတ်ပါဝင်တဲ့ သုက်သတ်ဆေးဖြစ်ပါတယ်။ ဒီသုက်သတ်ဆေးအမျိုးအစားဟာ ဆီးပူညောင်းကျ နှင့် chlamydial ရောဂါပိုးကူးစက်ခြင်းများကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြကြပါတယ်။

အခြားသုက်သတ်ဆေးအမျိုးအစားများတွင် menfegol၊ ဘန်ဇယ်ခိုနီယန်ကလိုရိုက်၊ octoxynol-9၊ chlorhexidine နှင့် ဆိုဒီယမ်ဒိုကျူစိတ် တို့ပါဝင်သော သုက်သတ်ဆေးများပါဝင်ပါတယ်။

သုက်သတ်ဆေးများဟာ ခရင်မ်များ၊ ဂျယ်လီများ၊ အမြှုပ်ရှိသည့်ဆေးပြားများ၊ အရည်ပျော်နိုင်သည့် အပြားများ၊ အရည်ပျော်နိုင်သည့် သို့မဟုတ် အမြှုပ်ရှိသည့်စအိုထည့်ဆေးများ နှင့် ဖိအားထည့်ထားသောအမြှုပ်ရှိသည့်ဗူးများ စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။

ခရင်မ်များ၊ ဂျယ်လီများ၊ ဘူးများထဲမှ အမြှုပ်များအဖြစ်ရှိသည့် သုက်သတ်ဆေးများကို သီးသန့်ဖြစ်စေ၊ ကွန်ဒုံး သို့မဟုတ် diaphragm များနှင့်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

စအိုထည့်ဆေးများ၊ အရည်ပျော်သော အပြားများ၊ အမြှုပ်ရှိသည့်ဆေးပြားများ သို့မဟုတ် အမြှုပ်ရှိသည့် စအိုထည့်ဆေးများအဖြစ်ရှိသည့် အမျိုးအစားများကိုတော့ သီးသန့် သို့မဟုတ် ကွန်ဒုံးများနှင့် တွဲဖက်သုံးစွဲနိုင်ပါတယ် (၂)။

သုက်သတ်ဆေးဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ?

သုက်သတ်ဆေးများဟာ သုက်ကောင်ဆဲလ်များရဲ့ အမြှေးပါးများကို ၎င်းတို့အားသေဆုံးစေသည့် သို့မဟုတ် လှုပ်ရှားမှုနှေးကွေးစေသည့် နည်းလမ်းဖြင့် ဖြိုခွဲပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သုက်ကောင်ကို မျိုးဥဆီရောက်ရှိခြင်းမှ ဟန့်တားပေးပါတယ်။

သုက်သတ်ဆေးဟာ ဘယ််လောက်ထိရောက်ပါသလဲ?

သုက်သတ်ဆေးရဲ့ထိရောက်မှုဟာ မည်မျှ မှန်ကန်စွာ နှင့် တစိုက်မတ်မတ်သုံးစွဲသလဲဆိုတဲ့အပေါ်မူတည်ပါတယ်။​ လိင်ဆက်ဆံသည့်အခါတိုင်း သုက်သတ်ဆေးများကို အသုံးမပြုသည့်အခါ ကိုယ်ဝန်ရနိုင်ချေမြင့်တက်ပါတယ်။ သုက်သတ်ဆေးကို ပုံမှန်အားဖြင့် လိင်မဆက်ဆံခင်အကြိမ်တိုင်းမှာ သုတ်လိမ်းရတာဖြစ်ပြီး သူ့ရဲ့ထိရောက်မှုဟာ တစ်နာရီသာ ခံပါတယ်။ ၎င်းကို ပင်မ သို့မဟုတ် ဒုတိယနည်းလမ်းအဖြစ်အသုံးပြုနိုင်သော်လည်း၊ အခြားအကာအကွယ်နည်းလမ်းများဖြစ်တဲ့ diaphragm၊ သားအိမ်ခေါင်းအစွပ် သို့မဟုတ် ကွန်ဒုံးများ နှင့် တွဲဖက်အသုံးပြုသည့်အခါ သုက်သတ်ဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ သီးသန့်သုံးစွဲသည့်အခါ၊ မအင်္ဂါသုက်သတ်ဆေးများဟာ လိင်မှတဆင့်ကူးစက်ပိုးများ (STI) များကို အကန့်အသတ်ဖြင့်သာ ကာကွယ်ပေးပြီး HIV ကူးစက်မှုကို မကာကွယ်ပေးပါဘူး။

ပုံမှန်သုံးစွဲသည့်အတိုင်းသုံးလျှင်၊ သုက်သတ်ဆေးများဟာ ပထမနှစ်အတွင်း ၇၉% ထိရောက်ပါတယ်။​ ဆိုလိုသည်မှာ သုက်သတ်ဆေးသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၂၁ ယောက်ဟာ ကိုယ်ဝန်ရကြမှာဖြစ်ပါတယ်။ လိင်ဆက်ဆံမှုတခုစီတိုင်းအတွက် မှန်ကန်စွာသုံးစွဲပါက၊ သုက်သတ်ဆေးဟာ ကိုယ်ဝန်တားဆီးရာမှာ ၈၄% ထိရောက်မှုရှိမှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ သုက်သတ်ဆေးသုံးစွဲသူအမျိုးသမီး ၁၀၀ မှာ ၁၆ ယောက်ဟာ ကိုယ်ဝန်ရကြမှာဖြစ်ပါတယ် (၃)။

ခြုံငုံရလျှင် သုက်သတ်ဆေး၏ ထိရောက်မှုဟာ မှန်ကန်စွာသုံးစွဲခြင်း၊​ သီးသန့်သုံးစွဲခြင်း သို့မဟုတ် အခြားအကာအကွယ်နည်းလမ်းများနှင့်တွဲဖက်သုံးစွဲခြင်းတို့အပေါ်မူတည်၍ ၅၀% မှ ၉၉.၉% အထိ ထိရောက်နိုင်ပါတယ်။ သားအိမ်ခေါင်းနားတဝိုက်တွင် သုက်သတ်ဆေးကို မှန်ကန်စွာထားရှိခြင်းနှင့် ပျံ့နှံ့ရန်အတွက် လုံလောက်သောအချိန်ပေးခြင်းတို့ဟာ ၎င်းရဲ့ထိရောက်မှုကို သက်ရောက်စေနိုင်တဲ့ အရေးကြီးသော အချက်များဖြစ်ပါတယ်။ အခြားအကာအကွယ်နည်းလမ်းများနှင့်အတူ သုက်သတ်ဆေးကို တွဲဖက်သုံးစွဲခြင်းဟာ ၎င်းရဲ့ ထိရောက်မှုကို မြင့်တက်စေပါတယ်။ ကွန်ဒုံးနဲ့အတူ သုက်သတ်ဆေးသုံးစွဲခြင်းဟာ ၉၉.၉% အထိ ထိရောက်စေပါတယ် (၄)။

သုက်သတ်ဆေးကို ဘယ်လိုသုံးစွဲမလဲ?

ကောင်းမွန်သောသုံးစွဲမှုအတွက်၊ ထုတ်ပိုးမှုပေါ်ရှိ ညွှန်ကြားချက်များကို သေချာဖတ်ရှုပြီး သက်တမ်းကုန်ရက် ကို စစ်ဆေးပါ။ သုက်သတ်ဆေးဟာ သုံးစွဲရလွယ်ပါတယ် – ၎င်းကို သင့်ရဲ့ မအင်္ဂါအတွင်းသို့ လက်ချောင်းများဖြင့် သို့မဟုတ် ထည့်သွင်းတံတို့ဖြင့် ထည့်ပါ။

– သားအိမ်ခေါင်းကို ဖုံးအုပ်နိုင်ရန် သုက်သတ်ဆေးကို မအင်္ဂါအတွင်းနက်နက်အတွင်းသို့ လိမ်းပါ သို့မဟုတ် ထည့်ပါ။
– လုံလောက်သည့် သုက်သတ်ဆေးပမာဏကို သုံးစွဲပါ။​
– လိင်ဆက်ဆံသည့်အခါ သုက်သတ်ဆေးများကိုထပ်ထည့်ပေးပါ။
– ထည့်သွင်းပြီးချိန် နှင့် လိင်ဆက်ဆံချိန်အကြားတွင် အကြံပြုထားသောအချိန်ကို စောင့်ဆိုင်းပါ။ အချို့သော သုက်သတ်ဆေးများဟာ လိင်မဆက်ဆံခင် ၁၀-၁၅ မိနစ်လောက် စောင့်ဆိုင်းရန် လိုအပ်ပါတယ်။ ဒီလိုစောင့်ဆိုင်းခြင်းဟာ သုက်သတ်ဆေးကို အရည်ပျော်ပြီး ပျံ့နှံ့စေပါတယ်။ ဒီလိုသုက်သတ်ဆေးအမျိုးအစားများဟာ သင်ထည့်သွင်းပြီးနောက် တစ်နာရီအတွင်းသာ ထိရောက်ပါတယ်။ သင်လိင်မဆက်ဆံခင် သုံးနာရီထက်ကျော်လွန်သွားပါက၊ သုက်သတ်ဆေးကို ထပ်သုံးပေးပါ။
– မအင်္ဂါသန္ဓေတားအပြား ( nonoxynol-9 ၂၈% ပါဝင်သည့် ၂လက်မပတ်လည် လက်မ အပြား) ကို အရည်ပျော်ရန် နှင့် ပျံ့နှံ့စေရန်အတွက် လိင်မဆက်ဆံခင် အနည်းဆုံး ၁၅ မိနစ်ကြိုတင်ထည့်သွင်းရပါတယ်။ သုံးနာရီထက်ကျော်လွန်သွားပါက၊ နောက်ထပ်အပြားတခုကို ထပ်မံထည့်သွင်းရပါမယ်။
– nonoxynol-9 ၁၂.၅% ပါဝင်သည့် သုက်သတ်ဆေးအမြှုပ်ဟာ သုံးစွဲပြီးနောက် ချက်ချင်းထိရောက်ပြီး ထည့်သွင်းပြီး တစ်နာရီအထိ တာရှည်ခံပါတယ်။ ၎င်းကို ထည့်သွင်းတံအသုံးပြု၍ မအင်္ဂါအတွင်းထည့်သွင်းရမှာဖြစ်ပြီး လိင်မဆက်ဆံခင်အကြိမ်တိုင်းမှာ ထပ်သုံးဖို့ လိုအပ်ပါတယ်။
– လိင််ဆက်ဆံပြီးနောက် အနည်းဆုံး ခြောက်နာရီအထိ မအင်္ဂါကို မဆေးကြောပါနှင့်။
– အမြဲတမ်း သုက်သတ်ဆေးများကို အပိုဆောင်ထားပါ (၅)။

သုက်သတ်ဆေး၏ အကျိုးကျေးဇူးများ

– အသုံးပြုရလွယ်ကူပြီး အလွယ်တကူဝယ်နိုင်ပါတယ်။ ၎င်းကို သုံးစွဲဖို့ အထူးအရည်အချင်းများ မလိုအပ်ပါဘူး။
– ၎င်းကို လိင်မဆက်ဆံခင် နမ်းရှုပ်ပွတ်သပ်ခြင်းရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းနိုင်ပါတယ်။
– ၎င််းမှာ ဟော်မုန်းမပါပါဘူး။
– ဆရာဝန်ဆေးစာမလိုအပ်ပါဘူး။ သုက်သတ်ဆေးသုံးစွဲရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တွေ့စရာမလိုပါဘူး။
– နို့တိုက်နေစဥ်အတွင်းမှာ ၎င်းကို အသုံးပြုနိုင်ပါတယ်။

လိင်ဆက်ဆံပြီးနောက် သုက်သတ်ဆေးကို သင် အသုံးပြုနိုင်ပါသလား?​

မသုံးနိုင်ပါဘူး၊​ ၎င်းကို ကိုယ်ဝန်တားဆီးရာမှာထိရောက်နိုင်စေဖို့၊ သုက်သတ်ဆေးများကို လိင်မဆက်ဆံခင်မှာသာ ထည့်သွင်းရမှာဖြစ်ပါတယ်။

ကျွန်ုပ်ဓမ္မတာလာနေစဥ်အတွင်းမှာ သုက်သတ်ဆေးအသုံးပြုနိုင်ပါသလား?​

သုံးနိုင်ပါတယ်။ သင်ဓမ္မတာလာနေစဥ်မှာ သုက်သတ်ဆေးသုံးနိုင်ပါတယ်။ သို့သော်လည်း၊ ဒီအချိန်အတွင်းမှာ၊ ၎င်းကို diaphragm သို့မဟုတ် သားအိမ်ခေါင်းအစွပ်များနဲ့ တွဲဖက်မသုံးစွဲသင့်ပါဘူး။​ အဆိပ်တက်ခြင်းရောဂါဖြစ်နိုင်ပါတယ်။ ကွန်ဒုံးနဲ့တော့ တွဲသုံးနိုင်ပါတယ်။ သုက်သတ်ဆေးများဟာ သင့်ရဲ့ ဓမ္မတာ သို့မဟုတ် ဟော်မုန်းများကို မည်သည့်နည်းလမ်းနှင့်မှ မသက်ရောက်စေပါဘူး။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားရေမြှုပ်

Non-hormonal

ဒါဘာလဲ။
သန္ဓေတားရေမြှုပ်ဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် မအင်္ဂါထဲသို့ ရေစွတ်ပြီး ထည့်သွင်းရသည့် အဖြူရောင် ပလတ်စတစ်အမြှုပ်တစ်ခုဖြစ်ပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၈၀-၉၁% ထိရောက်ပါတယ်။​
  • အားသာချက်များ
    • ၎င်းတွင် ဟော်မုန်းများမပါဝင်ပါဘူး။
    • သင်ဟာ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှုမလိုအပ်ပါဘူး။​
    • ၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်အလိုမှာ ထည့်သွင်းနိုင်တာကြောင့် ရုတ်ချည်းဖြစ်မှုကို အခွင့်ပေးပါတယ်။
    • ကိုယ်ဝန်ရရှိနိုင်မှု ပြန်ရောက်တာ မနှောင့်နှေးပါဘူး။ ဒါကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါပြီ။
    အားနည်းချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ပေးမှု (၂၄ နာရီ) နဲ့အတူ ထိရောက်မှုအနည်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး။
    Diaphragm သန္ဓေတားနည်းလမ်း

    Non-hormonal

    Diaphragm ဆိုတာ ကိုယ်ဝန်ကာကွယ်ရန် လိင်မဆက်ဆံခင် သားအိမ်ခေါင်းအပေါ်သို့ ထည့်သွင်းရတဲ့ အခုံးပုံစံ နူးညံ့ပျော့ပျောင်းတဲ့ခွက်ဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • ၎င်းဟာ လိင်ပိုင်းဆိုင်ရာ ရုတ်ချည်းဖြစ်မှုကို အခွင့်အရေးပေးပါတယ်။​၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်မှာ ထည့်သွင်းထားနိုင်ပြီး ၂၄ နာရီအထိ ထည့်ထားနိုင်ပါတယ်။
    • သင့်ရဲ့ လက်တွဲဖော်ဟာ ဒါကို ခံစားမိမှာမဟုတ်ပါဘူး။
    • ၎င်းကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ဆောင်နိုင်မှု ပြန်လည်ရရှိမှာပါ။​
    • သင်ဟာ ဆီလီကွန် ဒါမှမဟုတ် သုက်သတ်ဆေးနဲ့ ဓာတ်မတည့်ဘူးဆိုရင် ၎င်းဟာ ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။​
    • ၎င်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ၊ မအင်္ဂါဘက်တီးရီးယားပိုးဝင်ခြင်း ဒါမှမဟုတ် မအင်္ဂါ်မှိုဝင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ များပြားတဲ့အားထုတ်မှုလိုအပ်ပါတယ်။ ၎င်းဟာ ချုပ်တီးနိုင်စွမ်း နဲ့ အစီအစဥ်ရေးဆွဲမှုလည်း လိုပါတယ်။
    သုက်သတ်ဆေး

    Non-hormonal

    သုက်သတ်ဆေးဆိုတာဟာ သုက်ကောင်များ မျိုးဥနဲ့ထိတွေ့ပြီး သန္ဓေမတည်ခင် သုက်ကောင်ကို သတ်ပေးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးပေးသည့် ဓာတုပစ္စည်း သို့မဟုတ် ဆေးဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • သင်ဟာ ဒါကို ရယူဖို့ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှု မလိုပါဘူး။​
    • ၎င်းဟာ သုံးစွဲရလွယ်ပါတယ်။​
    • ၎င်းကို သီးသန့်သုံးတဲ့အခါ သိပ်မထိရောက်ပါဘူး၊ အခြားအကာအကွယ်နည်းလမ်းများနဲ့ တွဲသုံးရင် ထိရောက်မှုပိုကောင်းပါတယ်။
    • ၎င်းကို နေရာတိုင်းမှာမရနိုင်ပါဘူး။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သည့် STI များမှ​မကာကွယ်ပေးပါဘူး။​
    သားအိမ်ခေါင်းအစွပ်

    Non-hormonal

    သားအိမ်ခေါင်းအစွပ်ဟာ သားအိမ်အတွင်းသို့ သုက်ကောင်များဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန် မအင်္ဂါအတွင်း ထည့်သွင်းရသည့် ရာဘာစေး သို့မဟုတ် ပလတ်စတစ်ရာဘာအစွပ်ဖြစ်ပါတယ်။​
  • ၎င်းဟာ ၇၄-၉၁% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။
    • ၎င်းဟာ ရံဖန်ရံခါလိင်ဆက်ဆံတတ်ပြီးတော့ ပုံမှန် သန္ဓေတားနည်းလမ်းမသုံးချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ အမျိုးသမီးထိန်းချုပ်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုကို ခွင့်ပြုပါတယ်။
    • ၎င်းကို ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းမှာ အလွယ်တကူမရရှိနိုင်ပဲ စျေးကြီးနိုင်ပါတယ်။
    • ၎င်းဟာ မအင်္ဂါရောင်ရမ်းခြင်း နဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ (UTIs) ဖြစ်စေနိုင်ပါတယ်။
    • သင်ဟာ အစွပ် ဒါမှမဟုတ် သုက်သတ်ဆေးပြုလုပ်ရန် အသုံးပြုတဲ့ အရာဝတ္ထုနဲ့ ဓာတ်မတည့်ပါက ဒါက ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။
    • ဒါက အားထုတ်မှုအများအပြားလိုအပ်ပါတယ်၊ ပြီးတော့ ချုပ်တီးနိုင်မှု နဲ့ ကြိုတင်စီစဥ်မှုတို့လည်း လိုအပ်ပါတယ်။
    အမျိုးသမီးအတွင်းကွန်ဒုံးများ

    Non-hormonal

    အတွင်းကွန်ဒုံးဆိုတာဟာ ကိုယ်ဝန် နဲ့ STI ကူးစက်ခြင်းမှကာကွယ်ရန်အတွက် မအင်္ဂါအတွင်းတွင် ထည့်သွင်းရသည့် အစွပ်ဖြစ်ပါတယ်။
  • ၎င်းဟာ ၉၅% ထိရောက်ပါတယ်။
    • ၎င်းဟာ ကိုယ်ဝန် နဲ့ STI များမှ နှစ်ထပ်ကာကွယ်မှုပေးပါတယ်။​
    • ၎င်းဟာ ရာဘာစေးဓာတ်မတည့်သူများအတွက် ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။
    • ၎င်းမှာ သိုလှောင်နိုင်သည့် သက်တမ်း ငါးနှစ်အထိရှိပြီး အထူးသိုလှောင်မှုအခြေအနေများ မလိုအပ်ပါ။​
    • သင်ဟာ ဒါကို ရယူရန် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု သို့မဟုတ် ဆရာဝန်ဆေးစာမလိုအပ်ပါ။
    • လိင်မဆက်ဆံခင်အတွင်း အသုံးပြုရန် အမြဲမှတ်မိဖို့လိုတဲ့အတွက် ၎င်းဟာ အားထုတ်မှုအများအပြားလိုပါတယ်။
    • ၎င်းဟာ ချော်ထွက်တာ၊ ကွဲတာ ဒါမှမဟုတ် အပြင်ထွက်လာတာမျိုး ဖြစ်နိုင်ပြီး သုံးစွဲသူကို ကိုယ်ဝန်ဆောင်ခြင်း နဲ့ STI ကူးစက်ခြင်းအန္တရာယ်များတွေ့စေနိုင်ပါတယ်။
    • ပြင်ပကွန်ဒုံးနှင့် ယှဥ်ပါက ၎င်းကို ဝယ်ယူရန် ခက်ခဲပြီး ပုံမှန်အားဖြင့် စျေးပိုကြီးပါတယ်။

    Our Monthly Top Articles