– ၎င်းဟာ အားစိုက်ထုတ်မှုအများအပြားလိုအပ်ပါတယ်။ သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများကို မှန်ကန်စွာသုံးစွဲနိုင်ဖို့ နေ့စဥ်မှတ်သားခြင်းလိုအပ်ပြီး ကြိုတင်စီစဥ်ရန် နှင့် အချက်အလက်မှတ်သားရန် သင်ဟာ အချိန်ပေးရမှာဖြစ်ပါတယ်။
– အချို့သော ဆေးဝါးများဟာ မအင်္ဂါအချွဲများမှာ ပြောင်းလဲမှုများဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောင်းလဲစေခြင်းက သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းအချို့ရဲ့ ခန့်မှန်းမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
– ၎င််းဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုလိုအပ်ပါတယ်။ ဓမ္မတာစက်ဝန်းတခုလျှင် အနည်းဆုံးတပတ်တိတိ လိင်မဆက်ဆံပဲရှောင်ကြည်တာ သို့မဟုတ် အခြားနည်းလမ်းသုံးစွဲတာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
– သင် နှင့် သင့်လက်တွဲဖော်နှစ်ဦးစလုံးပူးပေါင်းလုပ်ဆောင်မှသာ ၎င်းဟာ အလုပ်လုပ်မှာဖြစ်ပါတယ်။
– ပြက္ခဒိန် နှင့် စံနှုန်းရက်များနည်းလမ်းများဟာ ဆယ်ကျော်သက်များအပါအဝင် ပုံမှန်မဟုတ်သော ဓမ္မတာများရှိသည့် အမျိုးသမီးများအတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး (၉)။
– သင််ဟာ မကြာသေးမှီက ဟော်မုန်းပါဝင်တဲ့သန္ဓေတားနည်းလမ်းကို ရပ်တန့်ထားတယ်ဆိုရင်၊ သင်ဟာ လအနည်းငယ်အတွက် ဟော်မုန်းမပါဝင်တဲ့နည်းလမ်းကို သုံးစွဲရဦးမှာဖြစ်ပါတယ်။ ဟော်မုန်းများဟာ သင့်ရဲ့ ဓမ္မတာစက်ဝန်းကို သက်ရောက်ပြီး သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများကို အစပိုင်းမှာ မထိရောက်စေပါဘူး။ သင့်ရဲ့ ဓမ္မတာစက်ဝန်းကို မှတ်သားနိုင်ဖို့ သင်ယူနေစဥ်မှာ ဟော်မုန်းမပါဝင်သည့် သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။
– သင်ဟာ အရက်မူးနေတယ်ဆိုရင်၊ ဒီနည်းလမ်းကို လိုက်နာဖို့ ခက်ခဲပါတယ်။
– ၎င်းဟာ HIV အပါအဝင် STI များမှ သင့်ကို မကာကွယ်ပေးပါဘူး။
သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများမှာ ဘေးထွက်ဆိုးကျိုးများရှိပါသလား?
မရှိပါဘူး။ သန္ဓေအောင်မှုဆိုင်ရာအသိအမြင်နည်းလမ်းများသုံးစွဲနေစဥ်မှာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် အန္တရာယ်များမရှိပါဘူး။