သန္ဓေတားထိုးဆေး၏ အဖြစ်အများဆုံးသောဘေးထွက်ဆိုးကျိုးများမှာ သုံးစွဲသူများ၏ သွေးဆင်းမှုပုံစံပြောင်းလဲခြင်းဖြစ်ပါတယ်။ ဟော်မုန်းပါဝင်သည့်သန္ဓေတားနည်းလမ်းအများစုကဲ့သို့၊ မတူညီသော ထိုးဆေးများဟာ မတူညီသော ခန္ဓာကိုယ်များအတွက် မတူညီစွာ တုံ့ပြန်ကြပါတယ်။ သင်ဟာ ဓမ္မတာလစဥ်လာခြင်းကို နှစ်သက်သူဖြစ်ပါက၊ သင့်အနေနဲ့ ရွေးချယ်လိုက်တဲ့ ထိုးဆေးဟာ သင်နှစ်သက်သော သွေးဆင်းခြင်းပုံစံနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိုးရိမ်နိုင်ပါတယ်။ ပြောင်းလဲမှုများဟာ ပုံမှန်အားဖြင့် သင်ရွေးချယ်လိုက်သော ထိုးဆေးအမျိုးအစားအပေါ် မူတည်ပါတယ်။
ကိုယ််ဝန်တားထိုးဆေးဟာ ဓမ္မတာများကို ရပ်တန့်ပါသလား?
DMPA သုံးစွဲသူများ :
သင်ဟာ ပထမသုံးလအတွင်း ပုံမှန်မဟုတ်သော သို့မဟုတ် ကြာရှည်သော သွေးဆင်းခြင်းကို ခံစားရနိုင်ပါတယ်၊ တနှစ်ပြီးသွားတဲ့အခါမှာတော့ ပုံမှန်မရှိသော သို့မဟုတ် မမှန်ကန်သော သွေးဆင်းခြင်း သို့မဟုတ် လုံးဝသွေးမဆင်းခြင်းဖြစ်နိုင်ပါတယ်။
NET-EN သုံးစွဲသူများ :
သင်ဟာ DMPA နှင့် ယှဥ်လျှင် ပထမခြောက်လအတွင်း ရက်အနည်းငယ်သွေးဆင်းခြင်းဖြင့် သွေးဆင်းခြင်းပုံစံကို ထိရောက်မှုနည်းပါတယ်၊ တနှစ်ပြီးနောက်မှာတော့ လစဥ်သွေးဆင်းခြင်းဖြစ်ပါမယ်။
လစဥ်ထိုးဆေးသုံးစွဲသူများ :
သင်ဟာ ပိုမိုပေါ့ပါးပြီး၊ ရက်နည်းသော သွေးဆင်းခြင်း၊ မမှန်ကန်သော၊ ပုံမှန်မဟုတ်သော သို့မဟုတ် ကြာရှည်သော သွေးခြင်းခြင်း သို့မဟုတ် လုံးဝသွေးမဆင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ထိုးဆေးသုံးစွဲမှု တနှစ်ကြာပြီးနောက် သင်ဟာ လစဥ်သွေးဆင်းခြင်းမကြုံတွေ့ရတော့ပါက၊ မစိုးရိမ်ပါနှင့်! ဒီလိုသွေးဆင်းခြင်းပြောင်းလဲမှုများဟာ ပုံမှန်ဖြစ်ပြီး အန္တရာယ်မရှိပါဘူး။ သို့သော်လည်း၊ သင်ဟာ ဆေးထိုးရန် နောက်ကျပြီး ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိပါက၊ ကိုယ်ဝန်စစ်ဆေးမှုကို မြန်နိုင်သမျှ မြန်မြန်ပြုလုပ်ပါ။ သင်ဟာ သွေးဆင်းမှုပြောင်းလဲခြင်းများအား စိတ်ရှုပ်ထွေးစရာကောင်းသည်ဟု မြင်ပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုနှင့် တိုင်ပင်ပြီး အခြား စိတ်ရှုပ်ထွေးမှုလျော့နည်းသည့်နည်းလမ်းများကို လမ်းညွှန်မှုခံယူသင့်ပါတယ်။
သန္ဓေတားထိုးဆေး၏ အခြားဘေးထွက်ဆိုးကျိုးများ
သန္ဓေတားထိုးဆေး၏ အဖြစ််နည်းသော ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါတယ် :
၁။ ခေါင်းကိုက်ခြင်းများ၊
၂။ ခေါင်းမူးခြင်းများ၊
၃။ လိင်ဆန္ဒပြောင်းလဲခြင်းများ၊
၄။ စိတ်ဓာတ်ကျခြင်း၊
၅။ သင့်မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် အမွှေးဆုံးရှုံးခြင်း သို့မဟုတ် အမွှေးပိုများလာခြင်း၊
၆။ ရုတ်ချည်းစိတ်ခံစားမှုပြောင်းလဲခြင်းများ၊
၇။ ရင်သားပျော့ပျောင်းလာခြင်း၊ နှင့်
၈။ ရင်ပြည့်ခြင်း နှင့် မအီမသာဖြစ်ခြင်း။
ထိုးဆေး၏ ဘေးထွက်ဆိုးကျိုးများကို ရပ်တန့်ရန် နည်းလမ်းမရှိပါ။ ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်သည့်အတိုင်းအတာထက်ပိုသည်ဟု ခံစားရပါက၊ အခြားနည်းလမ်းပြောင်းလဲသုံးစွဲခြင်းကို စဥ်းစားပါ။
သန္ဓေတားထိုးဆေးထိုးထားသည့်အချိန်တွင် ကျွန်ုပ်ဘာကြောင့်သွေးဆင်းနေရတာလဲ?
သင်ဟာ DMPA ထိုးထားပါက၊ အခြား ထိုးဆေးအမျိုးအစားများနှင့် ယှဥ်လျှင် သင့်ဟာ သွေးဆင်းခြင်းပုံစံပြောင်းလဲမှုများကို ပိုမိုခံစားရနိုင်ပါတယ်။ Pfizer ၏ အဆိုအရ၊ DMPA သုံးစွဲသူများ၏ ၅၄% ဟာ ပထမနှစ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်း သို့မဟုတ် သွေးစိမ့်ခြင်းကို ခံစားရနိုင်ပြီး၊ ၃၂% ဟာ နှစ်နှစ်လောက်အထိ ဒီလိုဆက်လက်ခံစားရနိုင်ပါတယ်။ သင်ဟာ DMPA ကို ပိုမိုကြာရှည်စွာသုံးလေ၊ သွေးစိမ့်ခြင်းဟာ ပိုပြီးလျော့ပါးလေဖြစ်ပါတယ်။
ကိုယ်ဝန််တားထိုးဆေးဟာ ကိုယ်အလေးချိန်တက်စေပါသလား?
အမျိုးသမီးများဟာ ပုံမှန်အားဖြင့် တနှစ်လျှင် ၁ ကီလိုဂရမ် မှ ၂ ကီလိုဂရမ်အထိ ကိုယ်အလေးချိန်တက်လေ့ရှိပါတယ်။ သို့သော်လည်း အချို့အမျိုးသမီးများအနေဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း သို့မဟုတ် ကိုယ်အလေးချိန်လျော့ကျမှုမရှိခြင်း ဖြစ်ကြပါတယ်။ အာရှအမျိုးသမီးများဟာ DMPA သုံးစွဲခြင်းကြောင့် ကိုယ်အလေးချိန်မတက်ကြဘူးလို့ အများအားဖြင့် သိကြပါတယ်။ [9]။
ထိုးဆေးသုံးစွဲချိန် ပထမ ခြောက်လအတွင်း ကိုယ်အလေးချိန်တက်လာသော အမျိုးသမီးများဟာ ထိုးဆေးသုံးစွဲသည့်တလျှောက် ကိုယ်အလေးချိန်တက်ရန် မြင့်မားသော အန္တရာယ်ရာခိုင်နှုန်းရှိပါတယ်။ အချို့အမျိုးသမီးများဟာ ဒီအချက်ကြောင့် အနှောင့်အယှက်မဖြစ်ကြသော်လည်း၊ အခြားသူများကတော့ စိတ်ချမ်းသာမှာမဟုတ်ပါဘူး။သင်ဟာ ကိုယ်အလေးချိန်မတက်ချင်ဘူးဆိုရင်တော့၊ သင့်ရဲ့ နေ့စဥ်လုပ်ဆောင်မှုမှာ လေ့ကျင့်ခန်းများကို ထည့်သွင်းပါ သို့မဟုတ် သင့်ရဲ့အစားအသောက် အလေ့အထများနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးသူနှင့် တိုင်ပင်ပါ
ကိုယ်ဝန်တားထိုးဆေးဟာ မျိုးမအောင်မှုဖြစ်စေနိုင်ပါသလား?
မဖြစ်စေနိုင်ပါဘူး။ သို့သော်လည်း ကိုယ်ဝန်ဆောင်ရန် ထိုးဆေးရပ်တန့်သူများဟာ ကိုယ်ဝန်မရခင် နှောင့်နှေးခြင်း ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ရန်အတွက် Depo သုံးစွဲမှုရပ်တန့်လိုက်သော အမျိုးသမီးများဟာ တနှစ်ကျော်လောက် စောင့်ဆိုင်းရတယ်ဆိုတာ။ Depo မှာ မျိုးဥတည်ခြင်းကိုရပ်တန့်ခြင်းဖြင့် သင့်အားကိုယ်ဝန်ဆောင်မှုမှ သုံးလအထိ ရပ်တန့်ပေးနိုင်သည့် ဟော်မုန်းပါရှိပါတယ်။ ဒီဟော်မုန်းဟာ သုံးလကြာပြီးနောက် ထိရောက်မှု မရှိတော့သော်လည်း၊ ၎င်းရဲ့ အကြွင်းအကျန်များဟာ ကြွက်သားတစ်သျှူးများအတွင်း ကျန်ရှိနေပြီး မျိုးပွားနိုင်မှုကို နှောင့်နှေးစေပါတယ်။ ပုံမှန်အားဖြင့်၊ Depo ထိုးဆေးများကို ရပ်တန့်ပြီးနောက် မျိုးဥတည်ခြင်းဖြစ်ပေါ်ရန် အချိန် ၄လ မှ ၁၂ လအထိ ကြာမြင့်ပါတယ်။ သို့သော်လည်း၊ အချို့လူများဟာ ကိုယ်ဝန်မရနိုင်ခင် ၂ နှစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ သင်ဟာ မြန်မြန်ဆန်ဆန် ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင် Depo ကို သုံးစွဲဖို့ အကြံမပြုပါဘူး။
ကိုယ်ဝန်တားထိုးဆေးဟာ မည်မျှအန္တရာယ်ကင်းပါသလဲ?
အခြားဟော်မုန်းသန္ဓေတားနည်းလမ်းများကဲ့သို့၊ ကိုယ်ဝန်တားထိုးဆေးများဟာ ကိုယ်ဝန်တားဆီးရန် အန္တရာယ်ကင်းပြီး ထိရောက်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်၊ ပြီးတော့ ၎င်းမှာ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်အချို့လည်းရှိပါတယ်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်ပါတယ် :
- အရိုးသိပ်သည်းဆလျော့နည်းခြင်း။ Depo-Provera သုံးစွဲခြင်းဟာ သင့်ရဲ့ သဘာဝ အက်စတိုဂျင်အဆင့်များကို သက်ရောက်စေပါတယ်။ ၎င်းသက်ရောက်မှုဟာ အရိုးပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း ဒီသန္ဓေတားနည်းလမ်းကို ရပ်တန့်လိုက်တာနဲ့ ပုံမှန်အခြေအနေကို ပြန်လည်သွားရောက်ပါတယ်။
- ဒီနည်းလမ်းမှာ အပ်များပါဝင်ပါတယ်။ သင်ဟာ အပ်ကြောက်တတ်တယ်ဆိုရင်၊ ထိုးဆေးဟာ သင့်အတွက်မဟုတ်ပါဘူး။
ထိုးဆေးထိုးသွင်းသည့်နေရာမှာ ပိုးဝင်ရန် အသေးစားအန္တရာယ်ရှိပါတယ်။ ရှားပါးသော ဖြစ်ရပ်များတွင်၊ အချို့သူများဟာ ထိုးဆေးနှင့် ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။
- ၎င်းဟာ လိင်မှတဆင့်ကူးစက်သောရောဂါများ(STIs) များကို ကာကွယ်မှုမပေးပါဘူး။
သင့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ်ဝန်တားထိုးဆေးမှ detox သန့်စင်မှုလုပ်နိုင်ပါသလား?
ထိုးဆေးများတွင်ပါဝင်သော ထိုးဆေးများဟာ အဆိပ်အတောက်မဖြစ်စေပါဘူး။ ပြီးတော့ သန္ဓေတားဟော်မုန်းများကို detox လုပ်ရှင်းလင်းရန် ကျော်ကြားသော သိပ္ပံနည်းကျအကြောင်းပြချက် သို့မဟုတ် နည်းလမ်းမရှိပါဘူး။ ထိရောက်သည့်ကာလကုန်ဆုံးသွားတာနဲ့ ဟော်မုန်းများဟာ သင့်ခန္ဓာကိုယ်အတွင်းမှ စတင်ထွက်ခွာသွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ DMPA အတွက် ပိုမိုကြာရှည်နိုင်သော်လည်း၊ ၎င်းဟာ ပြင်ပလုပ်ဆောင်မှုမလိုအပ်သော လုံးဝ အန္တရာယ်ကင်းပြီး ပုံမှန်ဖြစ်တဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။ သို့သော်လည်း သင်ဟာ ပိုမိုချောမွေ့သော ပြောင်းလဲမှုရှာဖွေနေတယ်ဆိုရင်တော့၊ ညီမျှသောအစားအသောက်စားရန်၊ လေ့ကျင့်ခန်းလုပ်ရန်၊ ဆေးလိပ်နှင့်အရက်ရှောင်ရန် နှင့် လုံလောက်စွာ အိပ်ရန် အကြံပြုထားကြပါတယ်။