ကိုယ်ဝန်တားထိုးဆေးထိရောက်မှု
ထိုးဆေးအမျိုးအစားအားလုံးဟာ သန္ဓေတည်မှုကာကွယ်ရာတွင် ထိရောက်ကြပါတယ်။ သို့သော်လည်း သင့်ရဲ့ ဆေးထိုးမှုကို ပုံမှန် အချိန်မှီခံယူရပါမယ်။ ပုံမှန်ထိုးသည့်အခါ၊ လစဥ် သန္ဓေတားထိုးဆေးများဟာ ကိုယ်ဝန်ကာကွယ်ရာမှာ ၉၇% ထိရောက်ပြီး ပရိုဂျက်စတင်ထိုးဆေးများကတော့ ၉၆% ထိရောက်ပါတယ်။ သင်ဟာ ထိုးဆေး ထိုးရန် မေ့သွားပါက ကိုယ်ဝန်ရနိုင်ချေပိုများလာပါတယ်။
လစဥ်သန္ဓေတားထိုးဆေးများ၏ အခြားအကျိုးကျေးဇူးများဟာ သန္ဓေတားသောက်ဆေး ၏ အကျိုးကျေးဇူးများနှင့် ဆင်တူပါတယ်။ တခုတည်းသော ခြားနားချက်မှာ ၎င်းတို့၏ အသည်းအပေါ် သက်ရောက်မှုဖြစ်ပါတယ်။ ထိုးဆေးကို ခံတွင်းအတွင်းမှ သောက်သုံးခြင်းမဟုတ်သောကြောင့် ၎င်းဟာ အသည်းအပေါ်မှာ ထိခိုက်မှု အနည်းအကျဥ်းသာရှိပါတယ် [7]။
ပရိုဂျက်စတင်သီးသန့်ထိုးဆေးများ၏ အထူးအကျိုးကျေးဇူးများ
ကျန်းမာရေးအကျိုးကျေးဇူးများ
၎င်းဟာ အက်စတိုဂျင်ပါရှိသော သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သည့် အမျိုးသမီးများအတွက် ကောင်းမွန်ပါတယ်။
၎င််းတို့ကို ကလေးမွေးပြီးနောက် ခြောက်ပတ်မှစတင်၍ နို့တိုက်နေစဥ်အတွင်းအသုံးပြုနိုင်ပါတယ်။
DMPA:
- သွေးပေါင် ၁၆၀/၁၁၀ mmHg အထက်ရှိသော အမျိုးသမီးများအတွက် ကောင်းမွန်ပါတယ်၊
- တံစဥ်ပုံသွေးနီကလာပ်စည်းရောဂါရှိသော အမျိုးသမီးများအကြား တံစဥ်ပုံသွေးနီဥနာကျင်ခြင်း ပြင်းထန်မှုကို ကူညီလျှော့ချပေးနိုင်ပါတယ်၊
- သားအိမ်နံရံတစ်သျှူးနေရာလွဲခြင်း နှင့် သက်ဆိုင်သည့် လက္ခဏာများ (ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ တင်ပါးဆုံနာကျင်ခြင်း) တို့ကို လျှော့ချပေးနိုင်ပါတယ်၊
- သားအိိမ်နံရံကင်ဆာကို ကူညီကာကွယ်ပေးနိုင်ပါတယ်၊
- သားအိမ််အလုံးများမှ ကူညီကာကွယ်ပေးနိုင်ပါတယ်၊
- သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းမှ ကူညီကာကွယ်ပေးနိုင်ပါတယ်၊ နှင့်
- ဝက်ရူးပြန်ရောဂါရှိသောအမျိုးသမီးများတွင် တက်သည့်အကြိမ်အရေအတွက်ကို ကူညီလျှော့ချပေးနိုင်ပါတယ် [8]။
ကိုယ််ဝန်ကာကွယ်ပေးခြင်း နှင့် စပ်ဆက်သော အန္တရာယ်များအတွက် ကာကွယ်ပေးခြင်းအပြင်၊ NET-EN ဟာ :
- သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းမှ ကူညီကာကွယ်ပေးနိုင်ပါတယ်၊ နှင့်
- DMPA မှပေးစွမ်းသော အကျိုးကျေးဇူးများနှင့် ဆင်တူသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
ရေတိုသန္ဓေတားနည်းလမ်းများကို ရှာဖွေနေသူများအတွက် ထိုးဆေးဟာ ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။ ရေတိုသန္ဓေတားနည်းလမ်းများကို ရှာဖွေနေသူများအတွက် ထိုးဆေးဟာ ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။ ထိုးဆေးဟာ သင့်ကို ၄ ပတ် မှ ၁၃ ပတ်အထိ ကာကွယ်ပေးနိုင်ပါတယ်။
၎င်းဟာ အားစိုက်ထုတ်စရာမလိုပါဘူး။ သင့်အနေနဲ့ ပုံမှန်ထိုးဆေး ထိုးဖို့သာ မှတ်မိရမှာဖြစ်ပါတယ် (အမျိုးအစားအပေါ် မူတည်၍)။ လိင်မဆက်ဆံခင် ကိစ္စများလုပ်ဆောင်ရမည်ကို စိတ်ပူစရာမလိုပါဘူး။
ပရိုဂျက်စတင်သီးသန့်ထိုးဆေးများကို အခြားဆေးဝါးများက မထိခိုက်စေနိုင်ပါဘူး။
သင့်အနေနဲ့ ဆေးလုံးကို နေ့စဥ်မသောက်ချင်ဘူးဆိုရင် ထိုးဆေးဟာ သင့်အတွက် ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုစင်တာကိုသွားပြီး ထိုးဆေးထိုးဖို့ သတိရရန်သာ လိုအပ်ပါတယ်။
၎င်းဟာ အရှိန်တက်ခြင်းကို မနှောင့်ယှက်ပါဘူး။
၎င်းဟာ လျှို့ဝှက်ပါတယ်။ မည်သူမျှ သင်ဟာ ထိုးဆေးအသုံးပြုထားတယ်ဆိုတာပြောနိုင်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုလည်းမရှိပဲ၊ လိင်မဆက်ဆံခင်ဘာမှလုပ်ဆောင်စရာလည်း မလိုအပ်ပါဘူး။
ပိုးသတ်ဆေးများဟာ ကျွန်ုပ်ရဲ့ သန္ဓေတားထိုးဆေးကို ထိခိုက်စေနိုင်ပါသလား?
Rifamycin ပိုးသတ်ဆေး။ ပိုးသတ်ဆေးအများစုဟာ ဟော်မုန်းသန္ဓေတားဆေးများရဲ့ထိရောက်မှုကို မလျော့ကျစေပါဘူး။ ခြွင်းချက်တခုကတော့ Rifamycin ပိုးသတ်ဆေးပဲဖြစ်ပါတယ်။ ၎င်းတို့မှာ rifabutin၊ rifapentine နဲ့ rifampicin တို့ပါဝင်ပါတယ်။ ဒီဆေးတွေဟာ ဘက်တီးရီးယားပိုးဝင်ခြင်း နဲ့ အထူးသဖြင့် တီဘီကို ကုသဖို့ အများအားဖြင့် အသုံးပြုကြပါတယ်။ Rifamycin ပိုးသတ်ဆေးများဟာ လူတယောက်၏ သွေးထဲရှိ ဟော်မုန်းအဆင့်ကို ထိခိုက်စေသော အင်ဇိုင်းများအလွန်အကျွံထုတ်လုပ်ပေးခြင်းအတွက် လူသိများကြပါတယ်။ စုပေါင်းသန္ဓေတားထိုးဆေး ထိုးထားစဥ်အတွင်း Rifamycin ပိုးသတ်ဆေးသောက်သုံးခြင်းဟာ ဒီဟော်မုန်းသန္ဓေတားနည်းလမ်းရဲ့ ထိရောက်မှုကို လျှော့ချပေးပြီး သင့်ကို သန္ဓေရစေနိုင်တဲ့ အန္တရာယ်ဖြစ်စေပါတယ်။ ဒီပိုးသတ်ဆေးများဟာ ပရိုဂျက်စတင်သီးသန့်ထိုးဆေးများရဲ့ ထိရောက်မှုကိုတော့ သက်ရောက်စေခြင်းမရှိပါဘူး။
သင်ဟာ စုပေါင်းသန္ဓေတားဆေးထိုးထားချိန်အတွင်း Rifamycin ပိုးသတ်ဆေးသောက်ရပါက၊ ကုသမှုခံယူနေစဥ်အတွင်း ကွန်ဒုံး သို့မဟုတ် မအင်္ဂါထည့်အကာအကွယ်ပစ္စည်းတို့ကို အသုံးပြုပါ၊ ကုသမှုပြီးနောက် ၂၈ အတွက်လည်း ဆက်လက်သုံးစွဲပါ။ အကယ်၍ သင့်ရဲ့ ကုသမှုဟာ နှစ်လထက်ပိုမိုစွာ ကြာရှည်တယ်ဆိုရင်၊ အခြားမတူညီသော သန္ဓေတားနည်းလမ်းသုံးစွဲရန် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဆွေးနွေးပါ။
ကိုယ်ဝန်တားထိုးဆေးများရပ်တန့်ပြီးနောက် ကိုယ်ဝန်ရနိုင်ချေက ဘယ်လိုရှိပါသလဲ?
ရပ်တန့်ပြီးတာနဲ့ သန္ဓေတားထိုးဆေးများဟာ လူတဦးရဲ့ မျိုးပွားနိုင်မှု ပြန်လည်ရောက်ရှိခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ အသိများကြပါတယ်၊ ပြီးတော့ သင်ဟာ ကိုယ်ဝန်ဆောင်နိုင်ရန် အနည်းငယ်ပိုမိုစောင့်ဆိုင်းဖို့ လိုအပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့်၊ DMPA ဟာ ၄လ မှ ၁၂ လ အထိ နှောင့်နှေးမှုဖြစ်စေမှာဖြစ်ပြီး NET-EN နှင့် လစဥ်ထိုးဆေးများကတော့ အခြားသန္ဓေတားနည်းလမ်းများနှင့် နှိုင်းယှဥ်လျှင် တစ်လ နှောင့်နှေးမှုဖြစ်စေပါမယ်။ သန္ဓေတားထိုးဆေးသုံးစွဲမှု ရပ်တန့်သော အမျိုးသမီးများဟာ ၎င်းတို့ရဲ့ ဓမ္မတာပြန်မလာသေးရင်တောင်မှ အခြားမတူညီသည့် သန္ဓေတားနည်းလမ်းကို ချက်ချင်းသုံးစွဲသင့်ပါတယ် [6]။
ကိုယ်ဝန်တားထိုးဆေးဟာ ဝက်ခြံပျောက်ရန် ကူညီပေးပါသလား?
မအင်္ဂါအကွင်း၊ သန္ဓေတား အပြား နှင့် သန္ဓေတားသောက်ဆေးများ ကဲ့သို့ အခြားဟော်မုန်းသန္ဓေတားနည်းလမ်းများနှင့်မတူပဲ၊ ကိုယ်ဝန်တားထိုးဆေးဟာ ဝက်ခြံပျောက်ရန် မကူညီပေးပါဘူး။ သင်ဟာ ဝက်ခြံထွက်လွယ်တယ်ဆိုရင်၊ သင့်ရဲ့ သန္ဓေတားရွေးချယ်စရာများကို ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဆွေးနွေးရန် အရေးကြီးပါတယ်။