စည်းကမ်းသတ်မှတ်ချက်များ

ဤ ၀ က်ဘ်ဆိုက်သည် ၀ န်ဆောင်မှုများကိုသုံးခြင်းအားဖြင့် ၀ န်ဆောင်မှုဆိုင်ရာစည်းကမ်းချက်များအားလုံးကိုသင်သဘောတူသည်၊ ဤနေရာကိုနှိပ်ပါ။
စည်းကမ်းသတ်မှတ်ချက်များ

အထွေထွေ

findmymethod (www.findmymethod.org) သည် ဤ၀ဘ်ဆိုဒ်ကို ပိုင်ဆိုင်လည်ပတ်သည်။ ဤစာရွက်စာတမ်းသည် www.findmymethod.org (“၀ဘ်ဆိုဒ်”) နှင့်သင်၏ဆက်နွယ်မှုကို ထိန်းချုပ်သည်။ ဤ၀ဘ်ဆိုဒ်အား ဝင်ရောက်အသုံးပြုခြင်းနှင့် ဤ၀ဘ်ဆိုဒ်၏ ပုံ၊ စာသားနှင့်ဗွီဒီယိုများ မှရရှိသော သတင်းအချက်အလက်(စုပေါင်း၍ “၀န်ဆောင်မှုများ”) သည် စည်းမျဉ်းစည်းကမ်းများ၊ ကြေငြာချက်များ(“၀န်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များ”) အတိုင်း လိုက်နာရမည်။

၀န်ဆောင်မှုများကိုအသုံးပြုခြင်းအားဖြင့်၊ အချိန်အခါအလိုက်ဆန်းသစ်ပြောင်းလဲလာနိုင်သည့် ၀န်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များအားလုံးကို သင်သဘောတူပြီးဖြစ်သည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များ၏ ပြောင်းလဲမှုများကို သတိပြုမိနိုင်ရန် ဤစာမျက်နှာကို ပုံမှန်စစ်ဆေးသင့်ပါသည်။

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို အသိပေးခြင်းမရှိဘဲ ထုတ်နှတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းကို လုပ်ပိုင်ခွင့်ရှိသည်။ မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဤ၀ဘ်ဆိုဒ်ကိုအသုံးမပြုနိုင်ပါက ကျွန်ုပ်တို့ တာ၀န်ယူမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အခါအားလျော်စွာ ဤ၀ဘ်ဆိုဒ်တစ်ခုလုံး သို့မဟုတ် အချို့သောအပိုင်းများကို ဝင်ရောက်ခွင့် ကန့်သတ်နိုင်သည်။

ဤ၀ဘ်ဆိုဒ်တွင် www.findmymethod.org မှ စီမံမှုမပြုသော အခြား၀ဘ်ဆိုဒ်များ (“ချိတ်ဆက်ထားသောဆိုဒ်များ”) ကို ချိတ်ဆက်ထားမှုများ ပါ၀င်နိုင်သည်။ ဤ၀ဘ်ဆိုဒ်သည် ချိတ်ဆက်ထားသောဆိုဒ်များကို မထိန်းချုပ်နိုင်ပါ၍ ၎င်းတို့ကို သင်အသုံးပြုရာမှ ပေါ်ပေါက်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုတစုံတရာအတွက် တာ၀န်မရှိပါ။ ချိတ်ဆက်ထားသောဆိုဒ်များကို သင် အသုံးပြုခြင်းသည် ၄င်းဆိုဒ်တစ်ခုစီ၏ အသုံးပြုမှုနှင့် ၀န်ဆောင်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများအပေါ်တွင် မူတည်သည်။

 

ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒ

သင်၏အချက်အလက်ကို မည်သို့သုံးပါမည်ဟု သတ်မှတ်ပေးသော ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာမူ၀ါဒကို  www.findmymethod.org/privacy-policy တွင် တွေ့ရှိနိုင်ပါသည်။ ဤ၀ဘ်ဆိုဒ်ကိုအသုံးပြုခြင်းအားဖြင့်၊ သင်သည် ဤမှဖော်ပြပါရှိသော လုပ်ဆောင်မှုများကို သဘောတူပြီး သင်ပေးသောအချက်အလက်များအားလုံးမှန်ကန်ကြောင်း အာမခံသည်။

 

တားမြစ်ချက်များ

သင်သည် ဤ၀ဘ်ဆိုဒ်ကို အလွဲသုံးစားမပြုရ။ သင်သည် – ရာဇ၀တ်မှုကျူးလွန်ခြင်း သို့မဟုတ် အားပေးခြင်း၊ ယုံကြည်စိတ်ချမှုကိုချိုးဖောက်၍ နည်းပညာအရအန္တရာယ်ဖြစ်စေနိုင်သော ဗိုင်းရပ်စ်၊ ထရိုဂျန်၊ ပိုးမွှား၊ လော့ဂျစ်ဗုံး သို့မဟုတ် အခြားအန္တရာယ်ရှိသော ကြမ်းတမ်း ညစ်ညမ်းသောအရာကို ပို့လွှတ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း၊ ဝန်ဆောင်မှု၏မည်သည့်အပိုင်းကိုမဆို ထိုးဖောက်နှောက်ယှက်ခြင်း၊ သတင်းအချက်များပျက်ယွင်းစေခြင်း၊ အခြားအသုံးပြုသူများကိုစိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ အခြားသူတစ်ဦး၏ပိုင်ဆိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကိုချိုးဖောက်ခြင်း၊ အများအားဖြင့် “spam” ဟုရည်ညွှန်းထားသော မလိုလားအပ်သောကြော်ငြာများ (သို့) အရောင်းမြှင့်တင်ရေးပစ္စည်းများပေးပို့ခြင်း၊ သို့မဟုတ် ဤ၀ဘ်ဆိုဒ်မှတစ်ဆင့်ဝင်ရောက်ခါ မည်သည့်ကွန်ပျူတာစက်၏စွမ်းဆောင်ရည် သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေရန်ကြိုးစားခြင်း မလုပ်ရ။ ဤပြဌာန်းချက်ကိုချိုးဖောက်ခြင်းသည် ပြစ်မှုတစ်ခုဖြစ်လိမ့်မည်ဖြစ်ပြီး www.findmymethod.org သည် ဤချိုးဖောက်မှုမှန်သမျှကို သက်ဆိုင်ရာဥပဒေအာဏာပိုင်များထံ တင်ပြပြီး သင့်အား မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြလိမ့်မည်။

ဤ၀ဘ်ဆိုဒ်ကိုအသုံးပြုခြင်းမှဖြစ်စေ ဤ၀ဘ်ဆိုဒ် သို့မဟုတ် အခြားချိတ်ဆက်ထားသော၀ဘ်ဆိုဒ်တွင် တင်ထားသောအရာတခုခုကို ဆွဲယူခြင်းကြောင့်ဖြစ်စေ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းပညာအရအန္တရာယ်ဖြစ်စေနိုင်သောအရာနှင့်  နည်းပညာဆိုင်ရာတိုက်ခိုက်ခြင်းတို့ကြောင့် သင်၏ကွန်ပျူတာစက်ပစ္စည်းများ၊ ကွန်ပျူတာပရိုဂရမ်များ၊ ဒေတာများ မည်သည့်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးခြင်းအတွက်မဆို ကျွန်ုပ်တို့တွင် တာ၀န်မရှိပါ။

 

ဉာဏပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဆော့ဝဲ နှင့် အကြောင်းအရာ

ဤ၀ဘ်ဆိုဒ်ပေါ်မှ သို့မဟုတ် ၎င်းမှတစ်ဆင့် သင်ရရှိနိုင်သည့် ဆော့ဖ်ဝဲနှင့်အကြောင်းအရာ (ဓာတ်ပုံပုံရိပ်များအပါအ၀င်) တို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်အခွင့်အရေးများသည် www.findmymethod.org သို့မဟုတ် ၎င်း၏လိုင်စင်ရသူများ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ကမ္ဘာအနှံ့ရှိမူပိုင်ခွင့်ဥပဒေများ၊ စာချုပ်များဖြင့် ကာကွယ်‌စောင့်ရှောက်ထားသည်။ ထိုအခွင့်အရေးအားလုံးသည် www.findmymethod.org နှင့် ၎င်း၏လိုင်စင်ရသူများက သီးသန့်ရယူထားခြင်းဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်အသုံးပြုရန်အတွက်သာ ထောက်ပံ့သောအကြောင်းအရာကို သိမ်းဆည်းနိုင်သည်၊ ပုံနှိပ်နိုင်သည်။ ဤ၀ဘ်ဆိုဒ်တွင်ပါ၀င်သည့် သို့မဟုတ် သင့်ကို ထောက်ပံ့ပေးအပ်သည့် မည်သည့်အကြောင်းအရာ သို့မဟုတ် ၄င်း၏မိတ္တူများကို မည်သည့်ပုံစံဖြင့်မဆို ပုံနှိပ်ထုတ်ဝေရန်၊ စီမံခန့်ခွဲရန်၊ ဖြန့်ဝေရန် သို့မဟုတ် အခြားနည်းဖြင့် ပြန်ထုတ်ရန် ခွင့်မပြုပါ။ ၄င်းအကြောင်းအရာကို မည်သည့်စီးပွားရေးလုပ်ငန်းများနှင့်မျှ တွဲဖက်အသုံးမပြုရပါ။

 

တာဝန်ဝတ္တရားအား ရှင်းလင်းချက်

၀ဘ်ဆိုဒ်တွင်ဖော်ပြထားသော အကြောင်းအရာများနှင့် ပစ္စည်းများအားလုံးသည် ယေဘုယျအချက်အလက်များ၊ အထွေထွေဆွေးနွေးမှုများနှင့် ပညာရေးအတွက်သာ ရည်ရွယ်သည်။ ပါဝင်သည့်အကြောင်းအရာများသည် “ရှိသကဲ့သို့သာ” ပြဆိုပေးထားပြီး ၄င်းကိုအသုံးချမှု သို့မဟုတ် ထိုကဲ့သို့သောပစ္စည်းများအပေါ်မှီခိုခြင်းသည် သင်ကိုယ်တိုင်၏ စွန့်စားမှုသာလျှင် ဖြစ်သည်။

www.findmymethod.org သည် မည်သည့်အခြေအနေမျိုးတွင်မဆို ၀ဘ်ဆိုဒ်တွင်တင်ထားသောအကြောင်းအရာများမှ (သို့) အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်းဖြစ်စေ ၀ဘ်ဆိုဒ်အသုံးပြုသူများအကြားအပြန်အလှန်ဆက်သွယ်မှုမှ ရရှိသော ပုဂ္ဂိုလ်ရေးထိခိုက်မှုများအပါအ၀င် မည်သည့်ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုကိုမဆို တာဝန်ယူမည်မဟုတ်ပါ။

 

ဤ၀ဘ်ဆိုဒ်နှင့်ချိတ်ဆက်ခြင်း

သင်သည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကိုမထိခိုက်စေပဲ သို့မဟုတ် အခွင့်အ‌ရေးမယူပဲ တရား၀င်ပြီးမျှတစွာ လုပ်ပေးနိုင်လျှင် ကျွန်ုပ်တို့၏မူလစာမျက်နှာကိုချိတ်ဆက်နိုင်သည် ၊ သို့သော် ကျွန်ုပ်တို့ဘက်မှ ပတ်သက်ဆက်စပ်မှုခွင့်ပြုချက် သို့မဟုတ် ထောက်ခံချက်ပုံစံ တစုံတရာမရှိပဲ ထိုသို့ ချိတ်ဆက်ခြင်းမပြုလုပ်ရ။ သင်မပိုင်ဆိုင်သော မည်သည့် ၀ဘ်ဆိုဒ်ကမျှ ဆက်သွယ်မှုကို မတည်ဆောက်ရ။ ဤ၀ဘ်ဆိုဒ်ကို အခြားမည်သည့်ဆိုဒ်တွင်မှ ပုံသွင်းမပြရ။ ထို့အပြင် ဤ၀ဘ်ဆိုဒ်၏ပင်မစာမျက်နှာမှလွဲ၍ အခြားမည်သည့်အစိတ်အပိုင်းကိုမှ ချိတ်ဆက်မှု မဖန်တီးရ။ ချိတ်ဆက်ခွင့်ပြုချက်ကို အသိပေးအကြောင်းကြားခြင်းမရှိပဲ ကျွန်ုပ်တို့ဘက်မှ ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ ပုဂ္ဂိုလ်ရေးပုံရိပ်များ နှင့် အခြားပါဝင်သူတို့၏မူပိုင်ခွင့်များ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်းချက်
ဤ၀ဘ်ဆိုဒ်ပေါ်တွင် ထူးခြားချက်အနေဖြင့် သိသာထင်ရှားစွာ ဖော်ပြမထားပဲ (၎င်းတို့၏အမည်များနှင့်ပုံများအပါအဝင်) လူပုဂ္ဂိုလ်များ၊ အခြားအမှတ်တံဆိပ်များနှင့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် တည်နေရာများ အားလုံး www.findmymethod.orgနှင့် တွဲဖက်ဆက်စပ် ချိတ်ဆက်ခြင်း မရှိပါ။ ထိုကဲ့သို့သော ဆက်သွယ်မှု သို့မဟုတ် ဆက်နွယ်မှု ရှိခြင်းအပေါ် အားကိုးမပြုသင့်ပါ။ ဤ၀ဘ်ဆိုဒ်တွင် အထင်ကရဖော်ပြထားသော မည်သည့်ကုန်အမှတ်တံဆိပ် / အမည်များကိုမဆို သက်ဆိုင်ရာကုန်အမှတ်တံဆိပ်ပိုင်ရှင်များက ပိုင်ဆိုင်သည်။ ကုန်အမှတ်တံဆိပ် သို့မဟုတ် တံဆိပ်အမည်ကို ရည်ညွှန်းသည့်အခါ ၎င်းကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ဖော်ပြရန် သို့မဟုတ် ခွဲခြားသတ်မှတ်ရန်အတွက်ကိုသာ အသုံးပြုသည်။ ထိုကုန်ပစ္စည်းများ သို့မဟုတ် ၀န်ဆောင်မှုများသည် www.findmymethod.orgမှ  ထောက်ခံပေးသည် သို့မဟုတ် ချိတ်ဆက်သည်ဟု အခိုင်အမာပြောဆိုခြင်းမဟုတ်။

 

လျော်ကြေး

သင်သည် ဤ၀ဘ်ဆိုဒ်ကိုသင်အသုံးပြုခြင်းကြောင့် သို့မဟုတ် သင်၏၀န်ဆောင်မှုဆိုင်ရာစည်းကမ်းချက်များကိုဖောက်ဖျက်ခြင်းတို့ကြောင့်ပေါ်ပေါက်လာသော တခြားပါဝင်ပတ်သက်သူမှ တောင်းဆိုမှုများ၊ တာဝန်ယူမှု၊ ပျက်စီးဆုံးရှုံးမှု များနှင့် /သို့မဟုတ် (တရားရုံးစရိတ်အပါအ၀င်သာမက)ကုန်ကျစရိတ်များ မှ www.findmymethod.org နှင့် ၄င်း၏ ဒါရိုက်တာများ၊ အရာရှိများ၊ ၀န်ထမ်းများ၊ အတိုင်ပင်ခံများ၊ အေးဂျင့်များနှင့်တွဲဖက်လုပ်ကိုင်သူများအား လျော်ကြေးပေးရန်၊ ကာကွယ်ရန်၊ ဘေးကင်းစေရန် သဘောတူသည်။

 

အပြောင်းအလဲ

www.findmymethod.org သည် ၀န်ဆောင်မှုများနှင့် / သို့မဟုတ် ဤ၀ဘ်ဆိုဒ်၏မည်သည့်စာမျက်နှာကိုမဆို ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ပြောင်းလဲခြင်းကို အသိပေးခြင်းမရှိဘဲ အချိန်မရွေးဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

 

တရားမဝင်မှု

အကယ်၍ ၀န်ဆောင်မှုဆိုင်ရာစည်းမျဉ်းများ၏ အစိတ်အပိုင်းတခုခုကို (ကျွန်ုပ်တို့၏တာ၀န်ကို ချန်လှပ်ထားသည့်ပြဌာန်းချက်များအပါအ၀င်) အတည်မပြုနိုင်ပါက ၀န်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များ၏ အခြားသောအပိုင်းများကို သက်ရောက်လိမ့်မည်မဟုတ်ပါ။ အခြားဝါကျများအားလုံး အပြည့်အ၀ သက်ရောက်မှုရှိမြဲဖြစ်သည်။ မည်သည့်စာပိုဒ်/ စာပိုဒ်ခွဲ သို့မဟုတ် ပုဒ်မခွဲ / ပုဒ်မခွဲ၏အစိတ်အပိုင်း မဆို ပြတ်တောက်နိုင်သည့်အတွက် ကျန်အပိုင်းကိုတရားဝင်ဖြစ်စေရန် ဖြစ်နိုင်သမျှအတိုင်းအတာအရ ထိုစာပိုဒ်ကို အဓိပ္ပာယ်ကောက်ယူရမည်။ တနည်းအားဖြင့် ဥပဒေအရခွင့်ပြုထားသည့်အတိုင်း ပုဒ်မ / ပုဒ်မခွဲ၏မူလအဓိပ္ပာယ်နှင့်အနီးကပ်ဆင်တူသည့်အပိုဒ်ကို ပြင်ဆင်ရန်နှင့်အဓိပ္ပာယ်ကောက်ယူရန် သင်သဘောတူသည်။

 

တိုင်ကြားချက်များ

ကျွန်ုပ်တို့သည် အငြင်းပွားမှုများကို ဦးစွာပေါ်ပေါက်လာစဥ် ဖြေရှင်းရန်ကြိုးစားသည့် တိုင်ကြားမှုများကိုကိုင်တွယ်သည့် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သည်။ ကျေးဇူးပြု၍ သင့်တွင်မကျေနပ်ချက်များ သို့မဟုတ် မှတ်ချက်များရှိပါက အသိပေးပါ။

 

ကင်းလွတ်စေမှု

အကယ်၍ သင်သည် ဤအခြေအနေများကိုချိုးဖောက်ပြီး ကျွန်ုပ်တို့မှ အရေးယူဆောင်ရွက်ခြင်းမပြုပါက ကျွန်ုပ်တို့၏အခွင့်အရေးများနှင့်ကုစားမှုများကို သင်ဤအခြေအနေများချိုးဖောက်သည့်မည်သည့်ဖြစ်ရပ်မျိုးတွင်မဆို ကျွန်ုပ်တို့အသုံးပြုခွင့်ရှိသည်။

 

သဘောတူညီချက်တစ်ခုလုံး

အထက်ဖော်ပြပါ ၀န်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များသည် ပါဝင်သူများ၏သဘောတူညီချက်တစ်ခုလုံးကိုကိုယ်စားပြုပြီး သင်နှင့် www.findmymethod.org တို့အကြား ယခင်နှင့်တဆက်တည်းသဘောတူညီချက်များကို အစားထိုးလိုက်သည်။ ၀န်ဆောင်မှုဆိုင်ရာစည်းမျဉ်းများပြဌာန်းချက်တစ်စုံတစ်ရာကို ပယ်ဖျက်သည့် မည်သည့်အရာကိုမဆို www.findmymethod.org ၏ဒါရိုက်တာတစ်ဦးမှ စာရေးပြီးလက်မှတ်ရေးထိုးမှသာ သက်ရောက်လိမ့်မည်။