FIND MY METHOD ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒ

Find My Method တွင်ကျွန်ုပ်တို့အကောင်အထည်ဖော်သောကိုယ်ပိုင်လုံခြုံရေးမူဝါဒကိုဤနေရာတွင်ရှာပါ။ မင်းရဲ့ဒေတာတွေကိုငါတို့ဘယ်လိုသုံးတယ်ဆိုတာကိုမင်းတိုင်ပင်နိုင်တယ်၊ ငါတို့အကောင်အထည်ဖော်တဲ့လုံခြုံရေးနဲ့အခြားအရာတွေကိုမင်းတိုင်ပင်နိုင်တယ်။
FIND MY METHOD ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒ

1. ကျွန်ုပ်တို့အကြောင်း နှင့် ဤမူဝါဒ၏လွှမ်းခြုံမှု:

Find My Method (‘အဖွဲ့အစည်း’ သို့မဟုတ် ‘ကျွန်ုပ်တို့’ ဟုညွှန်းဆိုမည်) သည် ဝက်ဘ်ဆိုဒ် နှင့် သက်ဆိုင်ရာနည်းပညာများပါဝင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းအားလုပ်ဆောင်နေသော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့ရဲ့ ရပ်တည်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိလူများအား မှန်ကန်ပြီး တကိုယ်ရည်သီးသန့်ချိန်ညှိထားသော သန္ဓေတားနည်းလမ်းများဆိုင်ရာအချက်အလက်များကို ပေးစွမ်းရန်၊ အန္တရာယ်ကင်းရှင်းသော လိင်ဆက်ဆံမှုလုပ်ဆောင်နိုင်ရန် စွမ်းအားမြှင့်ပေးရန်၊ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော ကိုယ်ဝန်များအား ကာကွယ်ရန် နှင့် ကိုယ်ပိုင်ခံယူချက်ဖြင့် လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုများလုပ်ဆောင်နိုင်ရန်ဖြစ်သည်။

စနစ်’ဟုညွှန်းဆိုသည့် ဤ ဒစ်ဂျစ်တယ် ပလက်ဖောင်းသည်၊ သုံးစွဲသူများထံမှ ဝန်ထမ်းများ၊ ပြင်ပကန်ထရိုက်များ၊ အလုပ်လျှောက်သူများ (‘သုံးစွဲသူများ’ ဟု ခေါ်ဆိုမည်)ကဲ့သို့ အဖွဲ့အစည်းနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များအပါအဝင် သုံးစွဲသူများထံမှ လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သည့်အချက်အလက်များ (PII)ကို ကောက်ယူနိုင်သည်။ ဤ ကိုယ်ရေးကိုယ်တာမူဝါဒသည် ကျွန်ုပ်တို့ကောက်ခံသည့် PII အမျိုးအစားများကို ဖော်ပြပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် သုံးစွဲသူများ၏ အခွင့်အရေးများကို ရှင်းပြသည်။ အဖွဲ့အစည်းသည် စနစ်၏ အပိုင်းကဏ္ဍအများစုကို ပိုင်ဆိုင်၊ ထိန်းချုပ်သော်လည်း ထိရောက်မှုမြှင့်တင်နိုင်ရန် အချို့သောလုပ်ဆောင်ချက်များကို ပြင်ပဝန်ဆောင်မှုပေးသူများမှ ပေးစွမ်းသည်။

ကျွန်ုပ်တို့သည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးရန် ဤကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒကို ဖန်တီးပြီး ကျင့်သုံးသည်။​

2. ဤမူဝါဒထံပြောင်းလဲမှုများ နှင့် ဖြည့်စွက်ထားသော ကိုယ်ရေးကိုယ်တာအသိပေးချက်များ

ကျွန်ုပ်တို့သည် အနာဂတ်တွင် ဤကိုယ်ရေးကိုယ်တာမူဝါဒကို ပြင်ဆင်နိုင်သည့်အခွင့်အရေးရှိသည်။ သုံးစွဲသူများအား ကိုယ်ရေးကိုယ်တာကာကွယ်မှုများအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းများ၊ စာလုံးပေါင်းမှားခြင်းများအားပြင်ဆင်မှုများ သို့မဟုတ် အရေးမကြီးသော အချက်အလက်များထည့်သွင်းခြင်းများကဲ့သို့ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုများအား မထိခိုက်စေသည့် အသေးစားပြောင်းလဲမှုများကို အသိပေးမည်မဟုတ်ပါ။ အကယ်၍ သုံးစွဲသူတစ်ယောက်သည် မှန်ကန်သော အီးမေးလ်လိပ်စာကို မပေးအပ်သေးပါက၊ ကျွန်ုပ်တို့သည်၎င်းတို့အား ဤမူဝါဒအပေါ်မည်သည့်ပြောင်းလဲမှုများကိုမှ အသိမပေးနိုင်ပါ။ ဤကိုယ်ရေးကိုယ်တာမူဝါဒအား ပြင်ဆင်ခြင်း သို့မဟုတ် ဗားရှင်းအသစ် သို့မဟုတ် ကျွန်ုပ်တို့နှင့်ဆက်ဆံရာတွင် အကျုံးဝင်သော ဖြည့်စွက်ကိုယ်ရေးကိုယ်တာအသိပေးချက်များအား တင်ပေးခြင်းတို့ဖြင့် ဖြည့်စွက်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဤအသိပေးချက်များအား ဤမူဝါဒတွင် ထည့်သွင်းနိုင်ပြီး အဖွဲ့အစည်း၏ ဝက်ဘ်ဆိုဒ်တွင်တင်ခြင်း နှင့်/သို့မဟုတ် သီးခြားရရှိနိုင်စေရန် ပြုလုပ်ခြင်း လုပ်နိုင်သည်။

3. ပြင်ပဝက်ဘ်ဆိုဒ်များထံသို့ လင့်ခ်များ

ဤကိုယ်ရေးကိုယ်တာမူဝါဒသည် စနစ်ထံမှ လင့်ခ်များမှတစ်ဆင့် ဝင်ရောက်နိုင်သော မည်သည့်ပြင်ပဝက်ဘ်ဆိုဒ်ကိုမဆို မလွှမ်းခြုံပါ။ ကျွန်ုပ်တို့သည် အဆိုပါလင်ခ့်ပေးအပ်ထားသော ဝက်ဘ်ဆိုဒ်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အကြောင်းအရာ၊ လုပ်ဆောင်ချက်များ၊ လည်ပတ်မှု သို့မဟုတ် ကိုယ်ရေးကိုယ်တာလုပ်ဆောင်ချက်များအတွက် တာဝန်ယူမည်မဟုတ်ပါ။ မည်သည့်လင့်ခ်ပေးအပ်ထားသော ပြင်ပဝက်ဘ်ဆိုဒ်၏ အချက်အလက်ကောက်ယူမှု နှင့် သုံးစွဲမှုလုပ်ဆောင်ချက်များသည် အဆိုပါ ပြင်ပအဖွဲ့၏ ကိုယ်ရေးကိုယ်တာအသိပေးချက်၊ ဖော်ပြချက် သို့မဟုတ် မူဝါဒ နှင့် သုံးစွဲမှုစည်းမျဥ်းများအလိုက်ဖြစ်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သင့်ကို ၎င်းတို့အား ဖတ်ရှုရန် တိုက်တွန်းသည်။

4. ကျွန်ုပ်တို့ကောက်ခံသည့် လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သောအချက်အလက်

ကျွန်ုပ်တို့သည် အသက် ၁၃ နှစ်အောက်လူပုဂ္ဂိုလ်များ၏ အချက်အလက်များကို သိလျက်ဖြင့် မကောက်ခံပါ။ ကျွန်ုပ်တို့စနစ်တွင် အသက်မပြည့်သေးသူများကို သီးသန့်ဆွဲဆောင်သော သို့မဟုတ် မကောင်းသည့်ဖက်မှ ၎င်းတို့အား သက်ရောက်စေနိုင်သော အကြောင်းအရာများ မပါဝင်ပါ၊ ထို့အပြင် ကျွန်ုပ်တို့၏ သုံးစွဲသူများ၏ အသက်အရွယ်ကိုလည်း သီးခြားအတည်မပြုပါ။ အကယ်၍ သုံးစွဲသူများသည် အသက် ၁၃ နှစ်အောက် ပုဂ္ဂိုလ်များ၏ PII များကို ပေးအပ်လာပါက၊ ကျွန်ုပ်တို့သည် ၎င်းကဲ့သို့ အချက်အလက်ကို ဤ ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒနှင့်အညီ ကိုင်တွယ်မည်ဖြစ်သည်။ အကယ်၍

  • အမည်
  • အီးမေးလ်လိပ်စာ
  • ဖုန်းနံပါတ်
  • အိုင်ပီလိပ်စာ၊​ အင်တာနက်ဝန်ဆောင်မှုပေးအပ်သူ၊ ဘရောက်ဇာအမျိုးအစား နှင့် ဘာသာစကား
  • တည်နေရာ
  • အချိန်ဇုန်
  • အသုံးပြုသော ဘာသာစကားများ
  • အသက်၊ လိင်၊ ကိုယ်ပိုင်ဓာတ်ပုံများ နှင့် သုံးစွဲသူများမှ ပေးအပ်နိုင်သည့် အခြားကိုယ်ပိုင်အချက်အလက်များ
  • သန္ဓေတားခြင်းဆိုင်ရာ နှင့် ကိုယ်ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်များ နှင့် မေးမြန်းမှုများ၊ စနစ်နှင့်ဆက်သွယ်ရသည့် အကြောင်းအရင်းများ၊ မျိုးပွားမှုဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများအား ရယူရန် နှင့် ငွေကြေးစိုက်ထုတ်ရန် ၎င်းတို့၏ တတ်နိုင်မှုများအပါအဝင် သုံးစွဲသူမှ ကိုယ်တိုင်ပေးအပ်သည့် လိင်ပိုင်းဆိုင်ရာ နှင့် မျိုးပွားမှုဆိုင်ရာ
  • ကျန်းမာရေး နှင့် အခွင့်အရေးအချက်အလက်များ
  • အလုပ်အကိုင် နှင့် အလုပ်ရှင်အချက်အလက်
  • စနစ်၏ မည်သည့်အပိုင်းကိုမဆို ပေးအပ်သော ထောက်ခံမှုများ၊​ သတ်မှတ်ချက်များ သို့မဟုတ် သုံးသပ်ချက်များ

5. သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့ကောက်ခံပုံ

ကျွန်ုပ်တို့သည် PII မကောက်ယူခင် သင့်ခွင့်ပြုချက်ကိုတောင်းခံသည်၊ စနစ်ဖြင့် ချိတ်ဆက်ခြင်းအားဖြင့် သုံးစွဲသူများသည် ဤ အချက်များကို သဘောတူသည် (၁) ဤကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည့် စည်းမျဥ်းများ နှင့် သတ်မှတ်ချက်များ၊ (၂) အဖွဲ့အစည်းအား ၎င်းတို့မှ ပေးအပ်သည့် မည်သည့်အချက်အလက်ကိုမဆို ကျွန်ုပ်တို့၏ ကောက်ခံမှု၊ သုံးစွဲမှု နှင့် ထိန်းသိမ်းမှု နှင့်/သို့မဟုတ် စနစ်သုံးစွဲသည့် နည်းပညာများမှ ကောက်ခံသည့်မည်သည့်အချက်အလက်ကိုမဆို။

ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကောက်ခံရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်:

  • သုံးစွဲသူများကိုယ်တိုင်မှ မျှဝေမှုများ
  • ပြင်ပဝန်ဆောင်မှုပေးအပ်သူများအပါအဝင် စနစ်၏ မည်သည့်အစိတ်အပိုင်းနှင့်မဆို သုံးစွဲသူ၏ ချိတ်ဆက်မှုများ
  • သုံးစွဲသူများနှင့် ဆွေးနွေးမှုများ/ချိတ်ဆက်မှုများ

ကျွန်ုပ်တို့သည် PII ကိုကောက်ယူရန် ပိုမိုထိရောက်ပြီး လုံခြုံသည့် နည်းလမ်းများကို ဆက်လက်ရှာဖွေမည်ဖြစ်ပြီး မည်သည့်ပြောင်းလဲမှုကိုမဆို ထင်ဟပ်ရန် ဤ ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒကို ပြင်ဆင်မည်ဖြစ်သည်။

6. သင့်လူပုဂ္ဂိုလ်ဖော်ထုတ်နိုင်သည့်အချက်အလက်အား ကျွန်ုပ်တို့၏ သုံးစွဲမှု

ကျွန်ုပ်တို့သည် အောက်ပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ ကောက်ခံထားသော PII ကို အသုံးပြုသည်:

  • မျိုးပွားမှုရွေးချယ်စရာများဆိုင်ရာ သက်ဆိုင်သည့်အချက်အလက်များကိုပေးအပ်ရန် အပါအဝင် သုံးစွဲသူများနှင့် ချိတ်ဆက်ရန်
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ နှင့် တန်ဖိုးကို တိုးတက်စေရန် PII ကို ဆန်းစစ်ရန်
  • စနစ် နှင့် အဖွဲ့အစည်းအတွက် အထွေထွေလုပ်ဆောင်ချက်များ ဆောင်ရွက်ရန်
  • သုတေသနလုပ်ဆောင်ရန်
  • အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအတွက်၊ ၎င်းတို့၏ အဖွဲ့ဝင်များဆိုင်ရာ PII များအား ၎င်းတို့အား ပေးအပ်ခြင်း
  • ရန်ပုံငွေရှာဖွေခြင်း လုပ်ဆောင်ချက်များအတွက်၊ အလားအလာရှိသည့် ရန်ပုံငွေပေးသော အဖွဲ့အစည်းများအတွက် PII များကို အကျဥ်းချုပ်ပေးခြင်း
  • ဥပဒေမှ လိုအပ်သည့်အတိုင်း ဥပဒေစိုးမိုးရေးအတွက်၊​ အခြားအစိုးရအဖွဲ့အစည်းများ သို့မဟုတ် ပြင်ပ အဖွဲ့အစည်းများအား ပေးအပ်ရန်

ကျွန်ုပ်တို့သည် သင့် PII များအား ဖော်ပြပေးရန် တောင်းဆိုခံရခြင်းကို ရှောင်ရှားရန် သင့်တော်ပြီး တရားဥပဒေနှင့် ညီညွတ်သည့်အဆင့်များကို လုပ်ဆောင်သည်၊ သို့သော်လည်း တရားဥပဒေလိုအပ်ချက်များမှ ကျွန်ုပ်တို့အား လိုက်နာစေမည့် အခြေအနေများလည်းရှိသည်။ ပြင်ပဝန်ဆောင်မှုပေးသူများမှ ကောက်ယူသော သို့မဟုတ် သိုလှောင်ထားသော PII များအတွက်၊ ကျွန်ုပ်တို့သည် အဆိုပါ PIIများ၏ သုံးစွဲမှု နှင့်/သို့မဟုတ် သိုလှောင်မှုကို မထိန်းချုပ်ပါ။

7. သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို သင်၏ ရယူ၊ ပြင်ဆင်၊ ထိန်းချုပ်၊ ပယ်ဖျက်ပိုင်ခွင့်အခွင့်အရေးများ

ကျွန်ုပ်တို့မှ PII များ ပိုင်ဆိုင်ထားသည့် သုံးစွဲသူများသည် အောက်ပါအခွင့်အရေးများရှိသည်:

  • ၎င်းတို့ PII ကို ဝင်ရောက်ခွင့်ရယူခြင်း နှင့် မူပွားများရယူခြင်း
  • ၎င်းတို့၏ PII ကို ကျွန်ုပ်တို့မည်ကဲ့သို့ ရယူပြီး အသုံးပြုပုံဆိုင်ရာ ရှင်းလင်းချက် ရရှိခြင်း
  • ၎င်းတို့၏ PII ကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း
  • ကျွန်ုပ်တို့မှ ၎င်းတို့၏ PII ကို မည်ကဲ့သို့ သုံးစွဲပုံကို ပြောင်းလဲခြင်း

ဤအခွင့်အရေးများကိုကျင့်သုံးရန်၊​ သုံးစွဲသူများသည် ကျွန်ုပ်တို့အား မှန်ကန်သော၊ အတည်ပြုနိုင်သော အီးမေးလ်လိပ်စာ ပေးအပ်ရမည်ဖြစ်ပြီး ‘ကျွန်ုပ်တို့အားဆက်သွယ်နိုင်ပုံ” အပိုင်းရှိ ညွှန်ကြားချက်များကို လိုက်နာရမည်။​မှန်ကန်သော၊​အတည်ပြုနိုင်သော အီးမေးလ်လိပ်စာကို မပေးအပ်ခြင်းသည် ၎င်းတို့၏ လူပုဂ္ဂိုလ်ဖြစ်တည်မှုအား အတည်မပြုနိုင်စေပဲ ၎င်းတို့၏ အခွင့်အရေးများကိုလည်း မကျင့်သုံးနိုင်စေပါ။

8. ကျွန်ုပ်တို့၏ အသက်မပြည့်သေးသူများအတွက် ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒ နှင့် လုပ်ဆောင်မှုများ

ကျွန်ုပ်တို့သည် အသက် ၁၃ နှစ်အောက်လူပုဂ္ဂိုလ်များ၏ အချက်အလက်များကို သိလျက်ဖြင့် မကောက်ခံပါ။ ကျွန်ုပ်တို့စနစ်တွင် အသက်မပြည့်သေးသူများကို သီးသန့်ဆွဲဆောင်သော သို့မဟုတ် မကောင်းသည့်ဖက်မှ ၎င်းတို့အား သက်ရောက်စေနိုင်သော အကြောင်းအရာများ မပါဝင်ပါ၊ ထို့အပြင် ကျွန်ုပ်တို့၏ သုံးစွဲသူများ၏ အသက်အရွယ်ကိုလည်း သီးခြားအတည်မပြုပါ။ အကယ်၍ သုံးစွဲသူများသည် အသက် ၁၃ နှစ်အောက် ပုဂ္ဂိုလ်များ၏ PII များကို ပေးအပ်လာပါက၊ ကျွန်ုပ်တို့သည် ၎င်းကဲ့သို့ အချက်အလက်ကို ဤ ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒနှင့်အညီ ကိုင်တွယ်မည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့မှ အသက် ၁၃ နှစ်အောက် လူပုဂ္ဂိုလ်နှင့်ဆက်သွယ်မိခြင်းကို သိရှိပါက၊ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့အား မိဘခွင့်ပြုချက်လိုအပ်ကြောင်း အသိပေးမည်ဖြစ်သည်။

9. ကျွန်ုပ်တို့၏ လုံခြုံရေး နှင့် ထိန်းသိမ်းရေး မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများ

ခွင့်ပြုချက်မရှိသော ဖွင့်ဟမှု/အသုံးပြုမှုမှ သင့် PII အားကာကွယ်ရန်အတွက်၊ ကျွန်ုပ်တို့သည် အောက်ပါ ကြိုတင်လုပ်ဆောင်ချက်များကို ဆောင်ရွက်သည်:

  • ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ နှင့် ပြင်ပဝန်ဆောင်မှုပေးအပ်သူများအား ဤ ကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒအကြောင်းပညာပေးခြင်း
  • သင့် PII အား ခွင့်ပြုချက်မရှိပဲဖွင့်ဟခြင်း နှင့်/သို့မဟုတ် သုံးစွဲခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့၏ လုံခြုံရေးလုပ်ဆောင်မှုများကို အဆင့်မြှင့်တင်ခြင်း

ကျွန်ုပ်တို့၏ အထွေထွေမူဝါဒမှာ PII အားလုံးကို ကောက်ယူထားသည့်နေ့မှစ၍ တစ်နှစ်အတွင်း ဖျက်သိမ်းရန်ဖြစ်သည်။ သို့သော်လည်း၊ ဤအချက်သည် ကျွန်ုပ်တို့စနစ်၏ ရှုပ်ထွေးမှုကြောင့် အမြဲတမ်းမဖြစ်ပါ။
ထပ်မံ၍၊ ကျွန်ုပ်တို့၏ အချက်အလက်ထိန်းသိမ်းရေးမူဝါဒသည် ပြင်ပဝန်ဆောင်မှုပေးသူများမှ ကောက်ယူ ပြီး/သို့မဟုတ် သိမ်းဆည်းထားသည့် PII များအပေါ် မသက်ရောက်ပါ။ ကျွန်ုပ်တို့သည် လက်ရှိတွင် PII အားလုံးကို ကုဒ်ဝှက်မထားနိုင်သေးသော်လည်း ကောက်ယူထားသည့် PII အားလုံးကို ကုဒ်ဝှက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ကျွန်ုပ်တို့၏ “ခြေရာမခံပါနှင့်” ဖွင့်ဟချက်

ကျွန်ုပ်တို့သည် သတ်မှတ်ချက်ဖြင့်လုပ်သည့်ကြော်ငြာခြင်းများအတွက် ပြင်ပဝက်ဘ်ဆိုဒ်များမှ လူပုဂ္ဂိုလ်များကို ခြေရာခံခြင်းမလုပ်ဆောင်ပါ၊ ပြီးနောက် ခြေရာမခံပါနှင့်​ (DNT) ဆင်ဂနယ်များကို မတုံ့ပြန်ပါ။

11. ကျွန်ုပ်တို့ထံ တောင်းဆိုချက်များ၊ သုံးသပ်ချက်များ၊ မေးခွန်းများနှင့် ဆက်သွယ်ရမည့်ပုံစံ

ကျွန်ုပ်တို့ထံ တောင်းဆိုချက်များ၊​သုံးသပ်ချက်များ နှင့်/သို့မဟုတ် မေးခွန်းများနှင့် ဆက်သွယ်ရန်၊ privacy@findmymethod.org ထံ ကျေးဇူးပြု၍ အီးမေးလ်ပို့ပေးပါ။ မည်သည့် PII ကိုမဆို မဖွင့်ဟခင် သို့မဟုတ် ပြောင်းလဲမှုများမလုပ်ခင်၊ ကျွန်ုပ်တို့သည် တောင်းဆိုမှုပြုလုပ်နေသူ၏ တည်ရှိမှုကို အတည်ပြုရန် ဖိုင်ရှိ အီးမေးလ်လိပ်စာကို အသုံးပြုမည်ဖြစ်သည်။ သင့်ကိုယ်ရေးကိုယ်တာလုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။​
အကယ်၍ သုံးစွဲသူတစ်ယောက်သည် မှန်ကန်ပြီး အတည်ပြုနိုင်သော အီးမေးလ်လိပ်စာကို မပေးအပ်ပါက၊ ကျွန်ုပ်တို့သည် ၎င်းတို့၏ တည်ရှိမှုကို အတည်ပြုနိုင်မည်မဟုတ်ပဲ၊ ကျွန်ုပ်တို့လက်ဝယ်ရှိ PII များနှင့် သက်ဆိုင်သည့် မည်သည့်အခွင့်အရေးကိုမဆို ခွင့်ပြုပေးနိုင်ခြင်းအားလည်း တားဆီးမည်ဖြစ်သည်၊

12. နောက်ဆုံးမြှင့်တင်မှု

ဤကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒကို ၂၀၂၄ ခုနှစ် သြဂုတ်လတွင် မြှင့်တင်ခဲ့သည်။ ကျွန်ုပ်တို့သည် အနည်းဆုံး ၁၂ လလျှင် တစ်ကြိမ် ဤကိုယ်ရေးကိုယ်တာလုံခြုံရေးမူဝါဒကို မြှင့်တင်မည်ဖြစ်သည်။