ငါ့ IUD ထွက်ကျလာခဲ့တယ်။ နောက်တစ်ခါထပ်ဖြစ်ဦးမလား။

ထည့်သွင်းပြီး ပထမနှစ်အတွင်းမှာ အမျိုးသမီးရာခိုင်နှုန်း အနည်းငယ်မှာ IUD ပြန်ထွက်ခြင်း ဖြစ်နိုင်ပါတယ်။​ ပြန်ထွက်ခြင်းဟာ ဒီလိုမျိုး အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ် [1]:

  • အသက် ၂၀ ထက်ငယ်သူ
  • အလွန်များသော သို့မဟုတ် အလွန်နာကျင်သည့်ရာသီလာခြင်းဖြစ်ဖူးသူ
  • ကလေးမွေးပြီးနောက်ချက်ချင်း ဒါမှမဟုတ် ကိုယ်ဝန်ခြောက်လလောက်အတွင်း ကလေးဖျက်ချပြီးနောက် IUD ထည့်သွင်းထားလျှင်။

တစိတ်တပိုင်းထွက်လာခြင်းသည် IUD နေရာမှန်မရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ သားအိမ်တွင်းအတော်နိမ့်သည့်နေရာတွင်ရှိခဲ့၍ ထွက်လာခြင်းဖြစ်နိုင်သည်။ ၎င်းသည်ထည့်သွင်းသည့်အချိန်တွင်ဖြစ်ခဲ့သည် သို့မဟုတ် သားအိမ်၏ဝိသေသလက္ခဏာများနှင့်ဆက်စပ်သော အရွယ်အစား၊ ထောင့် (သို့) အသားလုံးကဲ့သို့ ပုံသဏ္ဍန်မမှန်စေသော အခြေအနေများရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။ IUD ထွက်ကျလာသောအမျိုးသမီးများအတွက်ဒုတိယ IUD ထွက်ကျရန်အခွင့်အလမ်းသည် ၂၀% တွင် (အချို့သောလေ့လာမှုများတွင် ၃၀% အထိ) ရှိနိုင်သည်။[1].

အဆင်မပြေသေးဘူးလား? သင်က IUD သုံးစွဲလို့ အဆင်ပြေတာကို ကြိုက်တယ် ဒါပေမဲ့ ပြန်ထွက်တဲ့ ပြဿနာဖြစ်နေတယ်ဆိုရင်၊​ သင်ဟာ ရေရှည်ခံပြီး ထိန်းသိမ်းမှုလုပ်ရတာနည်းတဲ့ – လက်မောင်းထည့်ပစ္စည်းကို ပြောင်းသုံးကြည့်လို့ရပါတယ်။

အခြားနည်းလမ်းသုံးမယ်- implant


References

    1. Madden T et al. “Association of age and parity with intrauterine device expulsion.” Obstetrics and Gynecology, 2014, 124:718. http://dx.doi.org/10.1097/AOG.0000000000000475 Accessed March 2024.

>

အဖြေမတွေ့ခဲ့ဘူးလား?​

ကျွန်ုပ်တို့ရဲ့ chatbot Myka ကိုမေးလိုက်ပါ။