ကျွန်ုပ်၏ IUD အားဖယ်ရှားချင်သည်။ ကိုယ့်ဖာသာကို ဖယ်လို့ရမလား

သင်သည် IUDဖယ်ရှားခြင်းနှင့်ပတ်သက်သော အွန်လိုင်းဇာတ်လမ်း အချို့ကို ရှာတွေ့နိုင်သည်။ ထိုသ်ု့ကြိုးစားရန် ကျွန်ုပ်တို့အကြံမပြုပါ။ ဒီနေရာမှာအန္တရာယ်ကင်းလားဆိုတာသိဖို့လုံလောက်တဲ့သုတေသနမရှိသေးပါ။ အကယ်၍ IUD ကိုသင်မကြိုက်လျှင် ၎င်းကိုဖယ်ရှားရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံသို့သွားပါက သင့်အား ကိုယ်၀န်တားဆီးခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ အခြားရွေးချယ်ခွင့်များအကြောင်း ပြောဆိုနိုင်ပါမည်။ [1].
သင်ကိုယ်ဝန်ဆောင်ရန်အဆင်သင့်ဖြစ်ပါက ကျန်းမာသောကိုယ်၀န်အတွက် ကြိုတင်ပြင်ဆင်ထားရန် လုပ်သင့်သောအရာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြောဆိုနိုင်သည်။
အလုပ်မဖြစ်သေးဘူးလား။ ကြာရှည်စွာအသုံးပြုရန်လွယ်ကူသောအရာကိုလိုချင်ပါက implant သည် နောက်ထပ်ရွေးချယ်ခွင့်ကောင်းတစ်ခုဖြစ်နိုင်သည်။
အခြားနည်းလမ်းသုံးမယ်- implant


References

  1. Planned Parenthood. (2020). What are the benefits of IUDs? Retrieved from Planned Parenthood https://www.plannedparenthood.org/learn/birth-control/iud/what-are-the-benefits-of-iuds