ငါ့ IUD ထွက်ကျလာခဲ့တယ်။ နောက်တစ်ခါထပ်ဖြစ်ဦးမလား။

အမျိုးသမီးရာနှုန်းအနည်းငယ်တွင် IUS ထွက်လာခြင်းသည် ထဲ့သွင်းပြီးနောက်တစ်နှစ်တွင် ဖြစ်ပွားနိုင်သည်။ ထွက်ကျလာချေများနိုင်သော အမျိုးသမီးများမှာ [1]:

  • ကိုယ်ဝန်မရှိဖူးသူ
  • အသက် ၂၀ ထက်ငယ်သူ
  • အလွန်များသော သို့မဟုတ် အလွန်နာကျင်သည့်ရာသီလာခြင်းဖြစ်ဖူးသူ
  • IUS ကိုမီးဖွားပြီးပြီးချင်း သို့မဟုတ် ဒုတိယသုံးလပတ်ကိုယ်ဝန်ပျက်ကျခဲ့ပြီး ထည့်သွင်းခဲ့သည်

IUS တစိတ်တပိုင်းထွက်လာခြင်းသည် နေရာမှန်မရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ သားအိမ်တွင်းအတော်နိမ့်သည့်နေရာတွင်ရှိခဲ့၍ ထွက်လာခြင်းဖြစ်နိုင်သည်။ ၎င်းသည်ထည့်သွင်းသည့်အချိန်တွင်ဖြစ်ခဲ့သည် သို့မဟုတ် သားအိမ်၏ဝိသေသလက္ခဏာများနှင့်ဆက်စပ်သော အရွယ်အစား၊ ထောင့် (သို့) အသားလုံးကဲ့သို့ ပုံသဏ္ဍန်မမှန်စေသော အခြေအနေများရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။ IUS ထွက်ကျသောအမျိုးသမီးများအတွက် နောက်ထပ် IUS ထွက်ကျနိုင်ချေ ပိုမိုမြင့်မားနိုင်သည်။ [2].

အလုပ်မဖြစ်သေးဘူးလား။ IUS ကို သုံးရလွယ်ပေမယ့် ထွက်ကျလာသောြပသနာရှိနေပါက တာရှည်ခံပြီးထိန်းသိမ်မှုသိပ်မလိုသည့်ရွေးချယ်ခွင့်ဖြစ်သော implant ကို ပြောင်းသုံးနိုင်သည်။

အခြားနည်းလမ်းသုံးမယ်- implant


References

  1. Nelson, A. L., & Massoudi, N. (2016). New developments in intrauterine device use: focus on the US. Retrieved from https://www.dovepress.com/new-developments-in-intrauterine-device-use-focus-on-the-us-peer-reviewed-fulltext-article-OAJC
  2. World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1