သန္ဓေတားသောက်ဆေး

သန္ဓေတားသောက်ဆေး
သန္ဓေတားသောက်ဆေး

သန္ဓေတားသောက်ဆေးဆိုတာဘာလဲ?

ကိုယ်ဝန်တားဆေး” သို့မဟုတ် “တားဆေး” ဟု လူသိများသည့် သန္ဓေတားသောက်ဆေးဆိုသည်မှာ တလချင်းစီအတွက် သေချာထုပ်ပိုးထားသော သေးငယ်သည့် ဆေးလုံးဖြစ်ပါတယ်။ အချို့လူများက “ပါးစပ်သန္ဓေတားနည်းလမ်း” လို့ခေါ်ကြပါတယ်။​သင်ဟာ တရက်တကြိမ်၊ တူညီတဲ့အချိန်မှာ နေ့တိုင်းသောက်နိုင်ပါတယ်။ မတူညီသော သန္ဓေတားဆေးများစွာဟာ ရရှိနိုင်ပါတယ်၊ ပြီးတော့ ရွေးချယ်စရာအများအပြားဟာလည်း စျေးကွက်အတွင်းကို ဝင်ရောက်လျက်ရှိပါတယ်။ သန္ဓေတားသောက်ဆေးများတွင် အမျိုးသမီးခန္ဓာကိုယ်တွင် သဘာဝအတိုင်းရှိသည့် ဟော်မုန်းအက်စတိုဂျင်များ၊ ပရိုဂျက်စရုန်းများနှင့် ဆင်တူသည့် လူလုပ်ဟော်မုန်းအက်စတိုဂျင်များပါဝင်ပါတယ်။

သန္ဓေတားသောက်ဆေး ဘယ်လိုအလုပ်လုပ်သလဲ

တားဆေးဟာ :
၁။ မျိုးဥထွက်ခြင်းကိုတားဆီးပေးပါတယ် (သားဥအိမ်များမှ ဥများထွက်ရှိခြင်း)၊ ဟော်မုန်းများဟာ သင့်သားဥအိမ်များကို မျိုးဥအိမ်များထုတ်လွှတ်ခြင်းမှ တားဆီးပါတယ်။
၂။ သားအိမ်ခေါင်းအချွဲကို ပိုမိုထူထပ်စေပါတယ်၊​ ဒီလိုလုပ်ဆောင်ခြင်းဟာ သုက်ကောင်ကို မျိုးအောင်စေရန် သားအိမ်အတွင်းသို့ ဝင်ရောက်ခြင်းအား ပိုမိုခက်ခဲစေပါတယ်။
၃။ သားအိမ်နံရံများကို ပိုပါးစေပါတယ်၊ ဒီလိုလုပ်ဆောင်ခြင်းဟာ မျိုးအောင်ထားသော ဥကို သားအိမ်သို့ တွယ်ကပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ထိရောက်မှု

တားဆေး၏ သန္ဓေတားပေးနိုင်စွမ်းဟာ အသုံးပြုသူအပေါ်မူတည်ပါတယ်။ သင့်အနေနှင့် ဆေးကဒ်အသစ်သောက်သုံးခြင်းကို သုံးရက် သို့မဟုတ် သုံးရက်ထက်ပို၍ နှောင့်နှေးပါက သို့မဟုတ် ဆေးကဒ် ၏ အစ သို့မဟုတ် အဆုံးတွင် သုံးလုံး သို့မဟုတ် သုံးလုံးနှင့်အထက် မသောက်သုံးဖြစ်ပါက ကိုယ်ဝန်ရရှိနိုင်ပါတယ်။
ဆေးလုံးများကို မှန်ကန်စွာ အသုံးပြုပါက – မည်သည့်ဆေးလုံးကိုမှ မေ့သွားခြင်း၊ ဆေးလုံးများကို အချိန်မှန် ပြန်လည်သောက်သုံးခြင်း (ဟော်မုန်းမပါဝင်သော ဆေးလုံးများ/ သို့မဟုတ် ဆေးလုံးမရှိသော အပတ်ပြီးနောက်)၊ လိုအပ်သည့်အခါ အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုခြင်း – တားဆေးသည် သန္ဓေတားဆီးရာတွင် ၉၃% အထိ ထိရောက်နိုင်ပါတယ်။ ဟော်မုန်းဆေးလုံးများကို ခုနှစ်ရက်ခြားခြင်းမရှိပဲ ဆက်တိုက်သောက်သုံးသည့်အခြေအနေများတွင် ဆေးလုံးသည် ကိုယ်ဝန်တားဆီးရာတွင် ၉၉ ရာခိုင်နှုန်းအထိ ထိရောက်နိုင်ပါတယ်။”

သန္ဓေတားသောက်ဆေးများသည် ပရိုဂျက်စတင်-သီးသန့်သောက်ဆေးများနှင့် မည်ကဲ့သို့ ကွာခြားပါသလဲ?

လူလုပ်ဟော်မုန်း ၁ မျိုး (ပရိုဂျက်စတင်) သာပါဝင်သည့် ပရိုဂျက်စတင်-သီးသန့်သောက်ဆေးများနှင့် မတူပဲ၊ သန္ဓေတားသောက်ဆေးများတွင် လူလုပ်ဟော်မုန်း ၂ မျိုး (အက်စတိုဂျင် နှင့် ပရိုဂျက်စတင်) ပါဝင်ပါတယ်။
တားဆေးဟာ မတူညီသော အမျိုးအစားများ နှင့် ၂၁ လုံး သို့မဟုတ် ၂၈ လုံးပါဝင်သောကဒ်များအဖြစ်လာပါတယ်။​ ပုံမှန် လစဥ် ၂၈ လုံးဆေးကဒ်မှာ သုံးပတ်စာ ဟော်မုန်းဆေးလုံးများပါဝင်မှာဖြစ်ပြီး တပတ်စာ ဟော်မုန်းမပါဝင်သည့် ဆေးလုံးများပါဝင်ပါမယ်။ သို့သော်လည်း ဟော်မုန်းမပါဝင်သည့်ကာလပိုမိုတိုတောင်းသည့် (ဟော်မုန်းပါဝင်သည့်ဆေး ၂၄ ရက်/ ဟော်မုန်းမပါဝင်သည့်ဆေး ၄ရက်) အမျိုးအစားများလည်းရှိပါတယ်။ နောက်ဆုံးဆေးလုံးများဟာ မတူသောအရောင်ဖြစ်တာကို သင်သတိထားမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးလုံးများမှာ ဟော်မုန်းမပါဝင်သောကြောင့်ဖြစ်ပါတယ်။​ လစဥ် သင့်ရဲ့ ဓမ္မတာကို စောင့်နေစဥ်အတွင်း ဟော်မုန်းမပါဝင်သည့်ဆေးလုံးများကို သောက်သုံးရမှာဖြစ်ပါတယ်။ တားဆေးဘူးဝယ်ယူသည့်အခါ သင့်အနေနဲ့ ဘူးအတွင်းမှာ ညွှန်ကြားချက်စာကို တွေ့မှာဖြစ်ပါတယ်။ ညွှန်ကြားချက်များကို အမြဲတမ်းသေချာစွာဖတ်ရှုပါ၊ ပြီးနောက် သင့်အနေဖြင့် ဆေးတလုံးသောက်ရန်မေ့သည့်အခါ သို့မဟုတ် မအီမသာဖြစ်သည့်အခါ မည်သည်တို့ကိုလုပ်ဆောင်ရမည်ကို နားလည်ရန်သေချာပါစေ [1]။
အချို့ဆေးလုံးများဟာ သင့်ကို လစဥ် ဓမ္မတာလာစေမှာဖြစ်ပြီး၊ အချို့ဆေးလုံးများကတော့ သင့်ကို သုံးလတခါမှ ဓမ္မတာလာစေပါမယ်။ အချို့ဆေးလုံးများကတော့ တနှစ်တာပတ်လုံး ဓမ္မတာမလာစေပါဘူး။ မည်သည့်အမှတ်တံဆိပ်မဆို၏ ဟော်မုန်းပါဝင်သည့်ဆေးလုံးများကိုသာ သီးသန့်သောက်သုံးခြင်းဖြင့် သင်ဟာ ဓမ္မတာများကို ကျော်သွားဖို့ ရွေးချယ်နိုင်ပါတယ်။ စျေးကွက်အတွင်းမှာ မတူညီသော တားဆေးအမျိုးအစားများစွာရှိတာကြောင့်၊ မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းဟာ စိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် လေ့ကျင့်ထားသော လူမှုအသိုင်းအဝိုင်းကျန်းမာရေးအလုပ်သမားများဟာ သင့်ကို ကူညီအဖြေရှာပေးနိုင်ပါတယ် [2]။

သန္ဓေတားသောက်ဆေးများဟာ ဘယ်လိုပုံစံမျိုးလဲ?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles