အကြောင်း

ကျွန်ုပ်တို့ဟာ ကမ္ဘာ့နေရာဒေသ အသီးသီးမှ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ စိတ်ဝင်စားသူများ အဖွဲ့တစ်ခု ဖြစ်ပြီး လိင်ဆက်ဆံရာတွင် စိတ်ချရသော လိင်ဆက်ဆံရေးမျိုးသာ ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ပူပေါင်းခဲ့တာ ဖြစ်ပါတယ်။
အကြောင်း

Find My Method ဆိုတာ ဘာလဲ။

အထူးသဖြင့် သန္ဓေတားဆီးမှုနဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သောရောဂါတွေကို ကာကွယ်တဲ့ လိင်နဲ့ မျိုးဆက်ပွား ကျန်းမားရေးကို အာရုံစူးစိုက်တဲ့ အီး-ကျန်းမာရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ စိတ်ချရပြီး ကျေနပ်စရာလိင်မှုဘဝ ရှိသင့်တယ်လို့ ကျွန်ုပ်တို့ ခံယူထားပြီး ဒါက လိင်မှုဘဝဆိုင်ရာ အချက်အလက်ပြည့်စုံပြီး လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုတဲ့ ခရီးစတင်ခြင်းပင် ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် အထမြောက်ဖို့အတွက် ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက် ပလက်ဖောင်းနဲ့ ပုံနှိပ်ထုတ် ဖြန့်ချိမှုတွေကတစ်ဆင့် သန္ဓေတားခြင်းနဲ့ စပ်လျဉ်းပြီး ထိတွေ့ဆက်ဆံမှု၊ အပြုသဘောဆောင် လိင်မှုဆိုင်ရာ အကြောင်းအရာတွေကို မျှဝေခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဖိုရမ်မှ နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း တစ်ခု တည်ဆောက်နေပြီး ကျွန်ုပ်တို့ရဲ့ စာပတ်ပရိသတ်တွေအကြား အမြင်ချင်းဖလှယ်နိုင်ခြင်းကို အားပေးပါတယ်။

“အသိပေးနားလည်ပေးခြင်းမှ ကျေနပ်အားရတဲ့ လိင်ဆက်ဆံမှု စတင်တယ်”