ရာသီသွေးစုပ်သောတန်ပွန်တောင့်လေးနှင့်ရာသီခံခွက်များသည် ကိုယ်ဝန်ဆောင်ခြင်းကိုကာကွယ်သည့်အဝိုင်းကွင်းနှင့် အနှောက်အယှက်မဖြစ်စေပါ။ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကိုဖယ်သည့်အခါ အဝိုင်းကွင်းကိုပါအနည်းငယ်ဆွဲထုတ်နိုင်သည်။ ထိုသို့ခဏခဏဖြစ်နေလျှင် အနှောင့်အယှက်ဖြစ်နိုင်သည်။
သင်၏ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကို ထည့်သောအခါ အဝိုင်းကွင်းကို အရင် နေရာတကျဖြစ်အောင် လုပ်ပါ။ ထို့နောက်မှ ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး (သို့) ခွက်ကို နေရာချပေးပါ။ အကယ်၍ သင်သည်အဝိုင်းကွင်းကိုဆွဲထုတ်လိုက်မိလျှင် ရေသန့်ဖြင့်ဆေးကြောပြီး ချက်ချင်းပြန်ထည့်နိုင်သည်။
အကယ်၍ မကြာမကြာဖြစ်တတ်ပြီး သင်မကြိုက်ပါသော်လည်း၊ အဝိုင်းကွင်းကိုဆက်သုံးချင်သေးလျှင်၊ သန့်ရှင်းရေးအခံpads ကိုသုံးကြည့်ပါ။
References:
- World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1