သန္ဓေတားဆေးတွေကို ဘာဖြစ်လို့ အသုံးပြုသင့်တာလဲ။

သန္ဓေတားဆေးအသုံးပြုခြင်းသည် လူတစ်ဦးချင်းနှင့် ယေဘုယျအားဖြင့် ပိုမိုကျယ်ပြန့်သည့် လူမှုအသိုက်အဝန်းနှင့် လူမှုအဖွဲ့အစည်းကို အကျိုးရှိစေနိုင်ပါသည်6 ။
သန္ဓေတားဆေးများက သင်ကလေးရယူလိုသည့်အချိန်၊ သင်အလိုရှိသည့် ကလေးအရေအတွက်ကိုသာမက သင်ကလေးလုံးဝ အလိုရှိသည်မရှိသည်ကိုပင် ဆုံးဖြတ်နိုင်စေသည့် သင့်အတွက် ရွေးချယ်စရာများကို ပေးစွမ်းပါသည်။
သန္ဓေတားဆေးများသည် ဘေးအန္တရာယ်မဆိုစလောက်မျှသာ ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ၎င်းတို့က ငယ်ရွယ်သည့် အမျိုးသမီးများအား ပိုမိုကြီးရင့်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များက ကိုယ်ဝန်ဆောင်နိုင်ရန် ထောက်ပံ့ပေးနိုင်လောက်သည်အချိန်အထိ အချိန်စောင့်ဆိုင်းနိုင်စေပြီး အသက်ကြီးသည့် အမျိုးသမီးများအနေဖြင့်လည်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို သက်တောင့်သက်သာစွာ မလုပ်ဆောင်နိုင်တော့သည့်အချိန်တွင် ကိုယ်ဝန်ရှိခြင်းကို တားဆီးနိုင်စေသည်။
သန္ဓေတားဆေးများသည် ၎င်းတို့၏ ဆက်ဆံရေးများနှင့် သက်မွေးဝမ်းကြောင်းများကို အပျက်သဘော သက်ရောက်စေနိုင်သည့် ကိုယ်ဝန်ဆောင်မှုများကို တားဆီးပေးနိုင်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများသည် မွေးကင်းစကလေး၏ ကျန်းမာ‌ရေးကို ဆိုးရွားစွာ သက်ရောက်စေနိုင်ပြီး ဆယ်ကျော်သက်မိခင်များမှ မွေးဖွားသောကလေးများသည် ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာနိုင်ခြင်းနှင့် မွေးကင်းစကလေးသေဆုံးနိုင်ခြေ (၂၈ ရက်အတွင်း ကလေးသေဆုံးမှု) ပိုမိုမြင့်တက်စေနိုင်သည်။
အလွန်နီးကပ်သည့်ကိုယ်ဝန်ဆောင်မှုများသည် မွေးကင်းစကလေးသေဆုံးနှုန်း (အသက်တစ်နှစ်အောက်ကလေး သေဆုံးမှုအရေအတွက်) ကို မြင့်မားစေနိုင်သဖြင့် ယေဘုယျအားဖြင့် သန္ဓေတားဆေးများက ပိုမိုကျန်းမာသန်စွမ်းသည့် ကလေးငယ်များကို ဖြည့်ဆည်းပံ့ပိုးပေးလေသည်။ ၎င်းတို့မိဘများသည် သားဆက်အလွန်နီးကပ်သဖြင့် မိဘများသည် ၎င်းတို့မွေးကင်းစကလေးများကို အကောင်းဆုံးစောင့်ရှောက်နိုင်ရန် ရုန်းကန်ကြိုးစားရနိုင်ပါသည်။
သန္ဓေတားဆေးများသည် လူဦးရေးကြီးထွားတိုးတက်လာမှုကို နှေးကွေးစေနိုင်သဖြင့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေးစနစ်နှင့် ကျန်းမာ‌ရေးဝန်ဆောင်မှုများကို အပြုသဘော သက်ရောက်စေနိုင်သည်။