သားဆက်ခြားခြင်းဆိုတာဘာလဲ။

သားဆက်ခြားခြင်းဆိုသည်မှာ လိင်စိတ်ရှိသူအမျိုးသမီးအား ကိုယ်ဝန်ရှိခြင်းမှ ကာကွယ်တားဆီးပေးသည့် နည်းလမ်း သို့မဟုတ် ကိရိယာကို အသုံးချခြင်းဖြစ်သည်။ သားဆက်ခြားခြင်းကို တခါတရံတွင် သန္ဓေတားခြင်း၊ မိသားစု စီမံကိန်း၊ မျိုးသန္ဓေအောင်မှုထိန်းချုပ်ရေး သို့မဟုတ် ကိုယ်ဝန်ဆောင်မှုတားဆီးရေးဟုလည်း ခေါ်ဆိုသည်။
သားဆက်ခြားခြင်း၏ ရည်ရွယ်ချက်မှာ မမျိုးဥကို မျိုးအောင်ခြင်း နှင့်/သို့မဟုတ် သားအိမ်ရှိ အတွင်းနံရံအတွင်း တွယ်ကပ်ခြင်းမှ ရပ်တန့်ရန်ဖြစ်သည်3 ။ ‘သားဆက်ခြင်း’တွင် လိင်မှတဆင့် ပျံ့နှံ့သော ကူးစက်မှုများ/ရောဂါများမှ ကာကွယ်မှုမပါဝင်ပါ။