IUD ဟာ သင့်ရဲ့ လက်တွဲဖော်ကို မထိခိုက်စေပါဘူး။ IUD ကြိုးများဟာ လိင်ဆက်ဆံနေစဥ်အတွင်း အမျိုးသားများကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ သင်ကြားမိကောင်း ကြားမိမှာပါ၊ ဒါပေမဲ့ လက်တွဲဖော်အများစုဟာ ကြိုးများကို မခံစားမိကြပါဘူး။ အကယ်၍ သင့်ရဲ့ လက်တွဲဖော်က ကြိုးတွေကို ခံစားမိတယ်၊ ဒါက အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူက ကြိုးတွေကို တိပေးနိုင်ပါမယ်။ ပြီးတော့၊ ၎င်းတို့ဟာ အချိန်ကြာလာတာနဲ့အမျှ ပျော့ပျောင်းလာပါတယ် [1]။
References
- [1] Faculty of Sexual & Reproductive Healthcare. (Amended 2019).
Faculty of Sexual & Reproductive Healthcare Clinical Guidance:
Intrauterine Contraception Clinical Effectiveness Unit. RCOG. Retrieved
from https://www.fsrh.org/standards-and-guidance/documents/ceuguidanceintrauterinecontraception/