IUD ရှိပါက ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး များကိုသုံးနိုင်သလား။

သင် IUD ကြိုးကိုမဆွဲမိရန်သတိထားနေသမျှ အဆင်ပြေနေနိုင်သည်။ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး၏ကြိုးသည် သင်၏လိင်အင်္ဂါအပြင်ဘက်တွင်ရှိပြီး IUD ၏ကြိုးများသည် သင့်ရဲ့သားအိမ်ခေါင်းအနီးယောနိအတွင်းပိုင်း၌ရှိ၍ သင့်အတွက်အလွန်စိုးရိမ်စရာမလိုပါ။ ။ (သင်၏ IUD ကြိုးများသည် ရာသီသွေးစုပ်သောတန်ပွန်တောင့်လေး၏ကြိုးများအနီးတွင်ရှိသည်ကို တွေ့ရှိပါက IUD ထွက်လာခြင်းဖြစ်နိုင်သောကြောင့် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို သင်တွေ့သင့်သည်။ )