ပျိုဖော်ဝင်မှုဆိုတာဘာလဲ။

ကလေးတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်စဉ်စတင်ပြီး လိင်ပိုင်းဆိုင်ရာအရ ရင့်ကျက်လာကာ မျိုးဆက်ပြန့်ပွားနိုင်သည့် အချိန်ကို ပျိုဖော်ဝင်မှုဟုခေါ်သည်။ ပုံမှန်အားဖြင့် အမျိုးသားများသည် အိမ်မက်အစိုများဟု သိကြသော ညဘက်အိမ်မက်အတွင်း သုက်လွှတ်ခြင်းမှတဆင့် သုက်ပိုးကို စတင်ဖန်တီးသည်။
အမျိုးသမီးများတွင် သားဥထွက်မှု (မမျိုးဥ ထုတ်လုပ်မှု) နှင့် ရာသီလာခြင်း စတင်သည်။ ဒုတိယအဆင့် အပြောင်းအလဲများ ဥပမာအားဖြင့် ဝှေးစေ့များနှင့် ရင်သားများ ကြီးထွားလာပြီး ဆီးခုံနေရာတွင် အမွေးအမှင် ပေါက်လာသည်။