ရာသီမလာမီ ကြုံတွေ့ရသည့် လက္ခဏာစုဆိုတာဘာလဲ။ ဘယ်လို ကုသနိုင်မလဲ။

ရာသီမလာမီ ကြုံတွေ့ရသည့် လက္ခဏာစု (PMS) ဆိုသည်မှာ သင်ရာသီမလာမီ ရက်များအတွင်း ဖြစ်ပွားသည့်အရာဖြစ်သည်။ စိတ်မူအပြောင်းအလဲများ၊ ရင်သားများ တို့ထိမခံနိုင်အောင် နာကျင်လွန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်နိုင်ဖြစ်ခြင်းနှင့် စိတ်ကသိကအောက်ဖြစ်ခြင်းစသည်တို့အားလုံးသည် PMS ၏ အဖြစ်များသော လက္ခဏာများဖြစ်ပါသည်။ PMS အား ဖြစ်ပွားစေသည့်အကြောင်းကို မသိရှိရသေး‌သော်လည်း ၎င်းသည် လူတိုင်းကို တစ်ဦးနှင့်တစ်ဦး ကွဲပြားစွာ ထိခိုက်စေသည်။ လူအချို့သည် PMS ၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို ကြုံတွေ့ရနိုင်ပြီး အချို့မှာမူ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများကို ကြုံတွေ့ရနိုင်သည်။ တခါတရံတွင် ဤလက္ခဏာများကို အစားအစာဆိုင်ရာ ကန့်သတ်ချက်များ သို့မဟုတ် ပြုပြင်ဖန်တီးပေးမှုများနှင့် ကာယလေ့ကျင့်ခန်းတို့ဖြင့် ထိန်းချုပ်နိုင်သော်လည်း တခါတရံတွင် ဆေးဘက်ဆိုင်ရာကုသမှုနှင့် ကုသဆေးဝါးများကို လိုအပ်ပါသည်။