ပျိုဖော်ဝင်ချိန်အတွင်း အမျိုးသမီးများတွင် သားဥထွက်ခြင်း တနည်းအားဖြင့် မမျိုးဥဆဲလ်(သားဥ)ကို သားအိမ်မှ ထုတ်ပေးသည့်ဖြစ်စဉ် စတင်သည်။ ကိုယ်ဝန်တည်နိုင်ရန်အတွက် မမျိုးဥသည် သုက်ပိုးနှင့် ထိတွေ့မိရန် လိုအပ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ရာသီသွေးစက်ဝန်းအပေါ်မူတည်ပြီး မမျိုးဥများကို အချိန်အပိုင်းအခြား အမျိုးမျိုးတွင် ထုတ်ပေးသည်။ ထိုအချိန်အတွင် အီစထရိုဂျင်၊ ပရိုဂရပ်စထရွန်း၊ လျူတင်နိုက်ဇင်း ဟော်မုန်း (LH) နှင့် မွေးညှင်းပေါက်အား လှုံ့ဆော်သည့်ဟော်မုန်းသည် အတက်အကျရှိသည်။ သားဥထွက်ခြင်းသည် FSH နှင့် LH မြင့်တက်လာသည့်အခါ ဖြစ်ပွားသည်။
ယေဘုယျအားဖြင့် စက်ဝန်းတစ်ခုလုံး ပြည့်စုံရန် ၂၈ ရက်ကြာမြင့်သော်လည်း ၎င်းသည် လူအချို့အတွက် ခြားနားမှုရှိနိုင်ကာ ၂၁ ရက်နှင့် ၃၅ ရက်အထိရှိနိုင်သည်။ သားဥထွက်စဉ်အတွင်း မမျိုးဥသည် သားအိမ်ပြွန်တလျောက် အောက်ဘက်သို့ ကိုယ်တိုင်ရွေ့ဆင်းသွားပြီး သားအိမ်အတွင်းသို့ ရောက်ရှိသည်။ ကိုယ်ဝန်ဆောင်ရန်အတွက် အသင့်ရှိစေရန် အီစထရိုဂျင်နှင့် ပရိုဂရပ်စထရွန်း ဟော်မုန်းတို့က သားအိမ်နံရံအတွင်းသားကို ထူထဲစေသည်။ ကိုယ်ဝန်ဆောင်ခြင်းမဖြစ်ပွားပါက အဆိုပါ ဟော်မုန်းများ၏ အဆင့်မှာ ကျဆင်းသွားပြီး သားအိမ်ရှိ ထူထဲနေသည့်နံရံအတွင်းသား (သွေး၊ သားအိမ်နံရံ စသည်တို့) ကို ယိုစီးသွားစေပြီး တစ်ရှူးကို ဖယ်ရှားပစ်သည်။ ဤတစ်ရှူးယိုစီးခြင်းကို ရာသီလာခြင်း သို့မဟုတ် ရာသီလာချိန်ဟု ခေါ်သည်။
ရာသီလာြခင်းဆိုသည်မှာ အဘယ်နည်း။
အဖြေမတွေ့ခဲ့ဘူးလား?
ကျွန်ုပ်တို့ရဲ့ chatbot Myka ကိုမေးလိုက်ပါ။