အပြစ်ကင်းသော ကိုယ်ခန္ဓာဆိုတာ ဘယ်လိုပုံစံရှိသလဲ။ ကိုယ်ခန္ဓာအပေါ် အပြုသဘောဆောင်မှုဆိုတာဘာလဲ။

အပြစ်ကင်းသော ကိုယ်ခန္ဓာဆိုသည်မှာ မရှိပါ။ အခြားခန္ဓာကိုယ်တစ်ခုခုထက် သာလွန်သည့် အသားအရေ၊ ခန္ဓာကိုယ်ပုံစံ သို့မဟုတ် အချိုးအစားဟူသည်မရှိပေ။ အရွယ်အစားနှင့် ကိုယ်အလေးချိန်က ကျန်းမာရေးကောင်းမွန်မှုကို အတိအကျ ထင်ဟပ်ဖော်ပြနိုင်ခြင်းမရှိပါ။ ခန္ဓာကိုယ်အတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို အခြေခံ၍ ကျန်းမာရေးနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို သင့်ခန္ဓာကိုယ်အား စစ်ဆေးအကဲဖြတ်မည့် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။
ကိုယ်ခန္ဓာအပေါ် အပြုသဘောဆောင်မှုဆိုသည်မှာ သင့်ခန္ဓာကိုယ်၏ ပုံစံနှင့် အရွယ်အစားနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိကာ ကောင်းမွန်သည့် ကျန်းမာရေးနှင့် ပျော်ရွှင်မှုအပေါ် အာရုံစိုက်ခြင်းဖြစ်သည်။