Find My Method ဆိုတာဘာလဲ။

Find My Method သည် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးများကို မီးမောင်းထိုးပြသည့် လူမှုရေး အဖွဲ့အစည်းဖြစ်ပြီး သားဆက်ခြားနည်းလမ်းများနှင့် ပတ်သက်၍ မှန်ကန်သည့်အချက်အလက်များကို ကမ္ဘာနဲ့အဝှမ်း မျှဝေပေးရန် ရည်ရွယ်ထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။
သင့်ကိုယ်ပိုင်ဘဝနေထိုင်မှုပုံစံနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများအပေါ် မူတည်ပြီး သင့်အတွက် အကောင်းဆုံးသားဆက်ခြားနည်းလမ်းကို ရွေးချယ်ရာတွင် လိုအပ်နိုင်သည့် ကိရိယာများနှင့် အထောက်အကူပြုပစ္စည်းများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းအနေဖြင့် ကျွန်ုပ်တို့ ပံ့ပိုးပေးပါသည်။
ကျွန်ုပ်တို့အွန်လိုင်းလူမှုအသိုက်အဝန်းသည် လူတစ်ဦးချင်း၏ ဒေသနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်အခြေအနေအရ လိင်မှုရေးရာ၊ မျိုးဆက်ပြန့်ပွားခြင်းနှင့် ပတ်သက်၍ ချိတ်ဆက်ကာ စကားစမြည်ပြောဆိုနိုင်ရန် လုံခြုံစိတ်ချရသည့်နေရာကို ပေးကမ်းပါသည်။