အမျိုးသားသုံးကွန်ဒုံးက သက်တမ်းကုန်နေရင် ဘာလုပ်ရမလဲ။

ကွန်ဒုံးမသုံးခင် သက်တမ်းကုန်ဆုံးမည့်ရက်ကို အမြဲစစ်ဆေးပြီး အထုပ်ကိုလဲ သေချာစစ်ပါ။
ကွန်ဒုံးကောင်းတာသေချာအောင် အထုပ်ကိုလက်နဲ့ဖိကြည့်ပါ။ လေနဲနဲရှိတာ ခံစားသိနိုင်ပါတယ်။ လေရဲ့ကူရှင်ရှိတာ ခံစားရရင် အထုပ်မပေါက်သေး (သို့) မပျက်စီးတဲ့သဘောပါ။
အထုပ်ကိုလက်နဲ့ဖိကြည့်ရင်း ချောဆီကြောင့် လျှောထွက်တဲ့ အသိကိုပါ ခံစားနိုင်ပါတယ်။ (ချောဆီမပါတဲ့ ကွန်ဒုံးများအတွက်တော့ ဒီလိုမနေပါ။) ကွန်ဒုံးတွေကိုအပူထဲထားရင် ဒါမှမဟုတ် ပေါက်နေရင် ချောဆီခန်းပြီး ကွန်ဒုံးခြောက်သွေ့အားပျော့ကာ သုံးတဲ့အခါပေါက်ပြဲလွယ်သွားပါတော့တယ်။
ကွန်ဒုံးများကိုအေးပြီး ခြောက်သွေ့တဲ့နေရာမှာသိမ်းထားပါ။
အခြားနည်းလမ်းသုံးမယ်- implant, IUD, ဆေးလုံး, အဝိုင်းကွင်း ထိုးဆေး.