ငါမကြာခင်ကိုယ်ဝန်ရချင်တယ်ဆိုရင် ဘာလုပ်ရမလဲ?
ထိုးဆေးကိုသင်မပြောင်းလဲနိုင်ပါ၊ ထို့ကြောင့် ဆေးထိုးပြီးသားဖြစ်ပါက (ထိုးဆေးအမျိုးအစားပေါ် မူတည်၍) ၁လ၊ ၂ လ သို့မဟုတ် ၃ လ စောင့်ဆိုင်းရပါလိမ့်မည်။ စိတ်ရှည်ပါ – မျိုးပွားမှုလုံးဝပြန်ရရန်နောက်ဆုံးဆေးထိုးအပြီး တစ်ခါတစ်ရံ ၁၀ လအထိကြာနိုင်သည်။
အလုပ်မဖြစ်သေးဘူးလား။ သိပ်မကြာခင် ကိုယ်ဝန်ရချင်ပါက လစဉ်ထိုးဆေး၊ NET-EN (၂ လထိုးဆေး) သို့မဟုတ် အခြားဟော်မုန်းနည်းလမ်းများအသုံးပြုရန်စဉ်းစားပါ။
ဆေးလုံး၊ ကပ်ခွာပြား၊ အဝိုင်းကွင်း သို့မဟုတ် IUD အားလုံးသည် ထိုးဆေးထက် မျိုးပွားမှုမြန်မြန်ပြန်ပြန်ရနိုင်သည်။ အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး ကဲ့သို့ ဟော်မုန်းမပါသောနည်းလမ်းကိုလည်း သင်စဉ်းစားနိုင်သည်။
အခြားနည်းလမ်းသုံးမယ်-အမျိုးသားသုံးကွန်ဒုံး၊ IUD၊ ကပ်ခွာပြား၊ ဆေးလုံး၊ အဝိုင်းကွင်း
ကိုးကားချက်များ:
- FSRH Faculty of Sexual and Reproductive Healthcare. (Amended 2019). Progestogen-only Injectable Contraception. RCOG. မှရယူရန် https://www.fsrh.org/standards-and-guidance/documents/cec-ceu-guidance-injectables-dec-2014/